ရုရှားနဲ့တရုတ်တို့ရဲ့လေယာဉ်တွေကို အမေရိကန်နဲ့ကနေဒါတို့ရဲ့တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားမှုတွေပြုလုပ်

 6559

Pika (NP News) - ဇူလိုင် ၂၅

ဇူလိုင်လ(၂၄)ရက်က အမေရိကန်နဲ့ကနေဒါတို့ရဲ့တိုက်လေယာဉ်တွေဟာ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အနီးမှာရှိတဲ့ နိုင်ငံတကာလေပိုင်နက်မှာ ရုရှားတိုက်လေယာဉ်နှစ်စင်းနဲ့ တရုတ်ဗုံးကြဲလေယာဉ်နှစ်စင်းတို့ကို ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်-ကနေဒါ မြောက်အမေရိက လေကြောင်း ကာကွယ်ရေးကွပ်ကဲမှုအဖွဲ့ (NORAD) က ပြောကြားခဲ့ပါတယ်။

NORAD က “ကျွန်တော်တို့အဖွဲ့ဟာ Alaska Air Defense Identification Zone ထဲမှာရှိနေတဲ့ ရုရှားရဲ့ TU-95 တိုက်လေယာဉ်နှစ်စီးနဲ့ တရုတ်ရဲ့ PRC H-6 ဗုံးကြဲလေယာဉ်နှစ်စီးတို့ကို ခြေရာခံတွေ့ရှိခဲ့ပြီး ကြားဖြတ်ဟန့်တားမှု တွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ထုတ်ပြန်ပြောထားပါတယ်။

အမေရိကန် ဒါမှမဟုတ် ကနေဒါတို့ရဲ့တိုက်လေယာဉ်တွေဟာ ရုရှားတိုက်လေယာဉ်တွေကို အဲဒီဒေသမှာ မကြာခဏကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ရုရှားနဲ့ တရုတ်တို့ရဲ့လေယာဉ်တွေဟာ နိုင်ငံတကာလေပိုင်နက်မှာ ဆက်လက်ရှိနေခဲ့ တယ်လို့ NORAD က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားနဲ့တရုတ်တို့ရဲ့လေယာဉ်တွေဟာ အမေရိကန် ဒါမှမဟုတ် ကနေဒါလေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာမျိုးမရှိခဲ့သလို ၎င်းတို့ရဲ့လုပ်ရပ်တွေဟာ ခြိမ်းခြောက် မှုတစ်ခုလိုလည်း မဖြစ်ခဲ့ဘူးလို့ NORAD က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ ေလယာဥ္ေတြကို အေမရိကန္နဲ႔ကေနဒါတို႔ရဲ႕တိုက္ေလယာဥ္ေတြက ၾကားျဖတ္ဟန႔္တားမႈေတြ ျပဳလုပ္
Pika (NP News) - ဇူလိုင္ ၂၅

ဇူလိုင္လ(၂၄)ရက္က အေမရိကန္နဲ႔ကေနဒါတို႔ရဲ႕တိုက္ေလယာဥ္ေတြဟာ အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္ အနီးမွာရွိတဲ့ ႏိုင္ငံတကာေလပိုင္နက္မွာ ႐ုရွားတိုက္ေလယာဥ္ႏွစ္စင္းနဲ႔ တ႐ုတ္ဗုံးႀကဲေလယာဥ္ႏွစ္စင္းတို႔ကို ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္-ကေနဒါ ေျမာက္အေမရိက ေလေၾကာင္း ကာကြယ္ေရးကြပ္ကဲမႈအဖြဲ႕ (NORAD) က ေျပာၾကားခဲ့ပါတယ္။

NORAD က “ကြၽန္ေတာ္တို႔အဖြဲ႕ဟာ Alaska Air Defense Identification Zone ထဲမွာရွိေနတဲ့ ႐ုရွားရဲ႕ TU-95 တိုက္ေလယာဥ္ႏွစ္စီးနဲ႔ တ႐ုတ္ရဲ႕ PRC H-6 ဗုံးႀကဲေလယာဥ္ႏွစ္စီးတို႔ကို ေျခရာခံေတြ႕ရွိခဲ့ၿပီး ၾကားျဖတ္ဟန႔္တားမႈ ေတြ လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ထုတ္ျပန္ေျပာထားပါတယ္။

အေမရိကန္ ဒါမွမဟုတ္ ကေနဒါတို႔ရဲ႕တိုက္ေလယာဥ္ေတြဟာ ႐ုရွားတိုက္ေလယာဥ္ေတြကို အဲဒီေဒသမွာ မၾကာခဏၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္လည္း ႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕ေလယာဥ္ေတြဟာ ႏိုင္ငံတကာေလပိုင္နက္မွာ ဆက္လက္ရွိေနခဲ့ တယ္လို႔ NORAD က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ေလယာဥ္ေတြဟာ အေမရိကန္ ဒါမွမဟုတ္ ကေနဒါေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တာမ်ိဳးမရွိခဲ့သလို ၎တို႔ရဲ႕လုပ္ရပ္ေတြဟာ ၿခိမ္းေျခာက္ မႈတစ္ခုလိုလည္း မျဖစ္ခဲ့ဘူးလို႔ NORAD က ေျပာၾကားခဲ့ပါတယ္။

Picture

09425296423

26/07/2024 01:45

ရုရှား TU-95 ဟာ တိုက်လေယာဥ် မဟုတ်ပါဘူး။ မဟာဗျူဟာမြောက် အသံထက်မြန် ဗုံးကြဲလေယာဥ်ကြီးတွေပါ။

Picture

09425296423

26/07/2024 01:57

သိသလောက်ကတော့ တရုတ် PRC-H 6 ကလည်း ဗုံးကြဲလေယာဥ်တွေပါပဲ။ရုရှားကို မှီငြမ်းပြီး တုပပြီးထုထ်ထားတာလို့ သိထားတာပါ။ မှားနေရင်လည်း ပြောပြပေးပါ တကယ်အမှန်ကိုသိချင်လို့ပါနော်

Related news

© 2021. All rights reserved.