အမေရိကန်နှင့် မြန်မာ ရွေးကောက်ပွဲများ၏ ဒေသတွင်း အာဆီယံအဖွဲ့အပေါ် သက်ရောက်နိုင်မှုများ

 410

ALynn (NP News) - ဇူလိုင် ၂၆

နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲသည် လာအိုတွင် ယခုသီတင်းပတ်အတွင်း အာဆီယံမှ ထိပ်တန်းသံတမန်များ တွေ့ဆုံရာ၌ အထူးတလည်ဆွေးနွေးမည့် ခေါင်းစဉ်တစ်ခုဖြစ်လာသည်။ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် ရာထူးမှနုတ်ထွက်ပြီး ရီပတ်ဘလစ်ကန် ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့် လုပ်ကြံခံရခြင်း တို့ကြောင့် အမေရိကန်နိုင်ငံရေးတွင် နှစ်ပတ်ကြာ ရှုပ်ထွေးခဲ့ပြီးနောက် ယခုကဲ့သို့တွေ့ဆုံမှု ပေါ်ပေါက်လာ ခြင်းဖြစ် သည်။

သေလုမျောပါးဖြစ်ရပ်သည် သမ္မတဟောင်းထရမ့်အတွက် လူထုကြိုက်နှစ်သက်မှုနှုန်းကို မြင့်မားလာစေပြီး အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းသမ္မတအဖြစ် ရွေးကောက်ခံရခြင်း အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ထရမ့်သည် ကုန်သွယ်မှုပိုငွေပြမှု များ သို့မဟုတ် လိုငွေပြမှုများကဲ့သို့သော နယ်ပယ်များတွင် အာရုံစိုက်မှု များသည့်အတွက် ဘိုင်ဒန်ထက်ပို၍ အရောင်းအဝယ်ဖြစ်လိမ့်မည် ဟု Nanyang Technological University မှ ပါမောက္ခ Joseph Liow မှ ပြောကြားခဲ့သည်။
ဆိုလိုသည်မှာ စင်္ကာပူလို နိုင်ငံများက အမေရိကန်နှင့် ကုန်သွယ်မှုလိုငွေပြနေသောကြောင့် “ဘေးကင်းဇုန်” ထဲမှာ ရှိနေလိမ့်မည်ဖြစ်သည်။ သို့သော် ဗီယက်နမ်ကဲ့သို့ နိုင်ငံများသည် အကျပ်ရိုက်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းက ဆိုသည်။ တစ်ဖက်တွင်မူ အမေရိကန်နှင့် ဗီယက်နမ်ကြား ဆက်ဆံရေးကို နှစ်ဖက်စလုံးမှ မြှင့်တင်ရာတွင် မဟာဗျူဟာတန်ဖိုးရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင်မူ ဗီယက်နမ်သည် အမေရိကန်နှင့် ကုန်သွယ်မှု ပိုငွေပြနေသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ကြမည့် အဓိက ကမ္ဘာလုံး ဆိုင်ရာအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးနှစ်ခုကို စနေနေ့ (ဇူလိုင်လ ၂၇ ရက်) တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပြုလုပ်မည်ဖြစ် သည်။
အကယ်၍ ထရမ့် အိမ်ဖြူတော်သို့ပြန်ရောက်လာပါက အပြန်အလှန်ထိန်းကျောင်းမှုများကို ပြန်လည်တည်ဆောက် သွားလိမ့်မည်ဖြစ်ကြောင်းပါမောက္ခ Liow မှ ပြောကြားခဲ့သည်။
“ထရမ့် အာဏာရလာရင် အရာအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်၊ ဒါကြောင့် ယူကရိန်းပဲဖြစ်ဖြစ်၊ ထိုင်ဝမ်ပြဿနာပဲ ဖြစ်ဖြစ်၊ ဂါဇာ၊ မြန်မာ၊ တောင်တရုတ်ပင်လယ် စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းမှာပါ” ဟု ပါမောက္ခ Liow က ပြော သည်။ သို့သော် ထရမ့်က တရုတ်နှင့် ဆက်ဆံရေးကို ဦးစားပေးမည်ဟု ၎င်းက ထပ်လောင်း ပြောသည်။ ထရမ့်နှင့် ၎င်း၏ ဒုတိယသမ္မတဖြစ်လာနိုင်သည့် JD Vance သည် ပိုမိုပြင်းထန်သော တရုတ်ဆန့်ကျင်ရေး ရပ်တည်ချက်ဖြင့် သွားနိုင်ကြောင်း လေ့လာသူများက ယခင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် အလားအလာရှိသော ရွေးကောက်ပွဲသည့် မရေရာမှုများ ပိုများလာ နိုင်သည်။ သို့သော် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအား အာဆီယံအစုအဖွဲ့အနေဖြင့် မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်သည်နှင့် ပတ်သက်၍ ရပ်တည်ချက်များ သို့မဟုတ် လမ်းညွှန်ချက်များ မရှိပါ။ ငြိမ်းချမ်းရေးအစီအစဉ်အဖြစ် အာဆီယံက ချမှတ်ထားသော တူညီဆန္ဒ (၅) ရပ်နှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာများ ရှိလာနိုင်သည်။

Zawgyi Version;
အေမရိကန္ႏွင့္ ျမန္မာ ေ႐ြးေကာက္ပြဲမ်ား၏ ေဒသတြင္း အာဆီယံအဖြဲ႕အေပၚ သက္ေရာက္ႏိုင္မႈမ်ား
ALynn (NP News) - ဇူလိုင္ ၂၆

ႏိုဝင္ဘာလတြင္ က်င္းပမည့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲသည္ လာအိုတြင္ ယခုသီတင္းပတ္အတြင္း အာဆီယံမွ ထိပ္တန္းသံတမန္မ်ား ေတြ႕ဆုံရာ၌ အထူးတလည္ေဆြးေႏြးမည့္ ေခါင္းစဥ္တစ္ခုျဖစ္လာသည္။ လက္ရွိ သမၼတ ဂ်ိဳးဘိုင္ဒန္ ရာထူးမွႏုတ္ထြက္ၿပီး ရီပတ္ဘလစ္ကန္ ပါတီမွ သမၼတေလာင္း ေဒၚနယ္ထရမ့္ လုပ္ႀကံခံရျခင္း တို႔ေၾကာင့္ အေမရိကန္ႏိုင္ငံေရးတြင္ ႏွစ္ပတ္ၾကာ ရႈပ္ေထြးခဲ့ၿပီးေနာက္ ယခုကဲ့သို႔ေတြ႕ဆုံမႈ ေပၚေပါက္လာ ျခင္းျဖစ္ သည္။

ေသလုေမ်ာပါးျဖစ္ရပ္သည္ သမၼတေဟာင္းထရမ့္အတြက္ လူထုႀကိဳက္ႏွစ္သက္မႈႏႈန္းကို ျမင့္မားလာေစၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသည္ ၎သမၼတအျဖစ္ ေ႐ြးေကာက္ခံရျခင္း အေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ လိုအပ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။ ထရမ့္သည္ ကုန္သြယ္မႈပိုေငြျပမႈ မ်ား သို႔မဟုတ္ လိုေငြျပမႈမ်ားကဲ့သို႔ေသာ နယ္ပယ္မ်ားတြင္ အာ႐ုံစိုက္မႈ မ်ားသည့္အတြက္ ဘိုင္ဒန္ထက္ပို၍ အေရာင္းအဝယ္ျဖစ္လိမ့္မည္ ဟု Nanyang Technological University မွ ပါေမာကၡ Joseph Liow မွ ေျပာၾကားခဲ့သည္။
ဆိုလိုသည္မွာ စကၤာပူလို ႏိုင္ငံမ်ားက အေမရိကန္ႏွင့္ ကုန္သြယ္မႈလိုေငြျပေနေသာေၾကာင့္ “ေဘးကင္းဇုန္” ထဲမွာ ရွိေနလိမ့္မည္ျဖစ္သည္။ သို႔ေသာ္ ဗီယက္နမ္ကဲ့သို႔ ႏိုင္ငံမ်ားသည္ အက်ပ္႐ိုက္မႈမ်ားႏွင့္ ရင္ဆိုင္ရလိမ့္မည္ဟု ၎က ဆိုသည္။ တစ္ဖက္တြင္မူ အေမရိကန္ႏွင့္ ဗီယက္နမ္ၾကား ဆက္ဆံေရးကို ႏွစ္ဖက္စလုံးမွ ျမႇင့္တင္ရာတြင္ မဟာဗ်ဴဟာတန္ဖိုးရွိေၾကာင္း ၎က ေျပာၾကားခဲ့သည္။ အျခားတစ္ဖက္တြင္မူ ဗီယက္နမ္သည္ အေမရိကန္ႏွင့္ ကုန္သြယ္မႈ ပိုေငြျပေနသည္။

အေမရိကန္၊ ဥေရာပသမဂၢ၊ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔မွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကမည့္ အဓိက ကမာၻလုံး ဆိုင္ရာအေရးကိစၥမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ စီစဥ္ထားသည့္ ထိပ္သီးအစည္းအေဝးႏွစ္ခုကို စေနေန႔ (ဇူလိုင္လ ၂၇ ရက္) တြင္ က်င္းပမည္ျဖစ္ၿပီး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးအၿပီးတြင္ ျပဳလုပ္မည္ျဖစ္ သည္။
အကယ္၍ ထရမ့္ အိမ္ျဖဴေတာ္သို႔ျပန္ေရာက္လာပါက အျပန္အလွန္ထိန္းေက်ာင္းမႈမ်ားကို ျပန္လည္တည္ေဆာက္ သြားလိမ့္မည္ျဖစ္ေၾကာင္းပါေမာကၡ Liow မွ ေျပာၾကားခဲ့သည္။
“ထရမ့္ အာဏာရလာရင္ အရာအားလုံးကို ေျဖရွင္းႏိုင္လိမ့္မယ္၊ ဒါေၾကာင့္ ယူကရိန္းပဲျဖစ္ျဖစ္၊ ထိုင္ဝမ္ျပႆနာပဲ ျဖစ္ျဖစ္၊ ဂါဇာ၊ ျမန္မာ၊ ေတာင္တ႐ုတ္ပင္လယ္ စတဲ့ ျပႆနာအားလုံးကို ေျဖရွင္းမွာပါ” ဟု ပါေမာကၡ Liow က ေျပာ သည္။ သို႔ေသာ္ ထရမ့္က တ႐ုတ္ႏွင့္ ဆက္ဆံေရးကို ဦးစားေပးမည္ဟု ၎က ထပ္ေလာင္း ေျပာသည္။ ထရမ့္ႏွင့္ ၎၏ ဒုတိယသမၼတျဖစ္လာႏိုင္သည့္ JD Vance သည္ ပိုမိုျပင္းထန္ေသာ တ႐ုတ္ဆန႔္က်င္ေရး ရပ္တည္ခ်က္ျဖင့္ သြားႏိုင္ေၾကာင္း ေလ့လာသူမ်ားက ယခင္က ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံတြင္ က်င္းပမည့္ အလားအလာရွိေသာ ေ႐ြးေကာက္ပြဲသည့္ မေရရာမႈမ်ား ပိုမ်ားလာ ႏိုင္သည္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲအၿပီး ျမန္မာႏိုင္ငံအား အာဆီယံအစုအဖြဲ႕အေနျဖင့္ မည္သို႔ တုံ႔ျပန္ေဆာင္႐ြက္သင့္သည္ႏွင့္ ပတ္သက္၍ ရပ္တည္ခ်က္မ်ား သို႔မဟုတ္ လမ္းၫႊန္ခ်က္မ်ား မရွိပါ။ ၿငိမ္းခ်မ္းေရးအစီအစဥ္အျဖစ္ အာဆီယံက ခ်မွတ္ထားေသာ တူညီဆႏၵ (၅) ရပ္ႏွင့္ ပတ္သက္၍လည္း ေမးခြန္းထုတ္စရာမ်ား ရွိလာႏိုင္သည္။

Related news

© 2021. All rights reserved.