ရုရှားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကာတာကျိုးပေါက်မှုဖြစ်ပွား
2480
Pika (NP News) - ဇူလိုင် ၂၇
ဇူလိုင်လ(၂၆)ရက်က ရုရှားနိုင်ငံအလယ်ပိုင်း Chelyabinsk ဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကာတာကျိုးပေါက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ရေကာတာကျိုးပေါက်မှုကြောင့် အနီးအနားမှာရှိတဲ့ ရွာအများအပြားက လူတွေကို ရွှေ့ပြောင်းကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီဆည်ရဲ့မီတာ(၁၀၀)လောက်ရှိတဲ့အပိုင်းက ကျိုးပေါက်သွားခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့ ရွာလေးရွာမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ Chelyabinsk ဒေသဆိုင်ရာအစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လူပေါင်း(၂၀၀)ခန့်ဟာ ရေဘေးအန္တရာယ်နဲ့ကြုံတွေ့နေရပြီး ဒါဇင်နဲ့ချီတဲ့လူတွေကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။ ရေကာတာကျိုးပေါက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ဒါမှမဟုတ် သေဆုံးသူတွေနဲ့ပတ်သက်ပြီး အစီရင်ခံတာမျိုးတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနနဲ့ Karabash မြို့ဒေသဆိုင်ရာစင်တာက ကယ်ဆယ်ရေးအဖွဲ့တွေကို အဲဒီဧရိယာတွေကို စေလွှတ်ထားပြီး ကယ်ဆယ်ရေးစခန်းတွေကိုလည်း ထူထောင်ထားတယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။
Zawgyi Version;
႐ုရွားႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ ေရကာတာက်ိဳးေပါက္မႈျဖစ္ပြား
Pika (NP News) - ဇူလိုင္ ၂၇
ဇူလိုင္လ(၂၆)ရက္က ႐ုရွားႏိုင္ငံအလယ္ပိုင္း Chelyabinsk ေဒသမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရကာတာက်ိဳးေပါက္မႈျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ေရကာတာက်ိဳးေပါက္မႈေၾကာင့္ အနီးအနားမွာရွိတဲ့ ႐ြာအမ်ားအျပားက လူေတြကို ေ႐ႊ႕ေျပာင္းကယ္ဆယ္ေရးေတြ လုပ္ေပးခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီဆည္ရဲ႕မီတာ(၁၀၀)ေလာက္ရွိတဲ့အပိုင္းက က်ိဳးေပါက္သြားခဲ့တာျဖစ္ၿပီး အနီးအနားမွာရွိတဲ့ ႐ြာေလး႐ြာမွာ ေရႀကီးမႈေတြျဖစ္ေပၚခဲ့တယ္လို႔ Chelyabinsk ေဒသဆိုင္ရာအစိုးရက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လူေပါင္း(၂၀၀)ခန႔္ဟာ ေရေဘးအႏၲရာယ္နဲ႔ႀကဳံေတြ႕ေနရၿပီး ဒါဇင္နဲ႔ခ်ီတဲ့လူေတြကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးထားတယ္လို႔ သိရပါတယ္။ ေရကာတာက်ိဳးေပါက္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိသူ ဒါမွမဟုတ္ ေသဆုံးသူေတြနဲ႔ပတ္သက္ၿပီး အစီရင္ခံတာမ်ိဳးေတြ မရွိေသးဘူးလို႔လည္း သိရပါတယ္။
႐ုရွားအေရးေပၚဝန္ႀကီးဌာနနဲ႔ Karabash ၿမိဳ႕ေဒသဆိုင္ရာစင္တာက ကယ္ဆယ္ေရးအဖြဲ႕ေတြကို အဲဒီဧရိယာေတြကို ေစလႊတ္ထားၿပီး ကယ္ဆယ္ေရးစခန္းေတြကိုလည္း ထူေထာင္ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။