အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ တောင်ကိုရီယားကို မြောင်ကိုရီးယားလို့ မှားယွင်းကြေညာမိခဲ့တဲ့အတွက် IOC က ပြန်တောင်းပန်
2990
ရောင်နီ (NP News) - ဇူလိုင် ၂၈
နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြုလုပ်တဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ တောင်ကိုရီးယားနိုင်ငံအမည်ကို မှားယွင်းခေါ်ဆိုမိခဲ့တဲ့အတွက် ဇူလိုင် ၂၇ ရက်က တောင်းပန်ခဲ့ပါ တယ်။
IOC က ပြိုင်ပွဲမှာ တောင်ကိုရီးယားရဲ့နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့ကို ပြင်သစ်ဘာသာနဲ့ "Republique populaire democratique de Coree" ၊ အင်္ဂလိပ်လို "Democratic People's Republic of Korea" လို့ မြောက်ကိုရီးယားရဲ့တရားဝင်အမည်နဲ့ မှားယွင်း မိတ်ဆက်ပေးမိခဲ့တာပါ။ အဆိုပါအမှားအယွင်းဟာ နျူကလီးယား လက်နက်ကိုင်ဆောင်ထားပြီး ဆင်းရဲနွမ်းပါးတဲ့ မြောက်ကိုရီးယားနဲ့ ကာလကြာရှည် စည်းခြားနေထိုင်တဲ့ တောင်ကိုရီးယားရဲ့မကျေနပ်တဲ့ တုံ့ပြန်မှုတွေ ရှိလာခဲ့ပါတယ်။
တောင်ကိုရီးယားအားကစားဝန်ကြီးဌာနကလည်း အဆိုပါဖြစ်ရပ်အတွက် စိတ်မချမ်းမသာဖြစ်မိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် IOC ကလည်း ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်ကိုရီးယားအားကစားဒုတိယ၀န်ကြီး ဂျန်မီရန်က IOC အကြီးအကဲ သောမတ်ဘက်ချ် နဲ့တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
၂၀၂၄ ခုနှစ်ရဲ့အိုလံပစ်ပြိုင်ပွဲမှာ အမှားအယွင်းဖြစ်ခဲ့တာ ဒါတစ်ခုတည်း မဟုတ်ပါဘူး။ ဖွင့်ပွဲအခမ်းအနား ပြီးခါနီးအချိန်ကလည်း အီဖယ်မျှော်စင်အနီး Place du Trocadero မှာ အိုလံပစ်အလံကို ဇောက်ထိုးလွှင့်တင်မိခဲ့ သေးတယ်လို့ သိရပါတယ်။
အိုလံပစ္ဖြင့္ပြဲအခမ္းအနားမွာ ေတာင္ကိုရီယားကို ေျမာင္ကိုရီးယားလို႔ မွားယြင္းေၾကညာမိခဲ့တဲ့အတြက္ IOC က ျပန္ေတာင္းပန္
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
ႏိုင္ငံတကာအိုလံပစ္ေကာ္မတီ (IOC) ဟာ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ ျပဳလုပ္တဲ့ အိုလံပစ္အားကစားၿပိဳင္ပြဲ ဖြင့္ပြဲ အခမ္းအနားမွာ ေတာင္ကိုရီးယားႏိုင္ငံအမည္ကို မွားယြင္းေခၚဆိုမိခဲ့တဲ့အတြက္ ဇူလိုင္ ၂၇ ရက္က ေတာင္းပန္ခဲ့ပါ တယ္။
IOC က ၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားရဲ႕ႏိုင္ငံကိုယ္စားျပဳအားကစားအဖြဲ႕ကို ျပင္သစ္ဘာသာနဲ႔ "Republique populaire democratique de Coree" ၊ အဂၤလိပ္လို "Democratic People's Republic of Korea" လို႔ ေျမာက္ကိုရီးယားရဲ႕တရားဝင္အမည္နဲ႔ မွားယြင္း မိတ္ဆက္ေပးမိခဲ့တာပါ။ အဆိုပါအမွားအယြင္းဟာ န်ဴကလီးယား လက္နက္ကိုင္ေဆာင္ထားၿပီး ဆင္းရဲႏြမ္းပါးတဲ့ ေျမာက္ကိုရီးယားနဲ႔ ကာလၾကာရွည္ စည္းျခားေနထိုင္တဲ့ ေတာင္ကိုရီးယားရဲ႕မေက်နပ္တဲ့ တုံ႔ျပန္မႈေတြ ရွိလာခဲ့ပါတယ္။
ေတာင္ကိုရီးယားအားကစားဝန္ႀကီးဌာနကလည္း အဆိုပါျဖစ္ရပ္အတြက္ စိတ္မခ်မ္းမသာျဖစ္မိေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ဒီျဖစ္ရပ္အတြက္ IOC ကလည္း ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔ ေတာင္ကိုရီးယားအားကစားဒုတိယ၀န္ႀကီး ဂ်န္မီရန္က IOC အႀကီးအကဲ ေသာမတ္ဘက္ခ်္ နဲ႔ေတြ႕ဆုံဖို႔ ေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။
၂၀၂၄ ခုႏွစ္ရဲ႕အိုလံပစ္ၿပိဳင္ပြဲမွာ အမွားအယြင္းျဖစ္ခဲ့တာ ဒါတစ္ခုတည္း မဟုတ္ပါဘူး။ ဖြင့္ပြဲအခမ္းအနား ၿပီးခါနီးအခ်ိန္ကလည္း အီဖယ္ေမွ်ာ္စင္အနီး Place du Trocadero မွာ အိုလံပစ္အလံကို ေဇာက္ထိုးလႊင့္တင္မိခဲ့ ေသးတယ္လို႔ သိရပါတယ္။