အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို

 2821

ဂျန်ဇက် (NP News) - ဇူလိုင် ၂၅

မြန်မာနိုင်ငံဟာ အခြားအာဆီယံနိုင်ငံတွေနည်းတူ အာဆီယံအဖွဲ့အတွင်း ပုံမှန်အဆင့်တန်းတွေ ပြန်လည်ရရှိစေဖို့ မျှော်လင့်ထားတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာအေးဟာ လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခဲ့ပြီးနောက် အနားယူချိန်မှာသတင်းထောက်တွေကို အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာအေးက "မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းအခြေနေမျိုး ပြန်လည်ရရှိဖို့အလွန်မျှော်လင့်ထားပါတယ်။ ကျွန်မတို့ဘက်က ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာကို သုံးသပ်ရမယ်ဆိုရင် မကြာမီမှာ အာဆီယံအဖွဲ့အတွင်း ပုံမှန်အဆင့်တန်းအနေအထားမျိုးပြန်လည်ရရှိသင့်တယ်"လို့ပြောပါတယ်။

မြန်မာနိုင်ငံဟာ လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ၂၀၂၄ ခုနှစ်အတွင်းကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ဖို့ ကိုယ်စားလှယ်တွေ ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံဟာ လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးအပြင် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့အာဆီယံအဖွဲ့ကြားရရှိခဲ့တဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို တိုးတက်အောင်အကောင်ထည်မဖော်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ဟာ အဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ် သက်တဲ့သူသာ တက်ရောက်ခွင့်ပေးဖို့လက်ခံထားကြောင်းသိရပါတယ်။

zawgyi version
အာဆီယံအဖြဲ႕မွာ ပုံမွန္အဆင့္တန္းမ်ိဳးျပန္လည္ရရွိဖို႔ ျမန္မာအစိုးရေမွ်ာ္လင့္ ေနဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၅

ျမန္မာႏိုင္ငံဟာ အျခားအာဆီယံႏိုင္ငံေတြနည္းတူ အာဆီယံအဖြဲ႕အတြင္း ပုံမွန္အဆင့္တန္းေတြ ျပန္လည္ရရွိေစဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာခင္သီတာေအးဟာ လာအိုႏိုင္ငံမွာက်င္းပတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတက္ေရာက္ခဲ့ၿပီးေနာက္ အနားယူခ်ိန္မွာသတင္းေထာက္ေတြကို အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာခင္သီတာေအးက "ျမန္မာႏိုင္ငံဟာ အာဆီယံအဖြဲ႕မွာ ပုံမွန္အဆင့္တန္းအေျခေနမ်ိဳး ျပန္လည္ရရွိဖို႔အလြန္ေမွ်ာ္လင့္ထားပါတယ္။ ကြၽန္မတို႔ဘက္က ပူးေပါင္းေဆာင္႐ြက္မႈအတိုင္းအတာကို သုံးသပ္ရမယ္ဆိုရင္ မၾကာမီမွာ အာဆီယံအဖြဲ႕အတြင္း ပုံမွန္အဆင့္တန္းအေနအထားမ်ိဳးျပန္လည္ရရွိသင့္တယ္"လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ လာအိုႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူၿပီးေနာက္ ၂၀၂၄ ခုႏွစ္အတြင္းက်င္းပတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတက္ေရာက္ဖို႔ ကိုယ္စားလွယ္ေတြ ျပန္လည္ေစလႊတ္ခဲ့ေၾကာင္းသိရပါတယ္။ ျမန္မာႏိုင္ငံဟာ လာအိုႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူၿပီးေနာက္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္း အေဝးအျပင္ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကို တက္ေရာက္ဖို႔ ျမန္မာကိုယ္စားျပဳကိုယ္စားလွယ္အဖြဲ႕ေစလႊတ္ခဲ့ပါတယ္။
ျမန္မာႏိုင္ငံနဲ႔အာဆီယံအဖြဲ႕ၾကားရရွိခဲ့တဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို တိုးတက္ေအာင္အေကာင္ထည္မေဖာ္ႏိုင္ဘူးဆိုရင္ အာဆီယံအဖြဲ႕ဟာ အဖြဲ႕အစည္းအေဝးကို ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္ သက္တဲ့သူသာ တက္ေရာက္ခြင့္ေပးဖို႔လက္ခံထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.