ယာယီသမ္မတ တာဝန်လွှဲအပ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်

 2547

သုတကျော် (NP News) - ဇူလိုင် ၂၃

ယာယီသမ္မတ တာဝန်လွှဲအပ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ (ဇူလိုင်လ ၂၃ ရက်) တွင် ပြောကြားသည်။

“ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ(၁၈)ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ ယာယီသမ္မတဦးမြင့်ဆွေကို အထူး ဆေးကုသမှုအဖွဲ့နဲ့ ဂရုတစိုက်ကုသပေးလျက်ရှိသော်လည်း ယာယီသမ္မတတာဝန်များကို ပြန်လည်ထမ်းဆောင် နိုင်ရန် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှုမရှိသေးသည့်အတွက် တာဝန်လွှဲအပ်ခြင်းကို ဇူလိုင်လ ၂၂ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာ အသိပေးပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၄၁၇)အရ အရေးပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ (၄၁၂)အရ အရေးပေါ်အခြေအနေကြေညာမှုနဲ့ ဒီနှစ်ခုကိုဆက်စပ်ပြီး ပေါင်းစပ်ကြည့်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ကာလအတွင်းမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပုဒ်မ(၄၁၂)(ခ)မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့နဲ့ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာနိုင်သည်လို့ ပြဌာန်းထား တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတလစ်လပ်သွားပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၁၂)(ခ) တွင် ပါသော အခြေခံဥပဒေ၏ သဘောတရားများအရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရ သည့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၄၁၉)အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် သမ္မတကိုယ်စားကျင့်သုံးဆောင်ရွက်လျက် ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒါကြောင့်မို့ လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၉)အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်ရှိကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုပဲ လွှဲပြောင်းဆောင်ရွက်ရမှာဖြစ်ပါ တယ်။ အဲဒီမှာတစ်ခုရှိတာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဘာကြောင့်ဦးဆောင်မှုမပြုတာလဲဆိုတာနဲ့ပတ်သက်ပြီး ပုဒ်မ(၄၁၈)မှာတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်တွေမရှိတော့ဘူး။ လွှတ်တော် ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာကလည်း ပုဒ်မ(၄၂၄)အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက် ပြီးပါက တာဝန်လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်းဖြစ်လို့ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

Zawgyi Version;
ယာယီသမၼတ တာဝန္လႊဲအပ္ျခင္းကို ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာျပဌာန္းခ်က္မ်ားနဲ႔အညီ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၃

ယာယီသမၼတ တာဝန္လႊဲအပ္ျခင္းကို ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာျပဌာန္းခ်က္မ်ားနဲ႔အညီ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ယေန႔ (ဇူလိုင္လ ၂၃ ရက္) တြင္ ေျပာၾကားသည္။

“ယာယီသမၼတဦးျမင့္ေဆြ၏ က်န္းမာေရးအေျခအေနနဲ႔ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ဇူလိုင္လ(၁၈)ရက္က ထုတ္ျပန္ခဲ့ၿပီးျဖစ္ကာ ယာယီသမၼတဦးျမင့္ေဆြကို အထူး ေဆးကုသမႈအဖြဲ႕နဲ႔ ဂ႐ုတစိုက္ကုသေပးလ်က္ရွိေသာ္လည္း ယာယီသမၼတတာဝန္မ်ားကို ျပန္လည္ထမ္းေဆာင္ ႏိုင္ရန္ က်န္းမာေရးအေျခအေန တိုးတက္ေကာင္းမြန္မႈမရွိေသးသည့္အတြက္ တာဝန္လႊဲအပ္ျခင္းကို ဇူလိုင္လ ၂၂ ရက္က ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာျပဌာန္းခ်က္မ်ားနဲ႔အညီ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဦးစြာ အသိေပးေျပာၾကားလိုပါတယ္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ(၄၁၇)အရ အေရးေပၚအေျခအေနေၾကညာမႈ၊ ပုဒ္မ (၄၁၂)အရ အေရးေပၚအေျခအေနေၾကညာမႈနဲ႔ ဒီႏွစ္ခုကိုဆက္စပ္ၿပီး ေပါင္းစပ္ၾကည့္မယ္ဆိုရင္ အေရးေပၚကာလ မၿပီးေျမာက္ေသးတဲ့ကာလအတြင္းမွာ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီမွာ ပါဝင္တဲ့ပုဂၢိဳလ္အခ်ိဳ႕ လစ္လပ္သြားေစကာမူ က်န္ရွိတဲ့ပုဂၢိဳလ္ေတြနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒကေပးတဲ့တာဝန္ေတြကို မလြဲမေသြ ဆက္လက္ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ပုဒ္မ(၄၁၂)(ခ)မွာဆိုရင္ ႏိုင္ငံေတာ္သမၼတသည္ အမ်ိဳးသား ကာကြယ္ေရး နဲ႔လုံၿခဳံေရးေကာင္စီနဲ႔ ညႇိႏႈိင္းရာတြင္ အဖြဲ႕ဝင္မ်ားစုံညီစြာတက္ေရာက္ႏိုင္ျခင္းမရွိပါက အဖြဲ႕ဝင္မ်ားျဖစ္တဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီးဌာနဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီးဌာနဝန္ႀကီးတို႔နဲ႔ညႇိႏႈိင္းၿပီး အေရးေပၚအေျခအေနကို ထုတ္ျပန္ေၾကညာႏိုင္သည္လို႔ ျပဌာန္းထား တာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယာယီသမၼတလစ္လပ္သြားပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ(၄၁၂)(ခ) တြင္ ပါေသာ အေျခခံဥပေဒ၏ သေဘာတရားမ်ားအရ ႏိုင္ငံေတာ္ရဲ႕အုပ္ခ်ဳပ္ေရးဆိုင္ရာကိစၥရပ္မ်ားကို အဓိကဆုံးျဖတ္ေပးရ သည့္ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအစည္းအေဝးကို ဦးေဆာင္ရန္အတြက္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ(၄၁၉)အရ ႏိုင္ငံေတာ္ရဲ႕အုပ္ခ်ဳပ္ေရးအာဏာကို ႏိုင္ငံေတာ္ သမၼတကိုယ္စားက်င့္သုံးေဆာင္႐ြက္လ်က္ ရွိေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သာျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ဒါေၾကာင့္မို႔ လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ(၄၁၉)အရ ႏိုင္ငံေတာ္ရဲ႕အုပ္ခ်ဳပ္ေရးအာဏာကို သမၼတကိုယ္စား လက္ရွိက်င့္သုံးေဆာင္႐ြက္ေနတဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ကိုပဲ လႊဲေျပာင္းေဆာင္႐ြက္ရမွာျဖစ္ပါ တယ္။ အဲဒီမွာတစ္ခုရွိတာေတာ့ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဘာေၾကာင့္ဦးေဆာင္မႈမျပဳတာလဲဆိုတာနဲ႔ပတ္သက္ၿပီး ပုဒ္မ(၄၁၈)မွာေတာ့ ဒီလိုအေျခအေနမ်ိဳးမွာ လႊတ္ေတာ္ဥကၠ႒ပဲရွိၿပီး လႊတ္ေတာ္ေတြမရွိေတာ့ဘူး။ လႊတ္ေတာ္ ဥကၠ႒ ဆက္လက္တည္ရွိေနတာကလည္း ပုဒ္မ(၄၂၄)အရ လႊတ္ေတာ္ဥကၠ႒အသစ္မ်ား ေ႐ြးေကာက္တင္ေျမႇာက္ ၿပီးပါက တာဝန္လႊဲေျပာင္းေရးအတြက္သာ က်န္ရွိေနျခင္းျဖစ္လို႔ ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ၏ အႏၲိမရည္မွန္းခ်က္ျဖစ္သည့္ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို မလြဲမေသြက်င္းပသြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.