စင်ကာပူမှာ အထပ်မြင့်မှ အမှိုက်ပစ်ချခြင်းအတွက် ဒဏ်ငွေ ဒေါ်လာ ၇ဝဝ ချမှတ်
5986
ရောင်နီ (NP News) - ဇူလိုင် ၂၇
စင်ကာပူနိုင်ငံ၊ HDB တိုက်ခန်းပိုင်ရှင်နှစ်ဦးဟာ အထပ်မြင့်မှ အမှိုက်ပစ်ချခြင်းကြောင့် ဒေါ်လာ ၇၀၀ ဒဏ်ရိုက်ခံခဲ့ရ ပါတယ်။
အဆိုပါ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အထပ်မြင့်မှ အမှိုက်ပစ်ချခြင်းအတွက် ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံရသူတွေဖြစ်ကြပါတယ်။
အမျိုးသားဟာ Bedok North Street 2 ရှိ ၎င်းနေထိုင်ရာ ယူနစ်ရဲ့အိမ်သာပြတင်းပေါက်ကနေ အရာဝတ္ထုတစ်ခုကို ပစ်ချခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်က ဒဏ်ငွေဒေါ်လာ ၇၀၀ ချမှတ်ခံခဲ့ရတာဖြစ်ပြီး အမျိုးသမီးကတော့ အန်းမိုကီလမ်း ၅၂ ရှိ သူမနေထိုင်ရာ ယူနစ်၊ မီးဖိုချောင်ပြတင်းပေါက်မှ အစားအသောက်အကြွင်းအကျန်တွေနဲ့ အရည်တွေ စွန့်ပစ်ခြင်းအတွက် ဇွန်လ ၂၅ ရက်က အလားတူ ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စင်ကာပူမှာ တိုက်ခန်းနေသူတွေရဲ့အရာဝတ္ထု၊ အမှိုက်တွေ စည်းကမ်းမဲ့ ပစ်ချခြင်းကို တားဆီးဖို့အတွက် ဒဏ်ငွေ ချမှတ်တဲ့ဥပဒေဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်ကစ အသက်ဝင်ခဲ့တာဖြစ်ပါတယ်။
လူနေတိုက်ခန်းမှာ အမှိုက်ပစ်ခြင်းအတွက် အပြစ်ရှိသူတွေဟာ ၄င်းတို့ရဲ့ပထမအကြိမ် ပြစ်မှုထင်ရှားခြင်းအတွက် အများဆုံး ဒေါ်လာ ၂၀၀၀၊ ဒုတိယတစ်ကြိမ်အတွက် ဒေါ်လာ ၄၀၀၀၊ တတိယအကြိမ်နဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်တွေအတွက် ဒေါ်လာ ၁၀၀၀၀ အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Zawgyi Version;
စင္ကာပူမွာ အထပ္ျမင့္မွ အမႈိက္ပစ္ခ်ျခင္းအတြက္ ဒဏ္ေငြ ေဒၚလာ ၇ဝဝ ခ်မွတ္
ေရာင္နီ (NP News) - ဇူလိုင္ ၂၇
စင္ကာပူႏိုင္ငံ၊ HDB တိုက္ခန္းပိုင္ရွင္ႏွစ္ဦးဟာ အထပ္ျမင့္မွ အမႈိက္ပစ္ခ်ျခင္းေၾကာင့္ ေဒၚလာ ၇၀၀ ဒဏ္႐ိုက္ခံခဲ့ရ ပါတယ္။
အဆိုပါ အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ အသက္ ၄၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ အထပ္ျမင့္မွ အမႈိက္ပစ္ခ်ျခင္းအတြက္ ပထမဆုံး ျပစ္ဒဏ္ခ်မွတ္ခံရသူေတြျဖစ္ၾကပါတယ္။
အမ်ိဳးသားဟာ Bedok North Street 2 ရွိ ၎ေနထိုင္ရာ ယူနစ္ရဲ႕အိမ္သာျပတင္းေပါက္ကေန အရာဝတၳဳတစ္ခုကို ပစ္ခ်ျခင္းျဖစ္ၿပီး ဇြန္ ၁၁ ရက္က ဒဏ္ေငြေဒၚလာ ၇၀၀ ခ်မွတ္ခံခဲ့ရတာျဖစ္ၿပီး အမ်ိဳးသမီးကေတာ့ အန္းမိုကီလမ္း ၅၂ ရွိ သူမေနထိုင္ရာ ယူနစ္၊ မီးဖိုေခ်ာင္ျပတင္းေပါက္မွ အစားအေသာက္အႂကြင္းအက်န္ေတြနဲ႔ အရည္ေတြ စြန႔္ပစ္ျခင္းအတြက္ ဇြန္လ ၂၅ ရက္က အလားတူ ဒဏ္႐ိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
စင္ကာပူမွာ တိုက္ခန္းေနသူေတြရဲ႕အရာဝတၳဳ၊ အမႈိက္ေတြ စည္းကမ္းမဲ့ ပစ္ခ်ျခင္းကို တားဆီးဖို႔အတြက္ ဒဏ္ေငြ ခ်မွတ္တဲ့ဥပေဒဟာ ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၁ ရက္ကစ အသက္ဝင္ခဲ့တာျဖစ္ပါတယ္။
လူေနတိုက္ခန္းမွာ အမႈိက္ပစ္ျခင္းအတြက္ အျပစ္ရွိသူေတြဟာ ၄င္းတို႔ရဲ႕ပထမအႀကိမ္ ျပစ္မႈထင္ရွားျခင္းအတြက္ အမ်ားဆုံး ေဒၚလာ ၂၀၀၀၊ ဒုတိယတစ္ႀကိမ္အတြက္ ေဒၚလာ ၄၀၀၀၊ တတိယအႀကိမ္နဲ႔ ေနာက္ဆက္တြဲ ျပစ္ဒဏ္ေတြအတြက္ ေဒၚလာ ၁၀၀၀၀ အထိ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။