ခန္ဓာကိုယ်တစ်ခုလုံးအပြင် မျက်လုံးကိုပါ တက်တူးထိုးထားတဲ့ ဩစတြေးလျအမျိုးသမီး

 1733

Pika (NP News) - ဇူလိုင် ၂၅

ဩစတြေးလျနိုင်ငံမှ ခန္ဓာကိုယ်ပေါ်တွင် တက်တူးအများဆုံးထိုးထားသောအမျိုးသမီးတစ်ဦးသည် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်ထိုးထားသော တက်တူးများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆို လာခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုသမီးသည် ဩစတြေးလျနိုင်ငံ Brisbane မြို့တွင်ကျင်းပမည့် တက်တူးပြပွဲအတွက် ယခုလို ထုတ်ဖော် ပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုယ့်ကိုယ်ကို Blue Eyes White Dragon ဟုခေါ်ဆိုသော အမ်ဘာလုခ် သည် ဇူလိုင်လ(၂၀)ရက်က Brisbane မြို့တွင် ကျင်းပသော တက်တူးပြပွဲသို့ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

လွန်ခဲ့သည့်(၁၅)နှစ်အတွင်း အဆိုပါပွဲကို ဩစတြေးလျနိုင်ငံတစ်ဝှမ်းရှိမြို့ကြီးများတွင် ကျင်းပခဲ့ပြီး နှစ်စဉ်လူပေါင်း (၆)သောင်းခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အမ်ဘာလုခ်၏ ခန္ဓာကိုယ်ပေါ်တွင် တက်တူးပေါင်း(၂၅၀) ကျော်ရှိပြီး ပြောင်မြောက်သော အနုပညာခန္ဓာကိုယ်အတွက် ထင်ရှားကျော်ကြားလာခဲ့ကြောင်း သိရသည်။
အမ်ဘာလုခ်သည် အသက်(၂၂)နှစ်အရွယ်တွင် မျက်လုံးတက်တူးကို ထိုးခဲ့ပြီး သီတင်းပတ်(၃)ပတ်ခန့်အထိ မျက်စိ မမြင်ရဘဲ နေခဲ့ရကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ မျက်လုံးများကို ဆေးရောင်ပြန်လည်ခြယ်ရန်အတွက် မကြာသေးမီက ဘရာဇီးလ်နိုင်ငံမှ ပြန်လာခဲ့ကြောင်း အမ်ဘာလုခ်က ပြောခဲ့သည်။

၎င်းက “မျက်လုံးတက်တူးထိုးပြီးတော့ သီတင်းပတ်သုံးပတ်လောက် မျက်စိမမြင်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း အဲဒါက တော်တော်ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။
မျက်လုံးတက်တူးထိုးစဉ်အချိန်အတွင်း ၎င်း၏ မျက်လုံးကို တစ်မီလီမီတာရှိသောအပ်ဖြင့် ဆုံမှတ်နေရာနှစ်ခုမှ တိုက်ရိုက်ထိုးသွင်းခြင်းများ ပါဝင်ခဲ့ကြောင်း အမ်ဘာလုခ်က ရှင်းပြခဲ့သည်။ ၎င်းက “မျက်လုံးတက်တူးကို စထိုးခဲ့တဲ့ အချိန်တုန်းက တော်တော်ကိုနာခဲ့ပါတယ်။ ဒါက ကျွန်မဘဝရဲ့ အပြင်းထန်ဆုံးနာကျင်မှုတစ်ခုပါပဲ” ဟု ပြောခဲ့သည်။

Zawgyi Version;
ခႏၶာကိုယ္တစ္ခုလုံးအျပင္ မ်က္လုံးကိုပါ တက္တူးထိုးထားတဲ့ ဩစေၾတးလ်အမ်ိဳးသမီး
Pika (NP News) - ဇူလိုင္ ၂၅

ဩစေၾတးလ်ႏိုင္ငံမွ ခႏၶာကိုယ္ေပၚတြင္ တက္တူးအမ်ားဆုံးထိုးထားေသာအမ်ိဳးသမီးတစ္ဦးသည္ ၎၏ ခႏၶာကိုယ္ တစ္ခုလုံးတြင္ထိုးထားေသာ တက္တူးမ်ားႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆို လာခဲ့ေၾကာင္း သိရသည္။
အဆိုပါအမ်ိဳသမီးသည္ ဩစေၾတးလ်ႏိုင္ငံ Brisbane ၿမိဳ႕တြင္က်င္းပမည့္ တက္တူးျပပြဲအတြက္ ယခုလို ထုတ္ေဖာ္ ေျပာဆိုလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ကိုယ့္ကိုယ္ကို Blue Eyes White Dragon ဟုေခၚဆိုေသာ အမ္ဘာလုခ္ သည္ ဇူလိုင္လ(၂၀)ရက္က Brisbane ၿမိဳ႕တြင္ က်င္းပေသာ တက္တူးျပပြဲသို႔ တက္ေရာက္ခဲ့ေၾကာင္းလည္း သိရသည္။

လြန္ခဲ့သည့္(၁၅)ႏွစ္အတြင္း အဆိုပါပြဲကို ဩစေၾတးလ်ႏိုင္ငံတစ္ဝွမ္းရွိၿမိဳ႕ႀကီးမ်ားတြင္ က်င္းပခဲ့ၿပီး ႏွစ္စဥ္လူေပါင္း (၆)ေသာင္းခန႔္ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။ အမ္ဘာလုခ္၏ ခႏၶာကိုယ္ေပၚတြင္ တက္တူးေပါင္း(၂၅၀) ေက်ာ္ရွိၿပီး ေျပာင္ေျမာက္ေသာ အႏုပညာခႏၶာကိုယ္အတြက္ ထင္ရွားေက်ာ္ၾကားလာခဲ့ေၾကာင္း သိရသည္။
အမ္ဘာလုခ္သည္ အသက္(၂၂)ႏွစ္အ႐ြယ္တြင္ မ်က္လုံးတက္တူးကို ထိုးခဲ့ၿပီး သီတင္းပတ္(၃)ပတ္ခန႔္အထိ မ်က္စိ မျမင္ရဘဲ ေနခဲ့ရေၾကာင္း သိရသည္။ ထို႔ျပင္ ၎၏ မ်က္လုံးမ်ားကို ေဆးေရာင္ျပန္လည္ျခယ္ရန္အတြက္ မၾကာေသးမီက ဘရာဇီးလ္ႏိုင္ငံမွ ျပန္လာခဲ့ေၾကာင္း အမ္ဘာလုခ္က ေျပာခဲ့သည္။

၎က “မ်က္လုံးတက္တူးထိုးၿပီးေတာ့ သီတင္းပတ္သုံးပတ္ေလာက္ မ်က္စိမျမင္ခဲ့ရပါဘူး။ ဒါေပမယ့္လည္း အဲဒါက ေတာ္ေတာ္ေကာင္းမြန္တဲ့ အေတြ႕အႀကဳံတစ္ခု ျဖစ္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။
မ်က္လုံးတက္တူးထိုးစဥ္အခ်ိန္အတြင္း ၎၏ မ်က္လုံးကို တစ္မီလီမီတာရွိေသာအပ္ျဖင့္ ဆုံမွတ္ေနရာႏွစ္ခုမွ တိုက္႐ိုက္ထိုးသြင္းျခင္းမ်ား ပါဝင္ခဲ့ေၾကာင္း အမ္ဘာလုခ္က ရွင္းျပခဲ့သည္။ ၎က “မ်က္လုံးတက္တူးကို စထိုးခဲ့တဲ့ အခ်ိန္တုန္းက ေတာ္ေတာ္ကိုနာခဲ့ပါတယ္။ ဒါက ကြၽန္မဘဝရဲ႕ အျပင္းထန္ဆုံးနာက်င္မႈတစ္ခုပါပဲ” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.