အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်

 1110

သန့်ဇင် (NP News) - ဇူလိုင် ၂၅

မြန်မာ့မြေပေါ်မှ အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ (၂၇)ပါတီ၏ ထုတ်ပြန်ချက်တွင်ထည့်သွင်းရေးသားထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ချင်း)၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ နှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီအပါအဝင် နိုင်ငံရေးပါတီ(၂၇)ပါတီက ဇူလိုင်လ ၂၄ ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

NUG၊ CRPH၊ PDF၊ MNDAA၊ TNLA၊ AA အပါအဝင် လက်နက်ကိုင်အဖွဲ့အ စည်းများ၊ NCA စာချုပ်အား သွေဖည်၊ ချိုးဖောက်သွားကြသည့် လက်နက် ကိုင်အဖွဲ့အစည်းအချို့တို့နှင့် ၎င်းတို့အား ကူညီအားပေးထောက်ပံ့နေကြသော ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အချို့တို့သည် ဒို့တာဝန်အရေးသုံးပါကို ဖျက်ဆီးနေကြသူများဖြစ်ကြောင်း ထုတ်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ၏ ရွေးကောက်ပွဲကျင်းပပေးရန် ပြင်ဆင်နေမှုအား အကြမ်းဖက်မှုကို လက်မခံကြသည့် သန်းပေါင်းများစွာသောပြည်သူများကိုကိုယ်စားပြု၍ နိုင်ငံရေးပါတီများက အပြည့်အဝထောက်ခံကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ မြန်မာ့မြေပေါ်မှ အကြမ်းဖက်မှုလုပ်ငန်း စဉ်များ ချုပ်ငြိမ်းစေရေးတို့အတွက် နိုင်ငံရေးပါတီများက နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ “တချို့ဟာတွေက မြေပြင်မှာ NCA ကိုသွေဖည်ပြီး အကြမ်းဖက်လုပ်ရက်တွေ လုပ်နေတယ်လေ။ နစက ကလည်းတက်လာတည်းက လမ်းပြမြေပုံမှာ အချက်(၅)ချက်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ပြောတယ်လေ။ သူတို့(လက်နက်ကိုင်အဖွဲ့တွေ)ကတော့ နယ်မြေရရှိရေးလုပ်နေတဲ့အတွက် ရွေးကောက်ပွဲကို သွေဖည်တာပဲလေ။ သူတို့ကလည်း စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်ဖက်ပစ်မှတ်တွေကို သတ်တယ်၊ ဖြတ်တယ်၊ မီးရှို့တယ်။ အဲဒါကြောင့်တို့က ကမ္ဘာသိအောင်ပေါ့နော်”ဟု ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌဦးတင်ဆွေက NP News ကိုပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့် သတင်းစကားသည် နိုင်ငံတော်အတွက် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီနည်းလမ်းတကျ အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်၍ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ပဲ နိုင်ငံရေးပါတီများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းမွန်အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ရွေးကောက်ပွဲဆိုတာက အကုန်လုံးအမြင်က တပ်မတော်ကရွေးကောက်ပွဲက သူတို့ရဲ့ထွက်ပေါက်ပဲ။ တကယ်တော့ရွေးကောက်ပွဲ ဖြစ်သွားရင် အရပ်သားအစိုးရဖြစ်လာမယ်လေ။ အရပ်သားအစိုးရဖြစ်လာရင် နိုင်တော်နဲ့အားလုံးအတွက်ဖြစ်သွားတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲအောင်မြင်ခြင်းဟာ တပ်မတော်ရဲ့ထွက်ပေါက်မဟုတ်ဘူး။ တစ်နိုင်ငံလုံးပြည်သူတွေရဲ့ထွက်ပေါက်ပဲလို့တို့က ဆိုလိုတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

zawgyi version
အၾကမ္းဖက္မႈလုပ္ငန္းမ်ား ခ်ဳပ္ၿငိမ္းေစရန္ ႏိုင္ငံေရးနည္းလမ္းျဖင့္သာ ႀကိဳးပမ္းမည္ဟု ႏိုင္ငံေရးပါတီ(၂၇)ပါတီ ထုတ္ျပန္

သန႔္ဇင္ (NP News) - ဇူလိုင္ ၂၅

ျမန္မာ့ေျမေပၚမွ အၾကမ္းဖက္မႈလုပ္ငန္းမ်ား ခ်ဳပ္ၿငိမ္းေစရန္ ႏိုင္ငံေရးနည္းလမ္းျဖင့္သာ ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီ (၂၇)ပါတီ၏ ထုတ္ျပန္ခ်က္တြင္ထည့္သြင္းေရးသားထားသည္။

အဆိုပါထုတ္ျပန္ခ်က္ကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ ျမန္မာျပည္သူဒီမိုကရက္တစ္ပါတီ၊ ဒီမိုကေရစီပါတီသစ္(ခ်င္း)၊ တိုင္းရင္သားစည္းလုံးညီၫြတ္ေရးပါတီ ႏွင့္ ရခိုင္ျပည္နယ္ အမ်ိဳးသားအင္အားစုပါတီအပါအဝင္ ႏိုင္ငံေရးပါတီ(၂၇)ပါတီက ဇူလိုင္လ ၂၄ ရက္ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

NUG၊ CRPH၊ PDF၊ MNDAA၊ TNLA၊ AA အပါအဝင္ လက္နက္ကိုင္အဖြဲ႕အ စည္းမ်ား၊ NCA စာခ်ဳပ္အား ေသြဖည္၊ ခ်ိဳးေဖာက္သြားၾကသည့္ လက္နက္ ကိုင္အဖြဲ႕အစည္းအခ်ိဳ႕တို႔ႏွင့္ ၎တို႔အား ကူညီအားေပးေထာက္ပံ့ေနၾကေသာ ျပည္တြင္း ျပည္ပမွ လူပုဂၢိဳလ္၊ အဖြဲ႕အစည္း အခ်ိဳ႕တို႔သည္ ဒို႔တာဝန္အေရးသုံးပါကို ဖ်က္ဆီးေနၾကသူမ်ားျဖစ္ေၾကာင္း ထုတ္ခ်က္တြင္ေဖာ္ျပထားသည္။ ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရ၏ ေ႐ြးေကာက္ပြဲက်င္းပေပးရန္ ျပင္ဆင္ေနမႈအား အၾကမ္းဖက္မႈကို လက္မခံၾကသည့္ သန္းေပါင္းမ်ားစြာေသာျပည္သူမ်ားကိုကိုယ္စားျပဳ၍ ႏိုင္ငံေရးပါတီမ်ားက အျပည့္အဝေထာက္ခံႀကိဳဆိုေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ျမန္မာ့ေျမေပၚမွ အၾကမ္းဖက္မႈလုပ္ငန္း စဥ္မ်ား ခ်ဳပ္ၿငိမ္းေစေရးတို႔အတြက္ ႏိုင္ငံေရးပါတီမ်ားက ႏိုင္ငံေရးနည္းလမ္းျဖင့္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။ “တခ်ိဳ႕ဟာေတြက ေျမျပင္မွာ NCA ကိုေသြဖည္ၿပီး အၾကမ္းဖက္လုပ္ရက္ေတြ လုပ္ေနတယ္ေလ။ နစက ကလည္းတက္လာတည္းက လမ္းျပေျမပုံမွာ အခ်က္(၅)ခ်က္မွာ ေ႐ြးေကာက္ပြဲလုပ္ေပးမယ္လို႔ေျပာတယ္ေလ။ သူတို႔(လက္နက္ကိုင္အဖြဲ႕ေတြ)ကေတာ့ နယ္ေျမရရွိေရးလုပ္ေနတဲ့အတြက္ ေ႐ြးေကာက္ပြဲကို ေသြဖည္တာပဲေလ။ သူတို႔ကလည္း စစ္ေရးနဲ႔မသက္ဆိုင္တဲ့ အရပ္ဖက္ပစ္မွတ္ေတြကို သတ္တယ္၊ ျဖတ္တယ္၊ မီးရႈိ႕တယ္။ အဲဒါေၾကာင့္တို႔က ကမာၻသိေအာင္ေပါ့ေနာ္”ဟု ဒီမိုကရက္တစ္ပါတီ ဒုတိယဥကၠ႒ဦးတင္ေဆြက NP News ကိုေျပာသည္။

ေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္ေနသည့္ သတင္းစကားသည္ ႏိုင္ငံေတာ္အတြက္ ျပည္သူလူထုမွ ေ႐ြးခ်ယ္တင္ေျမႇာက္ေသာ ဒီမိုကေရစီနည္းလမ္းတက် အစိုးရတစ္ရပ္ ျဖစ္ေပၚလာေစရန္ ရည္႐ြယ္ျခင္းျဖစ္၍ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားအတြက္ ထြက္ေပါက္မဟုတ္ပဲ ႏိုင္ငံေရးပါတီမ်ားအပါအဝင္ ျပည္သူလူထုတစ္ရပ္လုံးအတြက္ အေကာင္းမြန္အေခ်ာေမြ႕ဆုံး ထြက္ေပါက္လမ္းေၾကာင္းတစ္ခုျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

“ေ႐ြးေကာက္ပြဲဆိုတာက အကုန္လုံးအျမင္က တပ္မေတာ္ကေ႐ြးေကာက္ပြဲက သူတို႔ရဲ႕ထြက္ေပါက္ပဲ။ တကယ္ေတာ့ေ႐ြးေကာက္ပြဲ ျဖစ္သြားရင္ အရပ္သားအစိုးရျဖစ္လာမယ္ေလ။ အရပ္သားအစိုးရျဖစ္လာရင္ ႏိုင္ေတာ္နဲ႔အားလုံးအတြက္ျဖစ္သြားတယ္။ အဲဒါေၾကာင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္ျခင္းဟာ တပ္မေတာ္ရဲ႕ထြက္ေပါက္မဟုတ္ဘူး။ တစ္ႏိုင္ငံလုံးျပည္သူေတြရဲ႕ထြက္ေပါက္ပဲလို႔တို႔က ဆိုလိုတာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.