သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို

 2411

ဂျန်ဇက် (NP News) - ဇူလိုင် ၂၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှနုတ်ထွက်ခဲ့ရခြင်းနဲ့ပတ်သက်ပြီး ပြောဆိုလိုက်ကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဇွန်လအတွင်းကျင်းပခဲ့တဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်းတဲ့အတွက်ပြင်းထန်တဲ့ဝေဖန်မှုများရင်ဆိုင်ခဲ့ရပါတယ်။

ဒီမိုကရက်တစ်ပါတီအားပေးထောက်ခံသူတွေက ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာလအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဒီမိုကရက်တစ်ပါတီ ထိပ်သီးခေါင်းဆောင်တွေကို တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတက "ဒီမိုကရေစီကို ကာကွယ်ပေးတာထက် ပိုမိုအရေးကြီးတဲ့ခေါင်းစဉ်မျိုးမရှိဘူး၊ ဒီမိုကရေစီကို ကယ်တင်ခြင်းထက်အခြားကြီးကျယ်တဲ့အရာမရှိဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အမေရိကန်သမ္မတအဖြစ်ဆက်လက်တာဝန်ယူဖို့ လိုလားပေမယ့် ကျွန်တော့်ထက်နိုင်ငံကို ပိုမိုချစ်ခင် နှစ်သက်မြတ်နိုးတယ်။ ဆက်လက်လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်းလမ်းမှာ မျိုးဆက်သစ်ဆီသို့ မီးရှူးတိုင်ကို လွှဲပြောင်းပေးဖို့ ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ခဲ့တယ်။လူငယ်တွေရဲ့အသံတွေကို ဦးစားပေးရမယ်။ ကျွန်တော်တို့ နိုင်ငံစုစည်းညီညွတ်ဖို့ အကောင်းဆုံးနည်းလမ်းက လူငယ်တွေအသံတွေဖော်ထုတ်ဖို့ဖြစ်တယ်"လို့ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်မီဒီယာတွေအပါအဝင် ပြည်သူများက ဂျိုးဘိုင်ဒန်ဟာ
အသက် ၈၁ နှစ်အရွယ်ရှိနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်မှုပိုင်းကောင်းမွန်မှုမရှိကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ခြေချော်ကျတာ၊ စကားအပြောဆိုမှားယွင်းတာတွေမကြာခဏဖြစ်လာခဲ့ရာကြံ့ခိုင်မှုပိုင်းအတွက် ပြစ်တင်ခံနေရသူဖြစ်ပါတယ်။

zawgyi version
သမၼတေ႐ြးေကာက္ပြဲက ႏုတ္ထြက္ခဲ့ရတဲ့အေၾကာင္းအရင္းကို ဂ်ိဳးဘိုင္ဒန္ထုတ္ေဖာ္ေျပာဆို
ဂျန်ဇက် (NP News) - ဇူလိုင္ ၂၅

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေ႐ြးေကာက္ပြဲမွႏုတ္ထြက္ခဲ့ရျခင္းနဲ႔ပတ္သက္ၿပီး ေျပာဆိုလိုက္ေၾကာင္း သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ ဇြန္လအတြင္းက်င္းပခဲ့တဲ့ သမၼတေဟာင္းေဒၚနယ္ထရမ့္နဲ႔ စကားစစ္ထိုးပြဲမွာ ေမွ်ာ္လင့္သေလာက္ရလဒ္မေကာင္းတဲ့အတြက္ျပင္းထန္တဲ့ေဝဖန္မႈမ်ားရင္ဆိုင္ခဲ့ရပါတယ္။

ဒီမိုကရက္တစ္ပါတီအားေပးေထာက္ခံသူေတြက ဂ်ိဳးဘိုင္ဒန္ကို ႏိုဝင္ဘာလအတြင္းက်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ျခင္းမျပဳဖို႔ ဒီမိုကရက္တစ္ပါတီ ထိပ္သီးေခါင္းေဆာင္ေတြကို ေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္သမၼတက "ဒီမိုကေရစီကို ကာကြယ္ေပးတာထက္ ပိုမိုအေရးႀကီးတဲ့ေခါင္းစဥ္မ်ိဳးမရွိဘူး၊ ဒီမိုကေရစီကို ကယ္တင္ျခင္းထက္အျခားႀကီးက်ယ္တဲ့အရာမရွိဘူး၊ ဒါဟာ ကြၽန္ေတာ့္ရဲ႕ပုဂၢိဳလ္ေရးရည္မွန္းခ်က္ျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ အေမရိကန္သမၼတအျဖစ္ဆက္လက္တာဝန္ယူဖို႔ လိုလားေပမယ့္ ကြၽန္ေတာ့္ထက္ႏိုင္ငံကို ပိုမိုခ်စ္ခင္ ႏွစ္သက္ျမတ္ႏိုးတယ္။ ဆက္လက္လုပ္ေဆာင္ရမယ့္ အေကာင္းဆုံးနည္းလမ္းမွာ မ်ိဳးဆက္သစ္ဆီသို႔ မီးရႉးတိုင္ကို လႊဲေျပာင္းေပးဖို႔ ျဖစ္တယ္ဆိုတာကို ဆုံးျဖတ္ခဲ့တယ္။လူငယ္ေတြရဲ႕အသံေတြကို ဦးစားေပးရမယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံစုစည္းညီၫြတ္ဖို႔ အေကာင္းဆုံးနည္းလမ္းက လူငယ္ေတြအသံေတြေဖာ္ထုတ္ဖို႔ျဖစ္တယ္"လို႔ေျပာပါတယ္။

ဒါေပမဲ့ အေမရိကန္မီဒီယာေတြအပါအဝင္ ျပည္သူမ်ားက ဂ်ိဳးဘိုင္ဒန္ဟာ
အသက္ ၈၁ ႏွစ္အ႐ြယ္ရွိေနတဲ့အတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ႀကံ့ခိုင္မႈပိုင္းေကာင္းမြန္မႈမရွိေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ေျခေခ်ာ္က်တာ၊ စကားအေျပာဆိုမွားယြင္းတာေတြမၾကာခဏျဖစ္လာခဲ့ရာႀကံ့ခိုင္မႈပိုင္းအတြက္ ျပစ္တင္ခံေနရသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.