ဖိလစ်ပိုင်ကမ်းလွန်မှာ လောင်စာဆီလီတာ(၁ ဒသမ ၄) သန်း တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောတိမ်းမှောက် နစ်မြုပ်

 2645

Pika (NP News) - ဇူလိုင် ၂၅

ဖိလစ်ပိုင်အလံလွှင့်တင်ထားပြီး စက်သုံးလောင်စာဆီ လီတာ(၁ ဒသမ ၄) သန်း သယ်ဆောင်လာတဲ့ ရေနံတင် သင်္ဘောတစ်စီးဟာ ဇူလိုင်လ(၂၅)ရက်က မနီလာမြို့ကမ်းလွန်မှာ တိမ်းမှောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လောင်စာဆီတွေ ကီလိုမီတာများစွာ ယိုဖိတ်ခဲ့တာကိုလည်း ထိန်းနိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ထပ်မံပြော ကြားခဲ့ပါတယ်။ MT Terra Nova ရေနံတင်သင်္ဘောဟာ Iloilo မြို့ကို ဦးတည်သွားနေတာဖြစ်ပြီး Bataan ပြည်နယ် Limay မြူနီစီပယ်ကနေ (၇)ကီလိုမီတာနီးပါးအကွာမှာရှိတဲ့ မနီလာပင်လယ်အော်မှာ နစ်မြုပ်သွားခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း လေပြင်းတိုက်ခတ်မှုနဲ့ ကြီးမားတဲ့လှိုင်းလုံးတွေကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တုံ့ပြန်မှု ကြိုးပမ်းမှုတွေ နှောင့်နှေးခဲ့ရတယ်လို့ ပို့ဆောင်ရေးဝန်ကြီး Jaime Bautista က ပြောကြားခဲ့ပါတယ်။ ၎င်းက “သင်္ဘောအမှုထမ်း(၁၇)ဦးမှာ (၁၆)ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပေမယ့် တစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သင်္ဘောအမှုထမ်း(၄)ဦးက ယခုအချိန်မှာ ဆေးကုသမှုတွေ ခံယူနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့သင်္ဘောအမှုထမ်းကို ရှာဖွေဖို့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ MT Terra Nova ရေနံတင် သင်္ဘောဟာ တိမ်းမှောက်သွားပြီးနောက် နစ်မြုပ်သွားခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ကမ်းရိုးတန်းစောင့်တပ်မှူးရေတပ်ဦးစီးချုပ် Ronnie Gavan က အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ကမ္းလြန္မွာ ေလာင္စာဆီလီတာ(၁ ဒသမ ၄) သန္း တင္ေဆာင္လာတဲ့ ေရနံတင္သေဘၤာတိမ္းေမွာက္ နစ္ျမဳပ္
Pika (NP News) - ဇူလိုင္ ၂၅

ဖိလစ္ပိုင္အလံလႊင့္တင္ထားၿပီး စက္သုံးေလာင္စာဆီ လီတာ(၁ ဒသမ ၄) သန္း သယ္ေဆာင္လာတဲ့ ေရနံတင္ သေဘၤာတစ္စီးဟာ ဇူလိုင္လ(၂၅)ရက္က မနီလာၿမိဳ႕ကမ္းလြန္မွာ တိမ္းေမွာက္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေလာင္စာဆီေတြ ကီလိုမီတာမ်ားစြာ ယိုဖိတ္ခဲ့တာကိုလည္း ထိန္းႏိုင္ခဲ့ၿပီလို႔ အာဏာပိုင္ေတြက ထပ္မံေျပာ ၾကားခဲ့ပါတယ္။ MT Terra Nova ေရနံတင္သေဘၤာဟာ Iloilo ၿမိဳ႕ကို ဦးတည္သြားေနတာျဖစ္ၿပီး Bataan ျပည္နယ္ Limay ျမဴနီစီပယ္ကေန (၇)ကီလိုမီတာနီးပါးအကြာမွာရွိတဲ့ မနီလာပင္လယ္ေအာ္မွာ နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္ လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း ေလျပင္းတိုက္ခတ္မႈနဲ႔ ႀကီးမားတဲ့လႈိင္းလုံးေတြေၾကာင့္ ကယ္ဆယ္ေရးအဖြဲ႕ေတြရဲ႕ တုံ႔ျပန္မႈ ႀကိဳးပမ္းမႈေတြ ေႏွာင့္ေႏွးခဲ့ရတယ္လို႔ ပို႔ေဆာင္ေရးဝန္ႀကီး Jaime Bautista က ေျပာၾကားခဲ့ပါတယ္။ ၎က “သေဘၤာအမႈထမ္း(၁၇)ဦးမွာ (၁၆)ဦးကို ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ တစ္ဦးကေတာ့ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။ သေဘၤာအမႈထမ္း(၄)ဦးက ယခုအခ်ိန္မွာ ေဆးကုသမႈေတြ ခံယူေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ေပ်ာက္ဆုံးေနတဲ့သေဘၤာအမႈထမ္းကို ရွာေဖြဖို႔အတြက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ MT Terra Nova ေရနံတင္ သေဘၤာဟာ တိမ္းေမွာက္သြားၿပီးေနာက္ နစ္ျမဳပ္သြားခဲ့တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးဖို႔အတြက္ ကမ္း႐ိုးတန္းေစာင့္တပ္မႉးေရတပ္ဦးစီးခ်ဳပ္ Ronnie Gavan က အမိန႔္ေပးထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.