အမေရိကန်ဒုသမ္မတကာမာလာဟားရစ်ရဲ့ကမ်းပိန်းက (၂၄)နာရီအတွင်း စံချိန်တင်ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၈၁)သန်းကျော်ထိ ရရှိ

 2978

Pika (NP News) - ဇူလိုင် ၂၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာခဲ့တဲ့ ဒုသမ္မတ ကာမာလာဟားရစ်ရဲ့ကမ်းပိန်းကို ဒီမိုကရက်တစ်အလှူရှင်တွေက လှူဒါန်းမှုတွေများစွာလုပ်ဆောင်ခဲ့ပြီး စံချိန်တင်ရန်ပုံငွေတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကာမာလာဟားရစ်ရဲ့ကမ်းပိန်းဟာ အချိန်(၂၄)နာရီအတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၈၁)သန်းကျော်ထိ ရရှိခဲ့တယ်လို့ ကမ်းပိန်းပြောရေးဆိုခွင့်ရှိသူ ကီဗင်မူနို့ဇ်က ဇူလိုင်လ(၂၂)ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ်အမျိုးသားကော်မတီနဲ့ ပူးပေါင်းရန်ပုံငွေရှာဖွေရေး ကော်မတီတွေ အပါအဝင် ကမ်းပိန်းတစ်လျှောက် ကောက်ခံရရှိတဲ့ငွေပမဏဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲရဲ့ကမ်းပိန်းတွေအတွင်း ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် နှစ်ပါတီစလုံးက အစီရင်ခံထားတဲ့ (၂၄)နာရီအတွင်း ရရှိတဲ့ ရန်ပုံငွေထဲမှာ အကြီးဆုံးပမာဏဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ကာမာလာဟားရစ်ရဲ့ကမ်းပိန်း တစ်ရက်အတွင်း ရရှိခဲ့တဲ့ ရန်ပုံငွေဟာ အမေရိကန်သမိုင်းတစ်လျှောက် အကြီးမားဆုံးရန်ပုံငွေ ရရှိမှုဖြစ်တယ်လို့လည်း သိရပါတယ်။
ကီဗင်မူနို့ဇ်က "ဒုသမ္မတကာမာလာဟားရစ်အတွက် သမိုင်းဝင်ထောက်ခံမှုအပြည့်အဝပေးတာဟာ အခြေခံလူတန်းစားတွေရဲ့စွမ်းအင်နဲ့ စိတ်အားထက်သန်မှုတွေကို ကိုယ်စားပြုပါတယ်” လို့ ပြောခဲ့ပါတယ်။

ကာမာလာဟားရစ်ရဲ့ကမ်းပိန်း (၂၄)နာရီအတွင်းရရှိခဲ့တဲ့ ရန်ပုံငွေတွေဟာ ပြစ်မှုထင်ရှားကြောင်းစီရင်ချက်ချခံရပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ကမ်းပိန်းရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာသန်း(၅၀)နဲ့ စကားစစ်ထိုးပွဲအပြီး လေးရက်တာကာလအတွင်း သမ္မတဂျိုးဘိုင်ဒန်ရဲ့ကမ်းပိန်း ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ(၃၈)သန်းထက်ပိုများနေခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ကမ်းပိန်းက ပြီးခဲ့တဲ့သီတင်းပတ်ကဖြစ်ပွားခဲ့တဲ့လုပ်ကြံမှုအပြီး ရန်ပုံငွေဘယ်လောက်ထပ်ရရှိခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဇူလိုင်လ(၂၂)ရက်က တောင်းဆိုမှုတွေကို ဒေါ်နယ်ထရမ့်ကမ်းပိန်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ဒုသမၼတကာမာလာဟားရစ္ရဲ႕ကမ္းပိန္းက (၂၄)နာရီအတြင္း စံခ်ိန္တင္ရန္ပုံေငြ အေမရိကန္ေဒၚလာ(၈၁)သန္းေက်ာ္ထိ ရရွိ
Pika (NP News) - ဇူလိုင္ ၂၃

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ၂၀၂၄ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲကေန ႏႈတ္ထြက္ေၾကာင္း ေၾကညာၿပီးေနာက္ ဒီမိုကရက္တစ္သမၼတေလာင္းျဖစ္လာခဲ့တဲ့ ဒုသမၼတ ကာမာလာဟားရစ္ရဲ႕ကမ္းပိန္းကို ဒီမိုကရက္တစ္အလႉရွင္ေတြက လႉဒါန္းမႈေတြမ်ားစြာလုပ္ေဆာင္ခဲ့ၿပီး စံခ်ိန္တင္ရန္ပုံေငြေတြ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ကာမာလာဟားရစ္ရဲ႕ကမ္းပိန္းဟာ အခ်ိန္(၂၄)နာရီအတြင္း ရန္ပုံေငြ အေမရိကန္ေဒၚလာ(၈၁)သန္းေက်ာ္ထိ ရရွိခဲ့တယ္လို႔ ကမ္းပိန္းေျပာေရးဆိုခြင့္ရွိသူ ကီဗင္မူႏို႔ဇ္က ဇူလိုင္လ(၂၂)ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဒီမိုကရက္တစ္အမ်ိဳးသားေကာ္မတီနဲ႔ ပူးေပါင္းရန္ပုံေငြရွာေဖြေရး ေကာ္မတီေတြ အပါအဝင္ ကမ္းပိန္းတစ္ေလွ်ာက္ ေကာက္ခံရရွိတဲ့ေငြပမဏဟာ ၂၀၂၄ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲရဲ႕ကမ္းပိန္းေတြအတြင္း ဒီမိုကရက္တစ္နဲ႔ ရီပတ္ဘလစ္ကန္ ႏွစ္ပါတီစလုံးက အစီရင္ခံထားတဲ့ (၂၄)နာရီအတြင္း ရရွိတဲ့ ရန္ပုံေငြထဲမွာ အႀကီးဆုံးပမာဏျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ကာမာလာဟားရစ္ရဲ႕ကမ္းပိန္း တစ္ရက္အတြင္း ရရွိခဲ့တဲ့ ရန္ပုံေငြဟာ အေမရိကန္သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးရန္ပုံေငြ ရရွိမႈျဖစ္တယ္လို႔လည္း သိရပါတယ္။
ကီဗင္မူႏို႔ဇ္က "ဒုသမၼတကာမာလာဟားရစ္အတြက္ သမိုင္းဝင္ေထာက္ခံမႈအျပည့္အဝေပးတာဟာ အေျခခံလူတန္းစားေတြရဲ႕စြမ္းအင္နဲ႔ စိတ္အားထက္သန္မႈေတြကို ကိုယ္စားျပဳပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ကာမာလာဟားရစ္ရဲ႕ကမ္းပိန္း (၂၄)နာရီအတြင္းရရွိခဲ့တဲ့ ရန္ပုံေငြေတြဟာ ျပစ္မႈထင္ရွားေၾကာင္းစီရင္ခ်က္ခ်ခံရၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ကမ္းပိန္းရရွိခဲ့တဲ့ အေမရိကန္ေဒၚလာသန္း(၅၀)နဲ႔ စကားစစ္ထိုးပြဲအၿပီး ေလးရက္တာကာလအတြင္း သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ကမ္းပိန္း ရရွိခဲ့တဲ့ အေမရိကန္ေဒၚလာ(၃၈)သန္းထက္ပိုမ်ားေနခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕ကမ္းပိန္းက ၿပီးခဲ့တဲ့သီတင္းပတ္ကျဖစ္ပြားခဲ့တဲ့လုပ္ႀကံမႈအၿပီး ရန္ပုံေငြဘယ္ေလာက္ထပ္ရရွိခဲ့တယ္ဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။အဲဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ဇူလိုင္လ(၂၂)ရက္က ေတာင္းဆိုမႈေတြကို ေဒၚနယ္ထရမ့္ကမ္းပိန္း ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.