နှစ်နိုင်ငံအကြား အကောက်ခွန်ဆိုင်ရာကိစ္စများနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားသံအမတ်တို့ဆွေးနွေး

 787

ယွန်း (NP News) - ဇူလိုင် ၂၈

နှစ်နိုင်ငံအကြား အကောက်ခွန်ဆိုင်ရာကိစ္စများနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး နှင့် ရုရှားသံအမတ်တို့ ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov တို့သည့် ဇူလိုင်(၂၆)ရက်၌ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် သိပ္ပံနည်းပညာ၊ အ‌‌ကောက်ခွန်ဆိုင်ရာကိစ္စများ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး နှင့် ယဥ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း‌ဆောင်ရွက်သွားရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ႏွစ္ႏိုင္ငံအၾကား အေကာက္ခြန္ဆိုင္ရာကိစၥမ်ားႏွင့္ ပညာေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ႐ုရွားသံအမတ္တို႔ေဆြးေႏြး
ယြန္း (NP News) - ဇူလိုင္ ၂၈

ႏွစ္ႏိုင္ငံအၾကား အေကာက္ခြန္ဆိုင္ရာကိစၥမ်ားႏွင့္ ပညာေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ႏိုင္ငံျခားေရးဝန္ႀကီး ႏွင့္ ႐ုရွားသံအမတ္တို႔ ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ ႏွင့္ ႐ုရွားႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Is-kander Azizov တို႔သည့္ ဇူလိုင္(၂၆)ရက္၌ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၏ ဧည့္ခန္းမတြင္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးေသာ ဆက္ဆံေရးႏွင့္ သိပၸံနည္းပညာ၊ အ‌‌ေကာက္ခြန္ဆိုင္ရာကိစၥမ်ား၊ ကုန္သြယ္ေရး၊ စီးပြားေရး၊ ပညာေရး ႏွင့္ ယဥ္ေက်းမႈက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံအက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ေရး အပါအဝင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာစာမ်က္ႏွာတြင္ ပိုမိုနီးကပ္စြာ ပူးေပါင္း‌ေဆာင္႐ြက္သြားေရးကိစၥရပ္မ်ားကို အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.