ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော

 4706

ALynn (NP News) - ဇူလိုင် ၂၅

မော်စကိုနှင့်ကိယက်ဗ်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် သဘောတူလိုက်သည့်အခါ ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး၏ သံသယဖြစ်ဖွယ်အခြေအနေသည် ပြဿနာရှိလာနိုင်ကြောင်း ကရင်မလင်၏ ပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က သတင်းထောက်များအား ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၄ ရက်)တွင် ပြောကြားခဲ့သည်။ အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇီလန်စကီး၏တရားဝင်ဖြစ်မှုကို မေးခွန်းထုတ်ခဲ့ပြီး ၎င်း၏ ရာထူးသက်တမ်းသည် တရားဝင်သက်တမ်းကုန်ဆုံးသွားပြီဖြစ် ကြောင်း မှတ်ချက်ပြုခဲ့သည်။

"သမ္မတဇီလန်စကီးက သူ့ရဲ့တရားဝင်မှုကို သေချာပေါက် ဆုံးရှုံးသွားပြီလို့ သမ္မတက ထပ်ခါတလဲလဲပြောခဲ့ပါတယ်"ဟု ပက်စကော့ဗ်မှသတင်း ထောက်များအား ပြောကြားခဲ့သည်။ ဇီလန်စကီး၏ သမ္မတသက်တမ်းသည် မေလ ၂၀ ရက်နေ့တွင် တရားဝင် သက်တမ်းကုန်ဆုံးသွားခဲ့သည်။ ရုရှားနှင့် ပဋိပက္ခကြောင့် စစ်အုပ်ချုပ်ရေး ချမှတ်ထားသည့်အတွက် ၎င်းစစ်အုပ်ချုပ် ရေးကို အကြောင်းပြ၍ မတ်လတွင် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုခဲ့ပေ။ ၎င်း၏လုပ်ပိုင်ခွင့်ကို ယူကရိန်းဥပဒေနှင့်အညီ သက်တမ်းတိုးခဲ့ကြောင်း ဇီလန်စကီးက ဖော်ပြခဲ့သည်။

မကြာသေးမီလများအတွင်း ပူတင်က ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများကို ခွဲခြမ်းစိတ်ဖြာ၍ ဇီလန်စကီး အာဏာဆက်ရှိနေစေမည့် အကြောင်းအရင်းမရှိကြောင်း ပူတင်က မကြာခဏပြောခဲ့သည်။ ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၁ ကို ကိုးကား၍ ရုရှားသမ္မတ ပူတင်က ဇီလန်စကီး၏ အာဏာများကို ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးသင့်ကြောင်း မေလတွင် ဖော်ပြခဲ့သည်။

သို့သော် ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌ Ruslan Stefanchuk က ဇီလန်စကီးသည် တရားဝင် နိုင်ငံတော်၏ အကြီးအကဲဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ၎င်း၏တရားဝင်မှုကို မေးခွန်းထုတ်သူတိုင်းသည် "ရန်သူ" ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Mao Ning က “ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba သည် မော်စကိုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့်ရှိပြီး ဆန္ဒရှိကြောင်း ဘေဂျင်းသို့ သွားရောက်စဉ်တွင် ရှင်းလင်းပြောကြားခဲ့ကြောင်း” ဖော်ပြခဲ့သည်။

မော်စကိုက ယူကရိန်း၏ ရပ်တည်ချက် အသေးစိတ်ကို စောင့်မျှော်နေမည်ဟု တုံ့ပြန်ခဲ့သည်။ "Kuleba ကိုယ်တိုင်က ဒီလိုပြောဆိုမှုတွေကို ကျွန်တော်တို့ မကြားမိပါဘူး"ဟု ပက်စကော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုသည် ၂၀၂၂ ခုနှစ် နွေဦးပေါက်တွင် ပျက်သွားခဲ့ပြီး လက်တွေ့မကျသော တောင်းဆိုမှုများ ပြုလုပ်နေသည်ဟု နှစ်ဖက်စလုံးက စွပ်စွဲခဲ့သည်။

zawgyi version
ဇီလန္စကီးမွာ တရားဝင္မႈမရွိေတာ့ေၾကာင္း ကရင္မလင္ေျပာ
ALynn (NP News) - ဇူလိုင္ ၂၅

ေမာ္စကိုႏွင့္ကိယက္ဗ္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားက်င္းပရန္ သေဘာတူလိုက္သည့္အခါ ယူကရိန္းေခါင္းေဆာင္ ဗလာဒီမာဇီလန္စကီး၏ သံသယျဖစ္ဖြယ္အေျခအေနသည္ ျပႆနာရွိလာႏိုင္ေၾကာင္း ကရင္မလင္၏ ေျပာ ေရးဆိုခြင့္ရွိသူ ဒီမီထရီပက္စေကာ့ဗ္က သတင္းေထာက္မ်ားအား ဗုဒၶဟူးေန႔ (ဇူလိုင္လ ၂၄ ရက္)တြင္ ေျပာၾကားခဲ့သည္။ အေစာပိုင္းတြင္ ႐ုရွားသမၼတ ဗလာဒီမာပူတင္သည္ ဇီလန္စကီး၏တရားဝင္ျဖစ္မႈကို ေမးခြန္းထုတ္ခဲ့ၿပီး ၎၏ ရာထူးသက္တမ္းသည္ တရားဝင္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္ ေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။

"သမၼတဇီလန္စကီးက သူ႔ရဲ႕တရားဝင္မႈကို ေသခ်ာေပါက္ ဆုံးရႈံးသြားၿပီလို႔ သမၼတက ထပ္ခါတလဲလဲေျပာခဲ့ပါတယ္"ဟု ပက္စေကာ့ဗ္မွသတင္း ေထာက္မ်ားအား ေျပာၾကားခဲ့သည္။ ဇီလန္စကီး၏ သမၼတသက္တမ္းသည္ ေမလ ၂၀ ရက္ေန႔တြင္ တရားဝင္ သက္တမ္းကုန္ဆုံးသြားခဲ့သည္။ ႐ုရွားႏွင့္ ပဋိပကၡေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး ခ်မွတ္ထားသည့္အတြက္ ၎စစ္အုပ္ခ်ဳပ္ ေရးကို အေၾကာင္းျပ၍ မတ္လတြင္ ေ႐ြးေကာက္ပြဲ က်င္းပျခင္းမျပဳခဲ့ေပ။ ၎၏လုပ္ပိုင္ခြင့္ကို ယူကရိန္းဥပေဒႏွင့္အညီ သက္တမ္းတိုးခဲ့ေၾကာင္း ဇီလန္စကီးက ေဖာ္ျပခဲ့သည္။

မၾကာေသးမီလမ်ားအတြင္း ပူတင္က ယူကရိန္းဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ အျခားဥပေဒမ်ားကို ခြဲျခမ္းစိတ္ျဖာ၍ ဇီလန္စကီး အာဏာဆက္ရွိေနေစမည့္ အေၾကာင္းအရင္းမရွိေၾကာင္း ပူတင္က မၾကာခဏေျပာခဲ့သည္။ ယူကရိန္းဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၁၁၁ ကို ကိုးကား၍ ႐ုရွားသမၼတ ပူတင္က ဇီလန္စကီး၏ အာဏာမ်ားကို ယူကရိန္းလႊတ္ေတာ္ဥကၠ႒ထံ လႊဲေျပာင္းေပးသင့္ေၾကာင္း ေမလတြင္ ေဖာ္ျပခဲ့သည္။

သို႔ေသာ္ ယူကရိန္းလႊတ္ေတာ္ဥကၠ႒ Ruslan Stefanchuk က ဇီလန္စကီးသည္ တရားဝင္ ႏိုင္ငံေတာ္၏ အႀကီးအကဲျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုခဲ့ၿပီး ၎၏တရားဝင္မႈကို ေမးခြန္းထုတ္သူတိုင္းသည္ "ရန္သူ" ျဖစ္သည္ဟု တုံ႔ျပန္ခဲ့သည္။ ဗုဒၶဟူးေန႔အေစာပိုင္းက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး Mao Ning က “ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmitry Kuleba သည္ ေမာ္စကိုႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ အသင့္ရွိၿပီး ဆႏၵရွိေၾကာင္း ေဘဂ်င္းသို႔ သြားေရာက္စဥ္တြင္ ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း” ေဖာ္ျပခဲ့သည္။

ေမာ္စကိုက ယူကရိန္း၏ ရပ္တည္ခ်က္ အေသးစိတ္ကို ေစာင့္ေမွ်ာ္ေနမည္ဟု တုံ႔ျပန္ခဲ့သည္။ "Kuleba ကိုယ္တိုင္က ဒီလိုေျပာဆိုမႈေတြကို ကြၽန္ေတာ္တို႔ မၾကားမိပါဘူး"ဟု ပက္စေကာ့ဗ္က ဗုဒၶဟူးေန႔တြင္ ေျပာၾကားခဲ့သည္။ ႐ုရွားႏွင့္ ယူကရိန္းၾကား ေစ့စပ္ညႇိႏႈိင္းမႈသည္ ၂၀၂၂ ခုႏွစ္ ေႏြဦးေပါက္တြင္ ပ်က္သြားခဲ့ၿပီး လက္ေတြ႕မက်ေသာ ေတာင္းဆိုမႈမ်ား ျပဳလုပ္ေနသည္ဟု ႏွစ္ဖက္စလုံးက စြပ္စြဲခဲ့သည္။

Related news

© 2021. All rights reserved.