ရန်သူတွေကို အလုံးစုံဖျက်ဆီးပစ်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော
1540
ဂျန်ဇက် (NP News) - ဇူလိုင် ၂၈
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စစ်ပွဲအတွင်း ရန်သူတွေကို အလုံးစုံ ဖျက်ဆီးသွားဖို့ ဆန္ဒရှိနေကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြားဖြစ်ပွားခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ ၇၁ နှစ်ပြည့်အခမ်းအနားမှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာလည်း တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးတင်းမာမှုတွေရှိနေကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးမရှိတော့သလို ၂၀၁၉ ခုနှစ် နောက်ပိုင်းကတည်းက တင်းမာမှုတွေလျော့ချနိုင်ရေးဆွေးနွေးနိုင်ခြင်းမရှိတော့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားအစိုးရက အမေရိကန်သမ္မတ အပြောင်းအလဲဖြစ်လာမယ်ဆိုရင်လည်း မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးအခြေအနေအပြောင်းအလဲဖြစ်လာမယ်လို့ မျှော်လင့်ထားလို့မရနိုင်ကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က "တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ နျူကလီးယားစစ်ပွဲဖြစ်လာစေဖို့ သံချောင်း ခေါက်နေတယ်။ စစ်ပွဲဖြစ်လာမယ်ဆိုရင်တော့ ရန်သူတွေကို နှောင့်နှေးမှုမရှိဘဲ အလုံးစုံဖျက်ဆီးနိုင်အောင် လုပ်ဆောင်သွားမယ်။ အဲဒီအတွက် စစ်အင်အားတောင်တင်းမှုအခြေအနေတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ထားရမယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို လက်ဦးမှုတိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
Zawgyi Version;
ရန္သူေတြကို အလုံးစုံဖ်က္ဆီးပစ္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၈
ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ စစ္ပြဲအတြင္း ရန္သူေတြကို အလုံးစုံ ဖ်က္ဆီးသြားဖို႔ ဆႏၵရွိေနေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကားျဖစ္ပြားခဲ့တဲ့ ကိုရီးယားကြၽန္းဆြယ္စစ္ပြဲ ၇၁ ႏွစ္ျပည့္အခမ္းအနားမွာ အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ လက္ရွိအခ်ိန္မွာလည္း ေတာင္ကိုရီးယား၊ အေမရိကန္ႏိုင္ငံတို႔နဲ႔ ဆက္ဆံေရးတင္းမာမႈေတြရွိေနေၾကာင္း သိရပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ႏိုင္ငံနဲ႔ သံတမန္ဆက္ဆံေရးမရွိေတာ့သလို ၂၀၁၉ ခုႏွစ္ ေနာက္ပိုင္းကတည္းက တင္းမာမႈေတြေလ်ာ့ခ်ႏိုင္ေရးေဆြးေႏြးႏိုင္ျခင္းမရွိေတာ့ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားအစိုးရက အေမရိကန္သမၼတ အေျပာင္းအလဲျဖစ္လာမယ္ဆိုရင္လည္း ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးအေျခအေနအေျပာင္းအလဲျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားလို႔မရႏိုင္ေၾကာင္း ေျပာပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္က "ေတာင္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ န်ဴကလီးယားစစ္ပြဲျဖစ္လာေစဖို႔ သံေခ်ာင္း ေခါက္ေနတယ္။ စစ္ပြဲျဖစ္လာမယ္ဆိုရင္ေတာ့ ရန္သူေတြကို ေႏွာင့္ေႏွးမႈမရွိဘဲ အလုံးစုံဖ်က္ဆီးႏိုင္ေအာင္ လုပ္ေဆာင္သြားမယ္။ အဲဒီအတြက္ စစ္အင္အားေတာင္တင္းမႈအေျခအေနေတြကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ထားရမယ္" လို႔ ေျပာပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ ပူးတြဲျပဳလုပ္တဲ့ စစ္ေရးေလ့က်င့္ခန္းေတြကို မၾကာခဏေဝဖန္ျပစ္တင္ခဲ့ၿပီး ေျမာက္ကိုရီးယားႏိုင္ငံကို လက္ဦးမႈတိုက္ခိုက္ဖို႔ ႀကိဳတင္ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္ထားပါတယ္။