အမေရိကန်နိုင်ငံမှာ တောမီးလောင်ကျွမ်းမှုက ပိုမိုကြီးထွားလာတာကြောင့် ထောင်နဲ့ချီတဲ့မီးသတ်သမားတွေ မီးငြိမ်းသတ်နိုင်ဖို့ ရုန်းကန်နေရ

 829

Pika (NP News) - ဇူလိုင် ၂၈

ဇူလိုင်လ(၂၇)ရက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုဟာ လျင်လျင်မြန်မြန်ပဲကြီးထွားလာတာကြောင့် ထောင်နဲ့ချီတဲ့မီးသတ်သမားတွေဟာ မီးလောင်ကျွမ်းမှုကို ထိန်းချုပ် နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

ဇူလိုင်လ(၂၇)ရက် မွန်းလွဲပိုင်းအထိ Sacramento မြို့မြောက်ဖက် (၁၄၄)ကီလိုမီတာအကွာမှာဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုက မြေ (၁၄၁၆၄၀) ဟက်တာလောက်ကို လောင်ကျွမ်းသွားခဲ့တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး(၁၃၄)လုံးလောက် ပျက်စီးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကောင်တီအများအပြားမှာရှိတဲ့ အသိုင်းအဝိုင်းတွေကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းဖို့ အမိန့်နဲ့သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ(၂၄)ရက် မွန်းလွဲပိုင်းက မီးလောင်နေတဲ့ကားကို လျှိုမြောင်အတွင်းကို ထိုးချခဲ့ပြီး တောမီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့တယ်လို့ယူဆရတဲ့အမျိုးသားတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ လည်း သိရပါတယ်။ အော်ရီဂွန်ပြည်နယ်မာလည်း တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး ပြည်နယ်အရှေ့ဖက် အစိတ်အပိုင်းတွေမှာ မြေ (၁၁၆၅၀၀) ဟက်တာကျော် လောင်ကျွမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါ တယ်။

အော်ရီဂွန်ပြည်နယ်အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့သွားခဲ့တဲ့ မီးသတ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး မီးသတ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်သစ်တောဌာနက ပြီးခဲ့တဲ့ဇူလိုင်လ(၂၆)ရက် မှာ ထုတ်ပြန်ပြောခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ေတာမီးေလာင္ကြၽမ္းမႈက ပိုမိုႀကီးထြားလာတာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့မီးသတ္သမားေတြ မီးၿငိမ္းသတ္ႏိုင္ဖို႔ ႐ုန္းကန္ေနရ
Pika (NP News) - ဇူလိုင္ ၂၈

ဇူလိုင္လ(၂၇)ရက္က အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ေျမာက္ပိုင္းမွာ ေတာမီးေလာင္ကြၽမ္းမႈဟာ လ်င္လ်င္ျမန္ျမန္ပဲႀကီးထြားလာတာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့မီးသတ္သမားေတြဟာ မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ ႏိုင္ဖို႔ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတယ္လို႔ သိရပါတယ္။

ဇူလိုင္လ(၂၇)ရက္ မြန္းလြဲပိုင္းအထိ Sacramento ၿမိဳ႕ေျမာက္ဖက္ (၁၄၄)ကီလိုမီတာအကြာမွာျဖစ္ပြားခဲ့တဲ့ ေတာမီးေလာင္ကြၽမ္းမႈက ေျမ (၁၄၁၆၄၀) ဟက္တာေလာက္ကို ေလာင္ကြၽမ္းသြားခဲ့တယ္လို႔ ကယ္လီဖိုးနီးယား သစ္ေတာနဲ႔ မီးေဘးကာကြယ္ေရးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အေဆာက္အဦး(၁၃၄)လုံးေလာက္ ပ်က္စီးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ေကာင္တီအမ်ားအျပားမွာရွိတဲ့ အသိုင္းအဝိုင္းေတြကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းဖို႔ အမိန႔္နဲ႔သတိေပးခ်က္ေတြ ထုတ္ျပန္ထားတယ္လို႔လည္း သိရပါတယ္။

ဇူလိုင္လ(၂၄)ရက္ မြန္းလြဲပိုင္းက မီးေလာင္ေနတဲ့ကားကို လွ်ိဳေျမာင္အတြင္းကို ထိုးခ်ခဲ့ၿပီး ေတာမီးေလာင္ကြၽမ္းမႈ စတင္ျဖစ္ပြားေအာင္ လုပ္ေဆာင္ခဲ့တယ္လို႔ယူဆရတဲ့အမ်ိဳးသားတစ္ဦးကို အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တယ္လို႔ လည္း သိရပါတယ္။ ေအာ္ရီဂြန္ျပည္နယ္မာလည္း ေတာမီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး ျပည္နယ္အေရွ႕ဖက္ အစိတ္အပိုင္းေတြမွာ ေျမ (၁၁၆၅၀၀) ဟက္တာေက်ာ္ ေလာင္ကြၽမ္းခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါ တယ္။

ေအာ္ရီဂြန္ျပည္နယ္အေရွ႕ေတာင္ပိုင္းမွာ ေတာမီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔သြားခဲ့တဲ့ မီးသတ္ကားတစ္စီး တိမ္းေမွာက္ခဲ့ၿပီး မီးသတ္သမားတစ္ဦး ေသဆုံးခဲ့တယ္လို႔ အေမရိကန္သစ္ေတာဌာနက ၿပီးခဲ့တဲ့ဇူလိုင္လ(၂၆)ရက္ မွာ ထုတ္ျပန္ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.