စင်ကာပူမှာ ၂ဝ၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၃ ဦးထိရှိ

 134

ရောင်နီ (NP News) - ဇူလိုင် ၂၅

စင်ကာပူမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာပဲ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၁၃ ဦးရှိပြီး ယခင်နှစ်ကထက် နှစ်ဆပိုများလာတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဇူလိုင်လ၊ ၂၄ ရက် ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၄ ရက်) က ထုတ်ပြန်တဲ့ သွေးလွန်တုပ်ကွေးရောဂါစောင့်ကြည့်ရေး အချက်အလက်တွေအရ ဧပြီလကနေ ဇွန်လအထိအတွင်းမှာ လူ ခြောက်ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ပတ်ဝန်းကျင်အေဂျင်စီ (NEA) က ဖော်ပြထားပါတယ်။ အဲဒီအရင် ၂၀၂၄ ခုနှစ် ပထမ ၃ လအတွင်းမှာတော့ သေဆုံးသူ ခုနှစ်ဦးထိ ရှိတယ်လို့ သိရပါတယ်။

ယခုနှစ်အတွင်း ရောဂါဖြစ်သွားသူအရေအတွက်ကတော့ ၁၀,၁၀၀ ကျော်ထိ ရှိပြီး ၂၀၂၃ ခုနှစ်ရဲ့တစ်နှစ်စာလုံး မှတ်တမ်းတင် စုစုပေါင်းအရေအတွက်ထက် ပိုများလာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မေလမှ အောက်တိုဘာလအထိဟာ ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့တာကြောင့် ဒီနှစ်အတွက် ကူးစက်မှုအရေအတွက်ကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ၂ဝ၂၄ ခုႏွစ္ ပထမႏွစ္ဝက္အတြင္း ကမာၻတစ္ဝန္း ေသြးလြန္တုပ္ေကြးေၾကာင့္ ေသဆုံးသူ ၁၃ ဦးထိရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၂၅

စင္ကာပူမွာ ၂၀၂၄ ခုႏွစ္ ပထမႏွစ္ဝက္မွာပဲ ေသြးလြန္တုပ္ေကြးေၾကာင့္ ေသဆုံးသူ ဦးေရ စုစုေပါင္း ၁၃ ဦးရွိၿပီး ယခင္ႏွစ္ကထက္ ႏွစ္ဆပိုမ်ားလာတယ္လို႔ အခ်က္အလက္ေတြအရ သိရပါတယ္။
ဇူလိုင္လ၊ ၂၄ ရက္ ဗုဒၶဟူးေန႔ (ဇူလိုင္လ ၂၄ ရက္) က ထုတ္ျပန္တဲ့ ေသြးလြန္တုပ္ေကြးေရာဂါေစာင့္ၾကည့္ေရး အခ်က္အလက္ေတြအရ ဧၿပီလကေန ဇြန္လအထိအတြင္းမွာ လူ ေျခာက္ဦး ေသဆုံးခဲ့တယ္လို႔ အမ်ိဳးသား ပတ္ဝန္းက်င္ေအဂ်င္စီ (NEA) က ေဖာ္ျပထားပါတယ္။ အဲဒီအရင္ ၂၀၂၄ ခုႏွစ္ ပထမ ၃ လအတြင္းမွာေတာ့ ေသဆုံးသူ ခုႏွစ္ဦးထိ ရွိတယ္လို႔ သိရပါတယ္။

ယခုႏွစ္အတြင္း ေရာဂါျဖစ္သြားသူအေရအတြက္ကေတာ့ ၁၀,၁၀၀ ေက်ာ္ထိ ရွိၿပီး ၂၀၂၃ ခုႏွစ္ရဲ႕တစ္ႏွစ္စာလုံး မွတ္တမ္းတင္ စုစုေပါင္းအေရအတြက္ထက္ ပိုမ်ားလာတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ေမလမွ ေအာက္တိုဘာလအထိဟာ ကူးစက္မႈ အျမင့္ဆုံးျဖစ္ခဲ့တာေၾကာင့္ ဒီႏွစ္အတြက္ ကူးစက္မႈအေရအတြက္ကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.