အမေရိကန်နဲ့ အစ္စရေးက အရှေ့အလယ်ပိုင်းဒေသနေတိုးအဖွဲ့ကို တည်ထောင်သင့်တယ်လို့ ဝန်ကြီးချုပ်နေတန်ရာဟု ပြော

 373

Pika (NP News) - ဇူလိုင် ၂၅

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အီရန်ကိုဆန့်ကျင်ဖို့ ရည်မှန်းထားပြီး နေတိုးအဖွဲ့ကို အတုယူထားတဲ့ “Abraham Alliance” လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာအစုအဖွဲ့အသစ်တစ်ခုကို တည်ထောင်ဖို့ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ(၂၄)ရက်မှာ နေတန်ရာဟုဟာ အမေရိကန်လွှတ်တော်ရဲ့ပူးတွဲအစည်းအဝေးမတိုင်မီ ယခုလိုပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် နေတန်ရာဟုက အမေရိကန်လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောတာက ယခုတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီလို့လည်း သိရပါတယ်။
နေတန်ရာဟုက “အမေရိကန်ဟာ ကြီးထွားလာနေတဲ့ ဆိုဗီယက်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဥရောပမှာ လုံခြုံရေးမိတ်ဖက်တွေကို ဖွဲ့ခဲ့ပါတယ်။ ဒီနေ့မှာတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ကြီးထွားလာနေတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသမှာ လုံခြုံရေးမဟာမိတ်ဖွဲ့နိုင်ပါပြီ” လို့ ပြောခဲ့ပါတယ်။

အဆိုပြုထားတဲ့ စစ်ဘက်ဆိုင်ရာအစုအဖွဲ့အသစ်ကို Abraham Alliance လို့ ခေါ်သင့်တယ်လို့ နေတန်ရာဟုက ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်လိုတဲ့နိုင်ငံတွေဟာ ဒီအစုအဖွဲ့အသစ်မှာ ပါဝင် သင့်တယ်လို့ နေတန်ရာဟုကပြောဆိုခဲ့ပါတယ်။ ၎င်းက “ကျွန်တော်တို့ အီရန်ကို တိုက်တဲ့အချိန်က အမေရိကန်ရဲ့ အစွန်းရောက်ရန်သူကို တိုက်ခိုက်နေတာမျိုးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ကာကွယ်နေတာမျိုး တင်မဟုတ်ဘဲ အားလုံးကို ကာကွယ်နေတာပါ။ အမေရိကန်က ကျွန်တော်တို့ရဲ့နောက်မှာရှိနေမယ်ဆိုတာ သိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ အစၥေရးက အေရွ႕အလယ္ပိုင္းေဒသေနတိုးအဖြဲ႕ကို တည္ေထာင္သင့္တယ္လို႔ ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု ေျပာ
Pika (NP News) - ဇူလိုင္ ၂၅

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အီရန္ကိုဆန႔္က်င္ဖို႔ ရည္မွန္းထားၿပီး ေနတိုးအဖြဲ႕ကို အတုယူထားတဲ့ “Abraham Alliance” လို႔ေခၚတဲ့ စစ္ဘက္ဆိုင္ရာအစုအဖြဲ႕အသစ္တစ္ခုကို တည္ေထာင္ဖို႔ အဆိုျပဳခဲ့တယ္လို႔ သိရပါတယ္။

ဇူလိုင္လ(၂၄)ရက္မွာ ေနတန္ရာဟုဟာ အေမရိကန္လႊတ္ေတာ္ရဲ႕ပူးတြဲအစည္းအေဝးမတိုင္မီ ယခုလိုေျပာဆိုခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေနတန္ရာဟုက အေမရိကန္လႊတ္ေတာ္အမတ္ေတြကို မိန႔္ခြန္းေျပာတာက ယခုတစ္ႀကိမ္နဲ႔ဆိုရင္ ေလးႀကိမ္ေျမာက္ရွိၿပီလို႔လည္း သိရပါတယ္။
ေနတန္ရာဟုက “အေမရိကန္ဟာ ႀကီးထြားလာေနတဲ့ ဆိုဗီယက္ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ဥေရာပမွာ လုံၿခဳံေရးမိတ္ဖက္ေတြကို ဖြဲ႕ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အေမရိကန္နဲ႔ အစၥေရးတို႔ဟာ ႀကီးထြားလာေနတဲ့ အီရန္ရဲ႕ ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ အေရွ႕အလယ္ပိုင္းေဒသမွာ လုံၿခဳံေရးမဟာမိတ္ဖြဲ႕ႏိုင္ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

အဆိုျပဳထားတဲ့ စစ္ဘက္ဆိုင္ရာအစုအဖြဲ႕အသစ္ကို Abraham Alliance လို႔ ေခၚသင့္တယ္လို႔ ေနတန္ရာဟုက ထပ္မံေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အစၥေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္လိုတဲ့ႏိုင္ငံေတြဟာ ဒီအစုအဖြဲ႕အသစ္မွာ ပါဝင္ သင့္တယ္လို႔ ေနတန္ရာဟုကေျပာဆိုခဲ့ပါတယ္။ ၎က “ကြၽန္ေတာ္တို႔ အီရန္ကို တိုက္တဲ့အခ်ိန္က အေမရိကန္ရဲ႕ အစြန္းေရာက္ရန္သူကို တိုက္ခိုက္ေနတာမ်ိဳးပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ကိုယ့္ကိုယ္ကို ကာကြယ္ေနတာမ်ိဳး တင္မဟုတ္ဘဲ အားလုံးကို ကာကြယ္ေနတာပါ။ အေမရိကန္က ကြၽန္ေတာ္တို႔ရဲ႕ေနာက္မွာရွိေနမယ္ဆိုတာ သိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.