အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ

 1064

ဂျန်ဇက် (NP News) - ဇူလိုင် ၂၅

အမေရိကန်ရဲတပ်ဖွဲ့ဟာ US Capitol အပြင်ဘက်မှာပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းလိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒပြမှုတွေကို ငရုတ်ကောင်းမှုန့် ထည့်ထားတဲ့ စပရေးဘူးတွေအသုံးပြုကာဖြိုခွင်းခဲ့ရကြောင်း သိရပါတယ်။

ပါလက်စတိုင်းလိုလားကြောင်း ပြသလိုတဲ့ အမေရိကန်ပြည်သူတွေဟာ အမေရိကန်လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု မိန့်ခွန်းပြော ဆိုမှု မတိုင်ခင် ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်လွှတ်တော် အဆောက်အအုံးကို လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ဟာ အကြမ်းဖက်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲတပ်ဖွဲ့က "ဆန္ဒပြအုပ်စုတွေဟာ သတိပေးမှုတွေကို လိုက်နာဖို့ ပျက်ကွက်ပြီး သတ်မှတ်ထားတဲ့ စည်းတွေကို ကျော်လွန်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့စည်းကိုကျော်လွန်လာတဲ့ ဆန္ဒပြသူတွေကို ဟန့်တားနိုင်ဖို့ ငရုတ်ကောင်းအမှုန့်တွေ ရောစပ်ထားတဲ့စပရေးဘူးတွေ အသုံးပြုပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်။ နေတန်ရာဟု မိန့်ခွန်းပြောဆိုမှုမတိုင်ခင် (၁)နာရီခွဲအလိုလောက်က ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့က တားဆီးထားတဲ့အတားဆီးတွေကို ကျော်ဖို့ ကြိုးပမ်းလာခဲ့တယ်"လို့ပြောပါတယ်။

အမေရိကန်လုံခြုံရေးတပ်ဖွဲ့တွေဟာ လွှတ်တော်အတွင်း အစ္စရေးဝန်ကြီး ချုပ်နေတန်ရာဟု မိန့်ခွန်းပြောဆိုခြင်းနဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်ထားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆန္ဒပြပွဲမှာ အော်စကာဆုရ သရုပ် ဆောင်တွေလည်းပါဝင်ခဲ့ပြီး မင်းသမီးတစ်ဦးဖြစ်တဲ့ ဆူဆန်ဆာရမ်ဒွန် ကိုယ်တိုင် စင့်မြင့်ပေါ်တက်ရောက်ကာ ဂါဇာစစ်ပွဲအတွင်း လူအများအပြား သေဆုံးမှုတွေကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရပါတယ်။

zawgyi version
အစၥေရးဝန္ႀကီးခ်ဳပ္ မိန႔္ခြန္းေျပာဆိုခါနီး အေမရိကန္လႊတ္ေတာ္အျပင္ဘက္မွာ ျပည္သူမ်ားဆႏၵျပ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၅

အေမရိကန္ရဲတပ္ဖြဲ႕ဟာ US Capitol အျပင္ဘက္မွာျပဳလုပ္ခဲ့တဲ့ ပါလက္စတိုင္းလိုလားတဲ့ ျပည္သူေတြရဲ႕ဆႏၵျပမႈေတြကို င႐ုတ္ေကာင္းမႈန႔္ ထည့္ထားတဲ့ စပေရးဘူးေတြအသုံးျပဳကာၿဖိဳခြင္းခဲ့ရေၾကာင္း သိရပါတယ္။

ပါလက္စတိုင္းလိုလားေၾကာင္း ျပသလိုတဲ့ အေမရိကန္ျပည္သူေတြဟာ အေမရိကန္လႊတ္ေတာ္အတြင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု မိန႔္ခြန္းေျပာ ဆိုမႈ မတိုင္ခင္ ဆႏၵျပပြဲမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။ အေမရိကန္လႊတ္ေတာ္ အေဆာက္အအုံးကို လုံၿခဳံေရးယူထားတဲ့ရဲတပ္ဖြဲ႕က ဆႏၵျပသူအခ်ိဳ႕ဟာ အၾကမ္းဖက္မႈေတြလုပ္ေဆာင္ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ရဲတပ္ဖြဲ႕က "ဆႏၵျပအုပ္စုေတြဟာ သတိေပးမႈေတြကို လိုက္နာဖို႔ ပ်က္ကြက္ၿပီး သတ္မွတ္ထားတဲ့ စည္းေတြကို ေက်ာ္လြန္လာခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ သတ္မွတ္ထားတဲ့စည္းကိုေက်ာ္လြန္လာတဲ့ ဆႏၵျပသူေတြကို ဟန႔္တားႏိုင္ဖို႔ င႐ုတ္ေကာင္းအမႈန႔္ေတြ ေရာစပ္ထားတဲ့စပေရးဘူးေတြ အသုံးျပဳပစ္ခတ္တာေတြ လုပ္ေဆာင္ခဲ့တယ္။ ေနတန္ရာဟု မိန႔္ခြန္းေျပာဆိုမႈမတိုင္ခင္ (၁)နာရီခြဲအလိုေလာက္က ဆႏၵျပသူေတြဟာ ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့တယ္။ ဒါေပမဲ့ေနာက္ပိုင္းမွာ ဆႏၵျပသူေတြဟာ ရဲတပ္ဖြဲ႕က တားဆီးထားတဲ့အတားဆီးေတြကို ေက်ာ္ဖို႔ ႀကိဳးပမ္းလာခဲ့တယ္"လို႔ေျပာပါတယ္။

အေမရိကန္လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ လႊတ္ေတာ္အတြင္း အစၥေရးဝန္ႀကီး ခ်ဳပ္ေနတန္ရာဟု မိန႔္ခြန္းေျပာဆိုျခင္းနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးတင္းၾကပ္ထားခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါဆႏၵျပပြဲမွာ ေအာ္စကာဆုရ သ႐ုပ္ ေဆာင္ေတြလည္းပါဝင္ခဲ့ၿပီး မင္းသမီးတစ္ဦးျဖစ္တဲ့ ဆူဆန္ဆာရမ္ဒြန္ ကိုယ္တိုင္ စင့္ျမင့္ေပၚတက္ေရာက္ကာ ဂါဇာစစ္ပြဲအတြင္း လူအမ်ားအျပား ေသဆုံးမႈေတြကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.