ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းရှိ အုတ်တံတိုင်းပြိုကျ၍ ကား(၆)စီး ပိမိမှုဖြစ်ပွား

 24737

သန့်ဇင် (NP News) - ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းရှိအုတ်တံတိုင်းပြိုကျ၍ ကား(၆)စီး ပိမိသွားခဲ့ကြောင်း ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အုတ်တံတိုင်းပြိုကျမှုသည် ယနေ့(ဇူလိုင်လ ၂၇ရက်)၊ နံနက် ၁၁နာရီခွဲဝန်းကျင်အချိန်ခန့်က စမ်းချောင်းမြို့နယ်၊ ကျွန်းတော်လမ်း၊ ဘီးလင်းဘုန်းကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးများပြီးတော့ ဘီးလင်းကျောင်းကအုတ်တံတိုင်း ပြိုတာပါ။ ကား(၆)စီးကတော့ အုတ်တံတိုင်းပိသွားတာ။ ပိတာကလည်း ကားနောက်ပိုင်းတွေပဲပိတာပါ။အခုတော့ ကား(၃)စီးဆွဲထုတ်ထားပါတယ်။ အဲဒီကအုတ်တံတိုင်းကတော့ အမြင့် (၈)ပေနဲ့ အရှည် ပေ(၉၀)နီးပါးလောက် ပြိုကျတာပါ”ဟု ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အုတ်တံတိုင်းပြိုကျမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရပ်ထားသည့် ကား(၅)စီး၏ ကားနောက်ပိုင်းများ အုတ်တံတိုင်းပိမိခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

“အဲဒီမှာ ရှင်းလင်းရေးလုပ်နေရင်းနဲ့ အေးစေတီကျောင်းက အုတ်တံတိုင်းကထပ်ပြိုတာ။ အဲဒီမှာလည်း ပျက်စီးတာမရှိပါဘူး။ အဲဒီဘက်ကနေ ထပ်ဖယ်ဖို့လုပ်ရပါတယ်။ ဒါမျိုးတွေက မိုးများပြီး ရေဝင်ပြီးဖြစ်တာဆိုတော့ဖြစ်လေ့ဖြစ်ထရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှုများအား စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့အပါအဝင် အခြားလူမှုကူညီရေးအသင်းများက ဖယ်ရှားရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဘုန္းႀကီးေက်ာင္းရွိ အုတ္တံတိုင္းၿပိဳက်၍ ကား(၆)စီး ပိမိမှုဖြစ်ပွား

သန႔္ဇင္ (NP News) - ဇူလိုင္ ၂၇

ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဘုန္းႀကီးေက်ာင္းရွိအုတ္တံတိုင္းၿပိဳက်၍ ကား(၆)စီး ပိမိသြားခဲ့ေၾကာင္း ျပည္သူ+လူ႐ႊင္ေတာ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အုတ္တံတိုင္းၿပိဳက်မႈသည္ ယေန႔(ဇူလိုင္လ ၂၇ရက္)၊ နံနက္ ၁၁နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က စမ္းေခ်ာင္းၿမိဳ႕နယ္၊ ကြၽန္းေတာ္လမ္း၊ ဘီးလင္းဘုန္းႀကီးေက်ာင္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မိုးမ်ားၿပီးေတာ့ ဘီးလင္းေက်ာင္းကအုတ္တံတိုင္း ၿပိဳတာပါ။ ကား(၆)စီးကေတာ့ အုတ္တံတိုင္းပိသြားတာ။ ပိတာကလည္း ကားေနာက္ပိုင္းေတြပဲပိတာပါ။အခုေတာ့ ကား(၃)စီးဆြဲထုတ္ထားပါတယ္။ အဲဒီကအုတ္တံတိုင္းကေတာ့ အျမင့္ (၈)ေပနဲ႔ အရွည္ ေပ(၉၀)နီးပါးေလာက္ ၿပိဳက်တာပါ”ဟု ျပည္သူ+လူ႐ႊင္ေတာ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အုတ္တံတိုင္းၿပိဳက်မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ရပ္ထားသည့္ ကား(၅)စီး၏ ကားေနာက္ပိုင္းမ်ား အုတ္တံတိုင္းပိမိခဲ့ၿပီး ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။

“အဲဒီမွာ ရွင္းလင္းေရးလုပ္ေနရင္းနဲ႔ ေအးေစတီေက်ာင္းက အုတ္တံတိုင္းကထပ္ၿပိဳတာ။ အဲဒီမွာလည္း ပ်က္စီးတာမရွိပါဘူး။ အဲဒီဘက္ကေန ထပ္ဖယ္ဖို႔လုပ္ရပါတယ္။ ဒါမ်ိဳးေတြက မိုးမ်ားၿပီး ေရဝင္ၿပီးျဖစ္တာဆိုေတာ့ျဖစ္ေလ့ျဖစ္ထရွိပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ထိခိုက္ပ်က္စီးမႈမ်ားအား စမ္းေခ်ာင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕အပါအဝင္ အျခားလူမႈကူညီေရးအသင္းမ်ားက ဖယ္ရွားရွင္းလင္းေရးမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.