အစ္စရေးထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ ရော့ကဒ်ဒုံးကျည်ကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ၁၂ ဦး သေဆုံး
590
ဂျန်ဇက် (NP News) - ဇူလိုင် ၂၈
အစ္စရေးထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသရှိ ဘောလုံးကွင်းထဲကို ရော့ကဒ်ဒုံးကျည်ကျရောက်ပေါက်ကွဲမှု ကြောင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ အစ္စရေးအစိုးရက ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
အစ္စရေးအာဏာပိုင်တွေက အဲဒီတိုက်ခိုက်မှုတွေကို လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအုပ်စုက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်လည်ပေးဆပ်ရမယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ဟစ်ဘိုလာအုပ်စုကတော့ အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှု ဟာဂါဇာဒေသစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေး နဲ့ အစ္စထိန်းချုပ်ထားတဲ့ပိုင်နက်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ရတဲ့ တိုက်ခိုက်မှုဖြစ်စေခဲ့ပါတယ်။
အဆိုပါရော့ကဒ်ကျည်ဆံတွေဟာ ဂိုလန်ကုန်းမြင့်ဒေသရှိ Druze village of Majdal Shams ရွာရှိ ဘောလုံးကွင်းထဲကို ကျရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးဟာ အဆိုပါဂိုလန်ကုန်းမြင့်ဒေသကို ၁၉၆၇ ခုနှစ်က သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးအစိုးရက "ဟစ်ဘိုလာအုပ်စုဟာ ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်လည်ပေးဆပ်ရမယ်" လို့ ပြောပါတယ်။ ဟစ်ဘိုလာအုပ်စုဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံပိုင်နက်တွေကို ရော့ကဒ်ဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်နေခဲ့ရာ နှစ်ဖက်ကြားတင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။
Zawgyi Version;