ထိုင်ဝမ်အရေး၊ ရုရှားအတွက်တရုတ်ရဲ့ထောက်ခံမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

 691

Pika (NP News) - ဇူလိုင် ၂၈

ထိုင်ဝမ်အပေါ်တရုတ်ရဲ့လုပ်ရပ်တွေ၊ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားအတွက် တရုတ်ရဲ့ထောက်ခံမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့စိုးရိမ်ပူပန်မှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထပ်မံ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီဘလင်ကန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ ဇူလိုင်(၂၇)ရက်မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အန်တိုနီဘလင်ကန်ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဝမ်ယိနဲ့စကားပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အန်တိုနီဘလင်ကန်နဲ့ဝမ်ယိတို့ဟာ ၎င်းတို့နိုင်ငံတွေရဲ့စစ်ဘက်ဆိုင်ရာဆက်ဆံရေးကို ဆက်လက် တိုးတက်အောင်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပေမယ့်လည်း တရုတ်ဖက်က ရပ်ဆိုင်းခဲ့တဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲတွေအကြောင်းကိုတော့ ဆွေးနွေးခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက “ဆွေးနွေးမှုတိုင်းမှာ ထိုင်ဝမ်အရေးက သူတို့ ဂရုအစိုက်ဆုံး ကိစ္စပဲဖြစ်ပါတယ်။ အဲဒါကို သူတို့က တရုတ်ရဲ့ပြည်တွင်းရေး ကိစ္စလို့မြင်ကြပါတယ်” လို့ ပြောခဲ့ပါတယ်။

တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့အချုပ်အခြာအာဏာပိုင်အဖြစ် ရှုမြင်ထားပေမယ့်လည်း ထိုင်ဝမ်အစိုးရဖက်က အဲဒီပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဝမ်ယိက အန်တိုနီဘလင်ကန်ကို ပြောကြားခဲ့တယ်လို့ လည်း သိရပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးတဲ့တပ်ဖွဲ့တွေရဲ့ရန်စမှုတွေကိုလည်း လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဝမ်ယိက ပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version;
ထိုင္ဝမ္အေရး၊ ႐ုရွားအတြက္တ႐ုတ္ရဲ႕ေထာက္ခံမႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ ေတြ႕ဆုံေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၂၈

ထိုင္ဝမ္အေပၚတ႐ုတ္ရဲ႕လုပ္ရပ္ေတြ၊ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားအတြက္ တ႐ုတ္ရဲ႕ေထာက္ခံမႈေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ရဲ႕စိုးရိမ္ပူပန္မႈေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ထပ္မံ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

အန္တိုနီဘလင္ကန္ဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိနဲ႔ ဇူလိုင္(၂၇)ရက္မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အန္တိုနီဘလင္ကန္ဟာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး ဝမ္ယိနဲ႔စကားေျပာဆိုမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အန္တိုနီဘလင္ကန္နဲ႔ဝမ္ယိတို႔ဟာ ၎တို႔ႏိုင္ငံေတြရဲ႕စစ္ဘက္ဆိုင္ရာဆက္ဆံေရးကို ဆက္လက္ တိုးတက္ေအာင္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကေပမယ့္လည္း တ႐ုတ္ဖက္က ရပ္ဆိုင္းခဲ့တဲ့ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးေဆြးေႏြးပြဲေတြအေၾကာင္းကိုေတာ့ ေဆြးေႏြးခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိတစ္ဦးက “ေဆြးေႏြးမႈတိုင္းမွာ ထိုင္ဝမ္အေရးက သူတို႔ ဂ႐ုအစိုက္ဆုံး ကိစၥပဲျဖစ္ပါတယ္။ အဲဒါကို သူတို႔က တ႐ုတ္ရဲ႕ျပည္တြင္းေရး ကိစၥလို႔ျမင္ၾကပါတယ္” လို႔ ေျပာခဲ့ပါ တယ္။

တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕အခ်ဳပ္အျခာအာဏာပိုင္အျဖစ္ ရႈျမင္ထားေပမယ့္လည္း ထိုင္ဝမ္ အစိုးရဖက္က အဲဒီေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ထိုင္ဝမ္ဟာ တ႐ုတ္ရဲ႕ အစိတ္အပိုင္းျဖစ္ၿပီး ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာႏိုင္မွာ မဟုတ္ဘူးလို႔ ဝမ္ယိက အန္တိုနီဘလင္ကန္ကို ေျပာၾကားခဲ့ တယ္လို႔လည္း သိရပါတယ္။
ထိုင္ဝမ္လြတ္လပ္ေရးကို ေထာက္ခံအားေပးတဲ့တပ္ဖြဲ႕ေတြရဲ႕ရန္စမႈေတြကိုလည္း လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ဝမ္ယိက ေျပာၾကားခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.