အရှေ့တောင်အာရှအရေးနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှုတွေကို လက်တုံ့ပြန်ဖို့ တရုတ်နဲ့ရုရှားအစိုးရတို့ ကတိပြု
6785
Pika (NP News) - ဇူလိုင် ၂၇
အရှေ့တောင်အာရှအရေးနဲ့ပတ်သက်ပြီး ဒေသတွင်းနဲ့ ပြင်ပတပ်ဖွဲ့တွေရဲ့ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေကို တုံ့ပြန်မှုတွေလုပ်ဆောင်သွားဖို့ တရုတ်နဲ့ ရုရှားတို့က ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။ ကတိပြုမှုတွေ လုပ်ဆောင်ပြီးနောက် ဇူလိုင်လ(၂၆)ရက်မှာ တရုတ်နဲ့ရုရှားတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အရှေ့တောင်အာရှမှာ ရှိတဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်တို့ဟာ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့မှာကျင်းပတဲ့ အာဆီယံအဖွဲ့ရဲ့သုံးရက်ကြာအစည်းအဝေးကို တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
၎င်းတို့နှစ်ဦးစလုံးဟာ အာဆီယံအဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သလို ဝမ်ယိ ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအသစ် ဒေးဗစ်လမ်မီနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ(၂၅)ရက်မှာ ဝမ်ယိနဲ့ ဆာဂေးလာရော့ဗ်တို့ဟာ အရှေ့တောင်အာရှအရေးနဲ့ပတ်သက်ပြီး ဒေသတွင်းနဲ့ ပြင်ပတပ်ဖွဲ့တွေရဲ့ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေကို တုံ့ပြန်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့ သဘောတူခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ၎င်းတို့နှစ်ဦးစလုံးဟာ Eurasia တိုက်ကြီးမှာ လုံခြုံရေးဗိသုကာအသစ်ကို အကောင်အထည်ဖော်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက် အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားနဲ့ စီးပွားရေးအရ ရင်းနှီးတဲ့မိတ်ဖက်နိုင်ငံဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ တရုတ်နိုင်ငံကို ရုရှား-ယူကရိန်းပဋိပက္ခအတွက် အဆုံးအဖြတ်ပေးသူအဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
အေရွ႕ေတာင္အာရွအေရးနဲ႔ပတ္သက္ၿပီး ဝင္ေရာက္စြက္ဖက္မႈေတြကို လက္တုံ႔ျပန္ဖို႔ တ႐ုတ္နဲ႔႐ုရွားအစိုးရတို႔ ကတိျပဳ
Pika (NP News) - ဇူလိုင္ ၂၇
အေရွ႕ေတာင္အာရွအေရးနဲ႔ပတ္သက္ၿပီး ေဒသတြင္းနဲ႔ ျပင္ပတပ္ဖြဲ႕ေတြရဲ႕ဝင္ေရာက္စြက္ဖက္ဖို႔ ႀကိဳးပမ္းမႈေတြကို တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားဖို႔ တ႐ုတ္နဲ႔ ႐ုရွားတို႔က ကတိျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။ ကတိျပဳမႈေတြ လုပ္ေဆာင္ၿပီးေနာက္ ဇူလိုင္လ(၂၆)ရက္မွာ တ႐ုတ္နဲ႔႐ုရွားတို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ အေရွ႕ေတာင္အာရွမွာ ရွိတဲ့ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္တို႔ဟာ လာအိုႏိုင္ငံ ဗီယင္က်န္း ၿမိဳ႕မွာက်င္းပတဲ့ အာဆီယံအဖြဲ႕ရဲ႕သုံးရက္ၾကာအစည္းအေဝးကို တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
၎တို႔ႏွစ္ဦးစလုံးဟာ အာဆီယံအဖြဲ႕ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့သလို ဝမ္ယိ ဟာ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ေဒးဗစ္လမ္မီနဲ႔လည္း ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။
ဇူလိုင္လ(၂၅)ရက္မွာ ဝမ္ယိနဲ႔ ဆာေဂးလာေရာ့ဗ္တို႔ဟာ အေရွ႕ေတာင္အာရွအေရးနဲ႔ပတ္သက္ၿပီး ေဒသတြင္းနဲ႔ ျပင္ပတပ္ဖြဲ႕ေတြရဲ႕ဝင္ေရာက္စြက္ဖက္ဖို႔ ႀကိဳးပမ္းမႈေတြကို တုံ႔ျပန္ဖို႔အတြက္ အတူတကြ လက္တြဲလုပ္ေဆာင္ၾကဖို႔ သေဘာတူခဲ့တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
ဒါ့ျပင္ ၎တို႔ႏွစ္ဦးစလုံးဟာ Eurasia တိုက္ႀကီးမွာ လုံၿခဳံေရးဗိသုကာအသစ္ကို အေကာင္အထည္ေဖာ္ဖို႔လည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္ အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ႐ုရွားနဲ႔ စီးပြားေရးအရ ရင္းႏွီးတဲ့မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ တ႐ုတ္ႏိုင္ငံကို ႐ုရွား-ယူကရိန္းပဋိပကၡအတြက္ အဆုံးအျဖတ္ေပးသူအျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။