ဒီမိုကရက်တစ်သမ္မလောင်း ဟားရစ်က တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်ကြောင်း ထရမ့် ဝေဖန်
3680
ALynn (NP News) - ဇူလိုင် ၂၈
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ကမ်မလာဟားရစ် အနိုင်ရခဲ့ပါက အရှေ့အလယ်ပိုင်းတွင် “စစ်ပွဲကြီးများ” နှင့် “တတိယကမ္ဘာစစ်” ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ သည်။ ထရမ့်က ဟားရစ်နှင့် သမ္မတဘိုင်ဒန်တို့က ကမ္ဘာလုံးဆိုင်ရာပဋိပက္ခဆီသို့ အမေရိကန်ကို ဆွဲခေါ်နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ သောကြာနေ့ (ဇူလိုင်လ ၂၆ ရက်) က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံမှုမတိုင်ခင်မှာ ထရမ့်က ၎င်းသာ အိမ်ဖြူတော်ဆီ ပြန်လည်ရောက်ရှိခဲ့မည်ဆိုလျှင် အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားမည်ဟု ကတိပြုခဲ့သည်။
“ငါတို့သာ စစ်ကိုမလှုံ့ဆော်ရင် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြီးတွေနဲ့ ပြီးသွားမှာပါ” ဟု ၎င်းက ဖော်ပြခဲ့ပြီး “ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ယခုအခြေအနေသည် တတိယကမ္ဘာစစ်နှင့် အနီးစပ်ဆုံးဖြစ်ပြီး တိုင်းပြည်ကို အရည်အချင်း မပြည့်မီသူတွေ အုပ်ချုပ်နေလို့ ဒီလောက်အထိ အခြေအနေ ဆိုက်ရောက်ခဲ့တာ" ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။
ထရမ့်က ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခစတင်ကတည်းက ဘိုင်ဒန်နှင့် ဟားရစ်တို့အား အလားတူစွပ်စွဲချက်များ ပြုလုပ်ခဲ့သည်။ သမ္မတဟောင်းက ၎င်းသာ အာဏာရပါက ပဋိပက္ခသည် ဘယ်တော့မှစတင်မည်မဟုတ်ကြောင်း၊ မော်စကိုနှင့် ကိယက်ဗ်တို့ကို စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ၂၄ နာရီအတွင်း ခေါ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
နေတန်ယာဟုသည် ဝါရှင်တန်ရှိ ဘိုင်ဒန်နှင့် ဟားရစ်တို့နှစ်ဦးစလုံးကို တွေ့ဆုံပြီးနောက် တစ်ရက်အကြာ ဖလော်ရီဒါရှိ ယခင်သမ္မတ၏ Mar-a-Lago အိမ်ရာတွင် ထရမ့်နှင့်တွေ့ဆုံခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် ဟားရစ်က သတင်းထောက်များအား “အပြစ်မဲ့ အရပ်သား အများအပြားသေဆုံးမှု အပါအဝင် ဂါဇာကမ်းမြောင်ဒေသရှိ လူသားများ ခံစားနေရသည့် အတိုင်းအတာနှင့်ပတ်သက်၍ ကျွန်မတို့ရဲ့အလေးအနက် စိုးရိမ်ပူပန်မှုများကို ဝန်ကြီးချုပ်အား ထုတ်ဖော်ပြောကြားခဲ့ပါတယ်” ပြောကြားခဲ့သည်။
ထရမ့်သည် ယခင်သမ္မတသက်တမ်းအတွင်း နေတန်ယာဟုနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ကာ အစ္စရေးရှိ အမေရိကန်သံရုံးကို အနောက် ဂျေရုဆလင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့ပြင် ထရမ့်သည် Abraham သဘောတူညီချက်ကို ကြားဝင်စေ့စပ်ခဲ့ပြီး အစ္စရေးနှင့် ဘာရိန်း၊ ယူအေအီး၊ မော်ရိုကို၊ ဆူဒန်တို့အကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန်လည်း ကြိုးပမ်းပေးခဲ့ဖူးသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် နေတန်ယာဟုက အနိုင်ရရှိခဲ့သော ဘိုင်ဒန်ကို ချီးကျူးဂုဏ်ပြုပြီးနောက် ထရမ့်နှင့် နေတန်ယာဟုကြား ဆက်ဆံရေးသည် ယိုယွင်းသွားခဲ့သည်။
Zawgyi Version;
ဒီမိုကရက္တစ္သမၼေလာင္း ဟားရစ္က တတိယကမာၻစစ္ကို ဦးတည္သြားႏိုင္ေၾကာင္း ထရမ့္ ေဝဖန္
ALynn (NP News) - ဇူလိုင္ ၂၈
အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ကမ္မလာဟားရစ္ အႏိုင္ရခဲ့ပါက အေရွ႕အလယ္ပိုင္းတြင္ “စစ္ပြဲႀကီးမ်ား” ႏွင့္ “တတိယကမာၻစစ္” ျဖစ္ေကာင္းျဖစ္ႏိုင္သည္ဟု ရီပတ္ဘလစ္ကန္ သမၼတေလာင္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ သည္။ ထရမ့္က ဟားရစ္ႏွင့္ သမၼတဘိုင္ဒန္တို႔က ကမာၻလုံးဆိုင္ရာပဋိပကၡဆီသို႔ အေမရိကန္ကို ဆြဲေခၚေနသည္ဟု အႀကိမ္ႀကိမ္ စြပ္စြဲခဲ့သည္။ ေသာၾကာေန႔ (ဇူလိုင္လ ၂၆ ရက္) က အစၥေရးဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ေနတန္ယာဟုႏွင့္ ေတြ႕ဆုံမႈမတိုင္ခင္မွာ ထရမ့္က ၎သာ အိမ္ျဖဴေတာ္ဆီ ျပန္လည္ေရာက္ရွိခဲ့မည္ဆိုလွ်င္ အစၥေရး-ဟားမတ္စ္ စစ္ပြဲမွာ ျမန္ျမန္ဆန္ဆန္ ၿပီးဆုံးသြားမည္ဟု ကတိျပဳခဲ့သည္။
“ငါတို႔သာ စစ္ကိုမလႈံ႕ေဆာ္ရင္ အေရွ႕အလယ္ပိုင္းမွာ စစ္ပြဲႀကီးေတြနဲ႔ ၿပီးသြားမွာပါ” ဟု ၎က ေဖာ္ျပခဲ့ၿပီး “ဒုတိယ ကမာၻစစ္ေနာက္ပိုင္း ယခုအေျခအေနသည္ တတိယကမာၻစစ္ႏွင့္ အနီးစပ္ဆုံးျဖစ္ၿပီး တိုင္းျပည္ကို အရည္အခ်င္း မျပည့္မီသူေတြ အုပ္ခ်ဳပ္ေနလို႔ ဒီေလာက္အထိ အေျခအေန ဆိုက္ေရာက္ခဲ့တာ" ဟု ၎က ထပ္ေလာင္းေျပာၾကား ခဲ့သည္။
ထရမ့္က ၂၀၂၂ ခုႏွစ္တြင္ ယူကရိန္းပဋိပကၡစတင္ကတည္းက ဘိုင္ဒန္ႏွင့္ ဟားရစ္တို႔အား အလားတူစြပ္စြဲခ်က္မ်ား ျပဳလုပ္ခဲ့သည္။ သမၼတေဟာင္းက ၎သာ အာဏာရပါက ပဋိပကၡသည္ ဘယ္ေတာ့မွစတင္မည္မဟုတ္ေၾကာင္း၊ ေမာ္စကိုႏွင့္ ကိယက္ဗ္တို႔ကို ေစ့စပ္ညႇိႏႈိင္းေရးစားပြဲသို႔ ၂၄ နာရီအတြင္း ေခၚေဆာင္လာႏိုင္မည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။
ေနတန္ယာဟုသည္ ဝါရွင္တန္ရွိ ဘိုင္ဒန္ႏွင့္ ဟားရစ္တို႔ႏွစ္ဦးစလုံးကို ေတြ႕ဆုံၿပီးေနာက္ တစ္ရက္အၾကာ ဖေလာ္ရီဒါရွိ ယခင္သမၼတ၏ Mar-a-Lago အိမ္ရာတြင္ ထရမ့္ႏွင့္ေတြ႕ဆုံခဲ့သည္။ အစၥေရးဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံၿပီးေနာက္ ဟားရစ္က သတင္းေထာက္မ်ားအား “အျပစ္မဲ့ အရပ္သား အမ်ားအျပားေသဆုံးမႈ အပါအဝင္ ဂါဇာကမ္းေျမာင္ေဒသရွိ လူသားမ်ား ခံစားေနရသည့္ အတိုင္းအတာႏွင့္ပတ္သက္၍ ကြၽန္မတို႔ရဲ႕အေလးအနက္ စိုးရိမ္ပူပန္မႈမ်ားကို ဝန္ႀကီးခ်ဳပ္အား ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္” ေျပာၾကားခဲ့သည္။
ထရမ့္သည္ ယခင္သမၼတသက္တမ္းအတြင္း ေနတန္ယာဟုႏွင့္ ဆက္ဆံေရးေကာင္းမြန္ခဲ့ၿပီး အီရန္အေပၚ ပိတ္ဆို႔ အေရးယူမႈမ်ား ခ်မွတ္ကာ အစၥေရးရွိ အေမရိကန္သံ႐ုံးကို အေနာက္ ေဂ်႐ုဆလင္သို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။ ထို႔ျပင္ ထရမ့္သည္ Abraham သေဘာတူညီခ်က္ကို ၾကားဝင္ေစ့စပ္ခဲ့ၿပီး အစၥေရးႏွင့္ ဘာရိန္း၊ ယူေအအီး၊ ေမာ္႐ိုကို၊ ဆူဒန္တို႔အၾကား ဆက္ဆံေရး ပုံမွန္ျပန္ျဖစ္ေစရန္လည္း ႀကိဳးပမ္းေပးခဲ့ဖူးသည္။ သို႔ေသာ္ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ေနတန္ယာဟုက အႏိုင္ရရွိခဲ့ေသာ ဘိုင္ဒန္ကို ခ်ီးက်ဴးဂုဏ္ျပဳၿပီးေနာက္ ထရမ့္ႏွင့္ ေနတန္ယာဟုၾကား ဆက္ဆံေရးသည္ ယိုယြင္းသြားခဲ့သည္။