ရုရှားထံကသိမ်းယူထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ (၁ ဒသမ ၆)ဘီလျံအား ယူကရိန်းကို ကူညီထောက်ပံ့ပေးခဲ့ဟု ဥရောပသမဂ္ဂပြော

 992

ဂျန်ဇက် (NP News) - ဇူလိုင် ၂၇

ဥရောပသမဂ္ဂဟာ ရုရှားနိုင်ငံထံကနေ သိမ်းယူထားတဲ့ငွေကြေးများအနက်မှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၆ ) ဘီလျံကို ယူကရိန်းနိုင်ငံကို လွှဲပြောင်းကူညီပေးခဲ့ကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဟာ ရုရှားဗဟိုဘဏ်က အပ်နှံထားတဲ့ငွေကြေးများကို သိမ်းဆည်းပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းများတပ်ဆင်ပေးဖို့နဲ့စစ်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာအသုံးချဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ဥရောပသမဂ္ဂဟာ ရုရှားဗဟိုဘဏ်ထံကနေ ယူရို ၂၀၀ ဘီလျံ သိမ်းဆည်းခဲ့ပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့အစီအစဉ်တွေရှိနေကြောင်း အစောပိုင်းကတည်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဥရောပသမဂ္ဂအဖွဲ့အကြီးအကဲက "ယူကရိန်းနဲ့အတူ ရပ်တည်သွားမယ်။ ကျွန်မတို့ဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကူညီထောက်ပံ့ပေးထားတယ်။ အဲဒီပိုက်ဆံတွေဟာ ရုရှားနိုင်ငံထံကနေ သိမ်းယူထားတဲ့ပိုက်ဆံတွေသာဖြစ်တယ်"လို့ ပြောပါတယ်။

ရုရှားအစိုးရဟာ ၎င်းတို့ပိုင်ဆိုင်မှုများ သိမ်းယူခြင်းနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂကို သတိပေးထားပြီး တူညီတဲ့တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးခဲ့ပြီး ရုရှားကို ပိတ်ဆို့မှုတွေချမှတ်ခဲ့ရာ တင်းမာမှုတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းအစိုးရကတော့ ဥရောပသမဂ္ဂအဖွဲ့ရဲ့ကူညီထောက်ပံ့ပေးခြင်းတွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရကတော့ ဥရောပသမဂ္ဂရဲ့လုပ်ရပ်တွေဟာ တရားမဝင်လုပ်ရပ်မျိုးသာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန်(၂)နှစ်ကျော်ကြာမြင့်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။

zawgyi version
႐ုရွားထံကသိမ္းယူထားတဲ့ေငြေၾကးမ်ားအနက္မွ ေဒၚလာ (၁ ဒသမ ၆)ဘီလ်ံအား ယူကရိန္းကို ကူညီေထာက္ပံ့ေပးခဲ့ဟု ဥေရာပသမဂၢေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၇

ဥေရာပသမဂၢဟာ ႐ုရွားႏိုင္ငံထံကေန သိမ္းယူထားတဲ့ေငြေၾကးမ်ားအနက္မွ အေမရိကန္ေဒၚလာ (၁ ဒသမ ၆ ) ဘီလ်ံကို ယူကရိန္းႏိုင္ငံကို လႊဲေျပာင္းကူညီေပးခဲ့ေၾကာင္းသိရပါတယ္။ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ ႐ုရွားဗဟိုဘဏ္က အပ္ႏွံထားတဲ့ေငြေၾကးမ်ားကို သိမ္းဆည္းၿပီး ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားတပ္ဆင္ေပးဖို႔နဲ႔စစ္ပြဲအၿပီး ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြမွာအသုံးခ်ဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

ဥေရာပသမဂၢဟာ ႐ုရွားဗဟိုဘဏ္ထံကေန ယူ႐ို ၂၀၀ ဘီလ်ံ သိမ္းဆည္းခဲ့ၿပီး ယူကရိန္းကို ကူညီေထာက္ပံ့ေပးဖို႔အစီအစဥ္ေတြရွိေနေၾကာင္း အေစာပိုင္းကတည္းက သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။ ဥေရာပသမဂၢအဖြဲ႕အႀကီးအကဲက "ယူကရိန္းနဲ႔အတူ ရပ္တည္သြားမယ္။ ကြၽန္မတို႔ဟာ ယူကရိန္းကို အေမရိကန္ေဒၚလာ ၁ ဒသမ ၆ ဘီလ်ံကူညီေထာက္ပံ့ေပးထားတယ္။ အဲဒီပိုက္ဆံေတြဟာ ႐ုရွားႏိုင္ငံထံကေန သိမ္းယူထားတဲ့ပိုက္ဆံေတြသာျဖစ္တယ္"လို႔ ေျပာပါတယ္။

႐ုရွားအစိုးရဟာ ၎တို႔ပိုင္ဆိုင္မႈမ်ား သိမ္းယူျခင္းနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢကို သတိေပးထားၿပီး တူညီတဲ့တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဥေရာပသမဂၢဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ကူညီေထာက္ပံ့ေပးခဲ့ၿပီး ႐ုရွားကို ပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ရာ တင္းမာမႈေတြျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းအစိုးရကေတာ့ ဥေရာပသမဂၢအဖြဲ႕ရဲ႕ကူညီေထာက္ပံ့ေပးျခင္းေတြကို ေက်းဇူးတင္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားအစိုးရကေတာ့ ဥေရာပသမဂၢရဲ႕လုပ္ရပ္ေတြဟာ တရားမဝင္လုပ္ရပ္မ်ိဳးသာျဖစ္တယ္လို႔ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ၾကာျမင့္ေနေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.