ဩဂုတ်လတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်
1035
စော (NP News) - ဇူလိုင် ၂၈
လာမည့် ဩဂုတ်လတွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဇူလိုင်လ ၂၈ ရက်) ၌ ဩဂုတ်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီး အဆိုပါကာလတွင် အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးဇလ၏ ခန့်မှန်းချက်အရ သိရသည်။
မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင် ကြောင်း မိုးဇလမှ ဆိုထားသည်။
ထို့ပြင် နေပြည်တော် အပါအဝင် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာ နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၃ ရက်မှ ၂၉ ရက်ခန့်၊ နေပြည်တော်၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၂ ရက်ခန့် နှင့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် ၈ ရက် မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြို့ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့် နှင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။
အလားတူ သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် (၁)ကြိမ်ခန့် ၊သောင်းရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
Zawgyi Version;
ဩဂုတ္လတြင္ ဘဂၤလားပင္လယ္ေအာ္၌ မုန္တိုင္းငယ္ျဖစ္ေပၚလာႏိုင္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အႏွံ႔အျပားတြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္
ေစာ (NP News) - ဇူလိုင္ ၂၈
လာမည့္ ဩဂုတ္လတြင္ ဘဂၤလားပင္လယ္ေအာ္တြင္ မုန္တိုင္းငယ္ျဖစ္ေပၚလာႏိုင္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အႏွံ႔အျပားတြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ဇူလိုင္လ ၂၈ ရက္) ၌ ဩဂုတ္လ လပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္း (၂)ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး တစ္ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္ၿပီး အဆိုပါကာလတြင္ အေနာက္ေတာင္မုတ္သုံေလသည္ ကပၸလီပင္လယ္ျပင္ ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔၌ အားအသင့္အတင့္မွ အားေကာင္းႏိုင္ေၾကာင္း မိုးဇလ၏ ခန႔္မွန္းခ်က္အရ သိရသည္။
မိုး႐ြာသြန္းမႈအေျခအေနမွာ စစ္ကိုင္းတိုင္း(အထက္ပိုင္း)ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ ပိုႏိုင္ၿပီး တနသၤာရီတိုင္း၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ ေလ်ာ့နည္းႏိုင္ ေၾကာင္း မိုးဇလမွ ဆိုထားသည္။
ထို႔ျပင္ ေနျပည္ေတာ္ အပါအဝင္ စစ္ကိုင္းတိုင္း(ေအာက္ပိုင္း)၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာ ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
စစ္ကိုင္းတိုင္း(အထက္ပိုင္း)၊ ပဲခူးတိုင္း(အေရွ႕ပိုင္း)၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ၂၃ ရက္မွ ၂၉ ရက္ခန႔္၊ ေနျပည္ေတာ္၊ ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ကယား ျပည္နယ္တို႔တြင္ ၁၆ ရက္မွ ၂၂ ရက္ခန႔္ ႏွင့္ စစ္ကိုင္းတိုင္း(ေအာက္ပိုင္း)၊ မႏၲေလးတိုင္းႏွင့္ မေကြးတိုင္းတို႔တြင္ ၈ ရက္ မွ ၁၅ ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ဩဂုတ္လအတြင္း ဧရာဝတီျမစ္ေရသည္ ပခုကၠဴၿမိဳ႕၊ ေညာင္ဦးၿမိဳ႕၊ ဆိပ္သာၿမိဳ႕၊ ဟသၤာတၿမိဳ႕ႏွင့္ ဇလြန္ၿမိဳ႕ တို႔တြင္ (၁)ႀကိမ္ခန႔္စီ၊ ခ်င္းတြင္းျမစ္ေရသည္ ခႏၲီးၿမိဳ႕၊ ဟုမၼလင္းၿမိဳ႕၊ ေဖာင္းျပင္ၿမိဳ႕၊ ေမာ္လိုက္ၿမိဳ႕၊ ကေလးဝၿမိဳ႕၊ မင္းကင္းၿမိဳ႕၊ ကနီၿမိဳ႕ႏွင့္ မုံ႐ြာၿမိဳ႕တို႔တြင္ (၁)ႀကိမ္ခန႔္စီ၊ စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕ႏွင့္ မေဒါက္ၿမိဳ႕တို႔တြင္ (၁)ႀကိမ္ခန႔္စီ၊ ေ႐ႊက်င္ၿမိဳ႕ေရသည္ ေ႐ႊက်င္ၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္ ႏွင့္ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္ ယင္းၿမိဳ႕မ်ား၏ စိုးရိေရမွတ္ အသီးသီးအထက္သို႔ ေက်ာ္လြန္ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။
အလားတူ သံလြင္ျမစ္ေရသည္ ဘားအံ့ၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္ ၊ေသာင္းရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္၊ ငဝန္ျမစ္ေရသည္ ငါးသိုင္းေခ်ာင္းၿမိဳ႕၊ သာေပါင္းၿမိဳ႕ႏွင့္ ပုသိမ္ၿမိဳ႕တို႔တြင္ (၁)ႀကိမ္ခန႔္စီ၊ တိုးျမစ္ေရသည္ မအူပင္ၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္ႏွင့္ ဘီးလင္းျမစ္ေရသည္ ဘီးလင္းၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္ ယင္းၿမိဳ႕မ်ား၏ စိုးရိမ္ေရမွတ္ အသီးသီးအထက္သို႔ ေက်ာ္လြန္ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။