မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

 11077

ဂျန်ဇက် (NP News) - ဇူလိုင် ၂၅

ထိုင်းရဲတပ်ဖွဲ့သည် ဆာမတ်ပရာကန်ပြည်နယ် ဘန်ဖာလီအရပ်ဒေသရှိ အိမ်တစ်အိမ်တွင်တွေ့မြင်ခဲ့ရသော မြန်မာနိုင်ငံသားရုပ်အလောင်းနှင့်ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဇူလိုင် ၂၄ ရက် တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
အသက် ၄၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စားဖိုမှူးတစ်ဦးသည် ပြီးခဲ့သော ၂ ရက်ခန့်က ဘန်ဖာလီအရပ်ဒေသရှိ ငှားရမ်းနေထိုင်နေသည့်အိမ်တွင် အသတ်ခံရကာသေဆုံးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာဇူလိုင် ၂၃ရက်နေ့တွင် ဘန်ကောက်မြို ရာမအရပ်ဒေသရှိ ဈေးဝယ်စင်တာ အပြင်ဘက်တွင်လူသတ်မှုအတွက် သံသယရှိသူ ရဲလင်းလင်းဆိုသူကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲလင်းလင်းကို ဖမ်းဆီးချိန်အတွင်း ဘန်ဖာလီအရပ်ဒေသက အိမ်တွင် အသတ်ခံခဲ့ရသော မြန်မာနိုင်ငံသားပိုင် ဖုန်းများ နှင့် အေတီအမ်ကဒ်များကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ရဲလင်းလင်းသည် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် ဖုန်းကို ဈေးဝယ်စင်တာအနီးရောင်းချရန် ကြိုးပမ်းနေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရသည်။

ရဲလင်းလင်းက ၎င်းသည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသ မဲဆောက်မြိုမှတဆင့် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ကြောင်း၊ ချွန်ဘူရီပြည်နယ်တွင် အလုပ်လုပ်ရန် သွားရောက်ခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့သည့်အတွက် ဘန်ဖာလီ ဒေသသို့ ထပ်မံသွားရောက်ခဲ့ရာ မြန်မာနိုင်ငံသားစားဖိုမှူးနှင့်တွေ့ဆုံခဲ့ပြီး ၎င်းအိမ်တွင်နေထိုင်ပြီး အလုပ်ရှာရန် ကြိုးပမ်းခဲ့ကြောင်း ပြောသည်။

ထို့အပြင် ရဲလင်းလင်းက ၎င်းသည် မြန်မာနိုင်ငံသား စားဖိုမှူးအိမ်တွင် ၉ ရက်နေထိုင်ခဲ့ကြောင်း၊ ထိုသိုနေထိုင်ချိန် အတွင်း မြန်မာနိုင်ငံသားစားဖိုမှူးသည် ၎င်းနှင့် ချစ်ကြိုက်နေသည့် ထိုင်းလူငယ်တစ်ဦးကို အခန်းသို့ခေါ်ဆောင် လာမှုနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ကြောင်း ထပ်မံပြောဆိုထားသည်။ စကားများရန်ဖြစ်ချိန်အတွင်း မြန်မာနိုင်ငံသားစားဖိုမှူးက ၎င်းကို တွန်းထိုးရိုက်ပုတ်သည့်အပြင် အုတ်နံရံ နှင့် ခေါင်းကိုဆောင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ရန်ဖြစ်ပွားမှုအရှိန်မြင့်တက်လာနေချိန်အတွင်း ဓါးကိုယူကာ မြန်မာနိုင်ငံသား စာဖိုမှူး၏ ဝမ်းဗိုက်ကို ထိုးသတ်ကာ အိမ်မှထွက်လာခဲ့ကြောင်း ရဲလင်းလင်းက ဝန်ခံပြောဆိုထားသည်။

Zawgyi Version;
ျမန္မာႏိုင္ငံသားအခ်င္းခ်င္း လူသတ္မႈျဖစ္ပြားခဲ့ၿပီး က်ဴးလြန္သူျမန္မာႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးခဲ့ဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၅

ထိုင္းရဲတပ္ဖြဲ႕သည္ ဆာမတ္ပရာကန္ျပည္နယ္ ဘန္ဖာလီအရပ္ေဒသရွိ အိမ္တစ္အိမ္တြင္ေတြ႕ျမင္ခဲ့ရေသာ ျမန္မာႏိုင္ငံသား႐ုပ္အေလာင္းႏွင့္ပတ္သက္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားတစ္ဦးကို ဇူလိုင္ ၂၄ ရက္ တြင္ ဖမ္းဆီးလိုက္ေၾကာင္း ထိုင္းအေျခစိုက္သတင္းမ်ားတြင္ ေဖာ္ျပထားသည္။
အသက္ ၄၆ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသား စားဖိုမႉးတစ္ဦးသည္ ၿပီးခဲ့ေသာ ၂ ရက္ခန႔္က ဘန္ဖာလီအရပ္ေဒသရွိ ငွားရမ္းေနထိုင္ေနသည့္အိမ္တြင္ အသတ္ခံရကာေသဆုံးခဲ့ေၾကာင္း သိရသည္။ ထိုင္းရဲတပ္ဖြဲ႕သည္ အဆိုပါ လူသတ္မႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခဲ့ရာဇူလိုင္ ၂၃ရက္ေန႔တြင္ ဘန္ေကာက္ၿမိဳ ရာမအရပ္ေဒသရွိ ေဈးဝယ္စင္တာ အျပင္ဘက္တြင္လူသတ္မႈအတြက္ သံသယရွိသူ ရဲလင္းလင္းဆိုသူကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ရဲလင္းလင္းကို ဖမ္းဆီးခ်ိန္အတြင္း ဘန္ဖာလီအရပ္ေဒသက အိမ္တြင္ အသတ္ခံခဲ့ရေသာ ျမန္မာႏိုင္ငံသားပိုင္ ဖုန္းမ်ား ႏွင့္ ေအတီအမ္ကဒ္မ်ားကို ေတြ႕ရွိသိမ္းဆည္းႏိုင္ခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။ ရဲလင္းလင္းသည္ လူသတ္မႈက်ဴးလြန္ခဲ့ၿပီးေနာက္ ဖုန္းကို ေဈးဝယ္စင္တာအနီးေရာင္းခ်ရန္ ႀကိဳးပမ္းေနခ်ိန္တြင္ ဖမ္းဆီးခံရျခင္းျဖစ္ ေၾကာင္း သိရသည္။

ရဲလင္းလင္းက ၎သည္ ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသ မဲေဆာက္ၿမိဳမွတဆင့္ ထိုင္းႏိုင္ငံကို ေရာက္ရွိလာခဲ့ေၾကာင္း၊ ခြၽန္ဘူရီျပည္နယ္တြင္ အလုပ္လုပ္ရန္ သြားေရာက္ခဲ့ေသာ္လည္း အဆင္မေျပျဖစ္ခဲ့သည့္အတြက္ ဘန္ဖာလီ ေဒသသို႔ ထပ္မံသြားေရာက္ခဲ့ရာ ျမန္မာႏိုင္ငံသားစားဖိုမႉးႏွင့္ေတြ႕ဆုံခဲ့ၿပီး ၎အိမ္တြင္ေနထိုင္ၿပီး အလုပ္ရွာရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ေျပာသည္။

ထို႔အျပင္ ရဲလင္းလင္းက ၎သည္ ျမန္မာႏိုင္ငံသား စားဖိုမႉးအိမ္တြင္ ၉ ရက္ေနထိုင္ခဲ့ေၾကာင္း၊ ထိုသိုေနထိုင္ခ်ိန္ အတြင္း ျမန္မာႏိုင္ငံသားစားဖိုမႉးသည္ ၎ႏွင့္ ခ်စ္ႀကိဳက္ေနသည့္ ထိုင္းလူငယ္တစ္ဦးကို အခန္းသို႔ေခၚေဆာင္ လာမႈႏွင့္ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း ထပ္မံေျပာဆိုထားသည္။ စကားမ်ားရန္ျဖစ္ခ်ိန္အတြင္း ျမန္မာႏိုင္ငံသားစားဖိုမႉးက ၎ကို တြန္းထိုး႐ိုက္ပုတ္သည့္အျပင္ အုတ္နံရံ ႏွင့္ ေခါင္းကိုေဆာင့္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ရန္ျဖစ္ပြားမႈအရွိန္ျမင့္တက္လာေနခ်ိန္အတြင္း ဓါးကိုယူကာ ျမန္မာႏိုင္ငံသား စာဖိုမႉး၏ ဝမ္းဗိုက္ကို ထိုးသတ္ကာ အိမ္မွထြက္လာခဲ့ေၾကာင္း ရဲလင္းလင္းက ဝန္ခံေျပာဆိုထားသည္။

Related news

© 2021. All rights reserved.