ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာမည့် ကမ်မလာဟားရစ်သည် နန်စီပလိုစီထံမှ ထောက်ခံမှုများ ရရှိ

 982

ALynn (NP News) - ဇူလိုင် ၂၃

၂၀၂၄ သမ္မတပြိုင်ပွဲမှ ဂျိုးဘိုင်ဒန် ထွက်ခွာပြီးနောက် အမေရိကန်ဒုတိယသမ္မတ ကမ်မလာ ဟားရစ်သည် ၎င်း၏ နေရာကို အစားထိုးဝင်ရောက်လာခဲ့ကာ တနင်္လာနေ့ (ဇူလိုင်လ ၂၂ ရက်) တွင် ဒီမိုကရက်တစ်နိုင်ငံရေးသမားကြီး နန်စီပလိုစီ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ထောက်ခံမှုများ တိုးလာသည်နှင့်အမျှ အသက် ၅၉ နှစ်အရွယ် ဟားရစ်ကို အိမ်ဖြူတော်၌ ဘိုင်ဒန်၏ ကြေညာချက် အခမ်းအနားတစ်ခုတွင် ပထမဆုံး လူသိရှင်ကြားထုတ်ဖော်ပြသခဲ့ပြီး သူမက သမ္မတ၏ အောင်မြင်မှုများကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့သည်။

ဟားရစ်သည် ယခုအခါ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ပလိုစီ၏ ထောက်ခံမှုကို ရရှိပြီးနောက် ပြိုင်ဘက်ထရမ့်ကို ယှဉ်ပြိုင်နိုင်ရန် လက်တစ်ကမ်းအလိုတွင်ရှိနေသည်ဟု ခံစားမိမည်ဖြစ်သည်။ "ကျွန်ုပ်တို့နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသောဂုဏ်ယူမှုနှင့် အကန့်အသတ်မရှိသော အောင်မြင်မှုများအတွက် အမေရိကန် သမ္မတအဖြစ် ဒုတိယသမ္မတ ကမ်မလာဟားရစ်ကို ထောက်ခံပါကြောင်း၊ နိုဝင်ဘာလတွင် အောင်ပွဲခံနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း" ပလိုစီက X ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

ဘိုင်ဒန်သည် ဆိုးရွားသော စကားစစ်ထိုးပွဲအပြီး တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၁ ရက်) က ပြိုင်ပွဲမှ နှုတ်ထွက်ပြီးနောက် အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်းအမျိုးသမီး ဒုတိယသမ္မတဖြစ်သည့် ဟားရစ်ကို ၎င်း၏ နေရာအတွက် ထောက်ခံပေးခဲ့သည်။

ဟားရစ်သည် တနင်္လာနေ့နှောင်းပိုင်းတွင် ဒဲလာဝဲပြည်နယ်၊ Wilmington ရှိ မဲဆွယ်ဌာနချုပ်သို့ ပထမဆုံး သွားရောက်ခဲ့သည်။ ဟားရစ်၏ မဲဆွယ်စည်းရုံးမှုသည် တနင်္ဂနွေနေ့ကတည်းက အခြေခံလူတန်းစားများအတွက် လှူဒါန်းမှုတွင် ဒေါ်လာ ၄၉ ဒသမ ၆ သန်း ရရှိခဲ့သည်ဟု ဆိုသည်။ အခြားသော ထိပ်တန်း ဒီမိုကရက်တစ် များကလည်း ဟာရစ်အား ထောက်ခံမှုများ မြင့်မားလျက်ရှိနေသည်။ ဘိုင်ဒန်၏နှုတ်ထွက်မှုသည် ၂၀၂၄ လူကြိုက် မများသော သက်ကြီးရွယ်အိုနှစ်ဦးကြား သမ္မတပြိုင်ပွဲကို လုံးဝ အဆုံးသတ်သွားခဲ့ပြီး ဟားရစ်ပါဝင်လာခြင်းကြောင့် ခေတ်သစ်အမေရိကန်သမ္မတသမိုင်းတွင် ဆွဲဆောင်မှုအရှိဆုံးပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

Zawgyi Version;
ဒီမိုကရက္တစ္သမၼတေလာင္းျဖစ္လာမည့္ ကမ္မလာဟားရစ္သည္ နန္စီပလိုစီထံမွ ေထာက္ခံမႈမ်ား ရရွိ
ALynn (NP News) - ဇူလိုင္ ၂၃

၂၀၂၄ သမၼတၿပိဳင္ပြဲမွ ဂ်ိဳးဘိုင္ဒန္ ထြက္ခြာၿပီးေနာက္ အေမရိကန္ဒုတိယသမၼတ ကမ္မလာ ဟားရစ္သည္ ၎၏ ေနရာကို အစားထိုးဝင္ေရာက္လာခဲ့ကာ တနလၤာေန႔ (ဇူလိုင္လ ၂၂ ရက္) တြင္ ဒီမိုကရက္တစ္ႏိုင္ငံေရးသမားႀကီး နန္စီပလိုစီ၏ ေထာက္ခံမႈကို ရရွိခဲ့သည္။ ေထာက္ခံမႈမ်ား တိုးလာသည္ႏွင့္အမွ် အသက္ ၅၉ ႏွစ္အ႐ြယ္ ဟားရစ္ကို အိမ္ျဖဴေတာ္၌ ဘိုင္ဒန္၏ ေၾကညာခ်က္ အခမ္းအနားတစ္ခုတြင္ ပထမဆုံး လူသိရွင္ၾကားထုတ္ေဖာ္ျပသခဲ့ၿပီး သူမက သမၼတ၏ ေအာင္ျမင္မႈမ်ားကို လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးခဲ့သည္။

ဟားရစ္သည္ ယခုအခါ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ေဟာင္း ပလိုစီ၏ ေထာက္ခံမႈကို ရရွိၿပီးေနာက္ ၿပိဳင္ဘက္ထရမ့္ကို ယွဥ္ၿပိဳင္ႏိုင္ရန္ လက္တစ္ကမ္းအလိုတြင္ရွိေနသည္ဟု ခံစားမိမည္ျဖစ္သည္။ "ကြၽႏ္ုပ္တို႔ႏိုင္ငံ၏ အနာဂတ္အတြက္ ႀကီးမားေသာဂုဏ္ယူမႈႏွင့္ အကန႔္အသတ္မရွိေသာ ေအာင္ျမင္မႈမ်ားအတြက္ အေမရိကန္ သမၼတအျဖစ္ ဒုတိယသမၼတ ကမ္မလာဟားရစ္ကို ေထာက္ခံပါေၾကာင္း၊ ႏိုဝင္ဘာလတြင္ ေအာင္ပြဲခံႏိုင္မည္ဟု အျပည့္အဝ ယုံၾကည္ပါေၾကာင္း" ပလိုစီက X ဆိုရွယ္မီဒီယာတြင္ ေရးသားခဲ့သည္။

ဘိုင္ဒန္သည္ ဆိုး႐ြားေသာ စကားစစ္ထိုးပြဲအၿပီး တနဂၤေႏြေန႔ (ဇူလိုင္လ ၂၁ ရက္) က ၿပိဳင္ပြဲမွ ႏႈတ္ထြက္ၿပီးေနာက္ အေမရိကန္သမိုင္းမွာ ပထမဆုံး လူမည္းအမ်ိဳးသမီး ဒုတိယသမၼတျဖစ္သည့္ ဟားရစ္ကို ၎၏ ေနရာအတြက္ ေထာက္ခံေပးခဲ့သည္။

ဟားရစ္သည္ တနလၤာေန႔ေႏွာင္းပိုင္းတြင္ ဒဲလာဝဲျပည္နယ္၊ Wilmington ရွိ မဲဆြယ္ဌာနခ်ဳပ္သို႔ ပထမဆုံး သြားေရာက္ခဲ့သည္။ ဟားရစ္၏ မဲဆြယ္စည္း႐ုံးမႈသည္ တနဂၤေႏြေန႔ကတည္းက အေျခခံလူတန္းစားမ်ားအတြက္ လႉဒါန္းမႈတြင္ ေဒၚလာ ၄၉ ဒသမ ၆ သန္း ရရွိခဲ့သည္ဟု ဆိုသည္။ အျခားေသာ ထိပ္တန္း ဒီမိုကရက္တစ္ မ်ားကလည္း ဟာရစ္အား ေထာက္ခံမႈမ်ား ျမင့္မားလ်က္ရွိေနသည္။ ဘိုင္ဒန္၏ႏႈတ္ထြက္မႈသည္ ၂၀၂၄ လူႀကိဳက္ မမ်ားေသာ သက္ႀကီး႐ြယ္အိုႏွစ္ဦးၾကား သမၼတၿပိဳင္ပြဲကို လုံးဝ အဆုံးသတ္သြားခဲ့ၿပီး ဟားရစ္ပါဝင္လာျခင္းေၾကာင့္ ေခတ္သစ္အေမရိကန္သမၼတသမိုင္းတြင္ ဆြဲေဆာင္မႈအရွိဆုံးၿပိဳင္ပြဲအျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။

Related news

© 2021. All rights reserved.