အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အလုံးစုံ စစ်ပွဲသို့ ဦးတည်နေကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး သတိပေး
1083
ALynn (NP News) - ဇူလိုင် ၂၈
ဂိုလန်ကုန်းမြင့်ရှိ ဘောလုံးကွင်းတစ်ခုတွင် ဟစ်ဇ်ဘိုလာက လူ ၁၀ ဦးကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့အပြီးတွင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က အချိုးအစားမညီသော တုံ့ပြန်မှုတစ်ရပ်ကို လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား "အလုံးစုံစစ်ပွဲ" သို့ ရောက်စေနိုင်သည်ဟု Katz မှ သတိပေးခဲ့သည်။ သေဆုံးသူအများစုမှာ ကလေးငယ်များဖြစ်ပြီး စနေနေ့ (ဇူလိုင်လ ၂၇ ရက်) က Majdal Shams မြို့တွင် တိုက်ခိုက်မှုကြောင့် တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း အစ္စရေး၏ Magen David Adom လူနာတင် ယာဉ်ဝန်ဆောင်မှုမှ ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟစ်ဇ်ဘိုလာအကြမ်းဖက်အဖွဲ့အား အပြစ်တင်ခဲ့သည်။
“ဟစ်ဇ်ဘိုလာသည် တားမြစ်ထားသည့် အနီရောင်မျဉ်းအားလုံးကို ဖြတ်ကျော်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပါ” ဟု Katz မှ အစ္စရေး Channel 12 News သို့ ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့သည် ဟစ်ဇ်ဘိုလာအုပ်စုနှင့် စစ်ပွဲတစ်ခု ရင်ဆိုင်နေရသည်” ဟု ၎င်းက ဆက်လက်ဖော်ပြခဲ့ပြီး အစ္စရေးက “အချိုးညီမျှမှုမရှိစွာတုံ့ပြန်သွားမည်” ဟု ၎င်းက ပြောကြားခဲ့သည်။
Katz က မည်သို့သော တုံ့ပြန်မှုမျိုးဖြစ်လာမည်ကို အသေးစိတ်ပြောကြားခြင်း မရှိသော်လည်း အစ္စရေးသည် ဟစ်ဇ်ဘိုလာအပေါ် အရှိန်မြှင့်တုံ့ပြန်သွားရန် အမေရိကန်နှင့် ဥရောပ၏ အပြည့်အဝ ကျောထောက်နောက်ခံ ရှိသည်ဟု ဆိုခဲ့သည်။
အင်အားကြီးသော အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတပ်ဖွဲ့သည် အစ္စရေး-ဟားမတ်စ်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်လာခဲ့သည်။ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများသည် အစ္စရေးမြောက်ပိုင်းတွင် tit-for-tat ဒရုန်း နှင့် ဒုံးကျည်တိုက်ခိုက်မှုများကို အကန့်အသတ်ဖြင့် ဆင်နွှဲခဲ့ပြီး ယင်းမှာ ဂါဇာကမ်းမြောင်ဒေသတွင် ၎င်းတို့၏ တပ်ဖြန့်ချထားမှုကို ဟန့်တားရန်အတွက် ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah က နိုဝင်ဘာလတွင် ပြောကြား ခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ ပါဝင်သော အဓိက ပဋိပက္ခအဖြစ်သို့ တိုးမြင့်လာနိုင်သည့် အလုံးစုံစစ်ပွဲကို ဆင်နွှဲခြင်း မပြုရန် ဝါရှင်တန်ရှိ တာဝန်ရှိသူများက ဟစ်ဇ်ဘိုလာ နှင့် အစ္စရေးနှစ်နိုင်ငံစလုံးကို သတိပေးထားသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက Katz နှင့် အစ္စရေးဝန်ကြီးချုပ် တို့သည် ဟစ်ဇ်ဘိုလာနှင့် စစ်ပွဲဖြစ်လာတော့မည့် အခြေအနေအရပ်ရပ်ကို အကြိမ်ကြိမ်အခါခါ သတိထားခဲ့ကြသည်။ ဟစ်ဇ်ဘိုလာသည် ပြီးခဲ့သည့်လက အစ္စရေး နိုင်ငံ ဟိုင်ဖာဆိပ်ကမ်းကိုဖြတ်၍ ထောက်လှမ်းရေးဒရုန်းယာဉ်ဖြင့် ပျံသန်းလာသောအခါ Katz က “ဟစ်ဇ်ဘိုလာနှင့် လက်ဘနွန်တို့အပေါ် စည်းမျဉ်းများကို ပြောင်းလဲရန် ကျွန်ုပ်တို့ ဆုံးဖြတ်ရမည့်အချိန်နီးကပ်လာပြီ” ဟု ဖော်ပြခဲ့ပြီး “အလုံးစုံစစ်ပွဲတွင် ဟစ်ဇ်ဘိုလာများ ဖျက်ဆီးခံရမည်ဖြစ်ပြီး လက်ဘနွန်သည် ပြင်းထန်စွာ ထိုးနှက်ခံရလိမ့်မည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Zawgyi Version;
အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔အၾကား အလုံးစုံ စစ္ပြဲသို႔ ဦးတည္ေနေၾကာင္း အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး သတိေပး
ALynn (NP News) - ဇူလိုင္ ၂၈
ဂိုလန္ကုန္းျမင့္ရွိ ေဘာလုံးကြင္းတစ္ခုတြင္ ဟစ္ဇ္ဘိုလာက လူ ၁၀ ဦးကို ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့အၿပီးတြင္ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Israel Katz က အခ်ိဳးအစားမညီေသာ တုံ႔ျပန္မႈတစ္ရပ္ကို လုပ္ေဆာင္သြားမည္ဟု ကတိျပဳခဲ့သည္။
အဆိုပါျဖစ္ရပ္ေၾကာင့္ အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာအၾကား "အလုံးစုံစစ္ပြဲ" သို႔ ေရာက္ေစႏိုင္သည္ဟု Katz မွ သတိေပးခဲ့သည္။ ေသဆုံးသူအမ်ားစုမွာ ကေလးငယ္မ်ားျဖစ္ၿပီး စေနေန႔ (ဇူလိုင္လ ၂၇ ရက္) က Majdal Shams ၿမိဳ႕တြင္ တိုက္ခိုက္မႈေၾကာင့္ တစ္ဒါဇင္ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း အစၥေရး၏ Magen David Adom လူနာတင္ ယာဥ္ဝန္ေဆာင္မႈမွ ေျပာၾကားခဲ့သည္။ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ (IDF) က အဆိုပါ တိုက္ခိုက္မႈႏွင့္ပတ္သက္၍ ဟစ္ဇ္ဘိုလာအၾကမ္းဖက္အဖြဲ႕အား အျပစ္တင္ခဲ့သည္။
“ဟစ္ဇ္ဘိုလာသည္ တားျမစ္ထားသည့္ အနီေရာင္မ်ဥ္းအားလုံးကို ျဖတ္ေက်ာ္ခဲ့သည္မွာ သံသယျဖစ္ဖြယ္မရွိပါ” ဟု Katz မွ အစၥေရး Channel 12 News သို႔ ေျပာၾကားခဲ့သည္။ “ကြၽႏ္ုပ္တို႔သည္ ဟစ္ဇ္ဘိုလာအုပ္စုႏွင့္ စစ္ပြဲတစ္ခု ရင္ဆိုင္ေနရသည္” ဟု ၎က ဆက္လက္ေဖာ္ျပခဲ့ၿပီး အစၥေရးက “အခ်ိဳးညီမွ်မႈမရွိစြာတုံ႔ျပန္သြားမည္” ဟု ၎က ေျပာၾကားခဲ့သည္။
Katz က မည္သို႔ေသာ တုံ႔ျပန္မႈမ်ိဳးျဖစ္လာမည္ကို အေသးစိတ္ေျပာၾကားျခင္း မရွိေသာ္လည္း အစၥေရးသည္ ဟစ္ဇ္ဘိုလာအေပၚ အရွိန္ျမႇင့္တုံ႔ျပန္သြားရန္ အေမရိကန္ႏွင့္ ဥေရာပ၏ အျပည့္အဝ ေက်ာေထာက္ေနာက္ခံ ရွိသည္ဟု ဆိုခဲ့သည္။
အင္အားႀကီးေသာ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟစ္ဇ္ဘိုလာတပ္ဖြဲ႕သည္ အစၥေရး-ဟားမတ္စ္ပဋိပကၡအတြင္း ပါဝင္ပတ္သက္လာခဲ့သည္။ ဟစ္ဇ္ဘိုလာတိုက္ခိုက္ေရးသမားမ်ားသည္ အစၥေရးေျမာက္ပိုင္းတြင္ tit-for-tat ဒ႐ုန္း ႏွင့္ ဒုံးက်ည္တိုက္ခိုက္မႈမ်ားကို အကန႔္အသတ္ျဖင့္ ဆင္ႏႊဲခဲ့ၿပီး ယင္းမွာ ဂါဇာကမ္းေျမာင္ေဒသတြင္ ၎တို႔၏ တပ္ျဖန႔္ခ်ထားမႈကို ဟန႔္တားရန္အတြက္ ျဖစ္ေၾကာင္း ဟစ္ဇ္ဘိုလာအဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah က ႏိုဝင္ဘာလတြင္ ေျပာၾကား ခဲ့သည္။
အေမရိကန္ႏွင့္ အီရန္တို႔ ပါဝင္ေသာ အဓိက ပဋိပကၡအျဖစ္သို႔ တိုးျမင့္လာႏိုင္သည့္ အလုံးစုံစစ္ပြဲကို ဆင္ႏႊဲျခင္း မျပဳရန္ ဝါရွင္တန္ရွိ တာဝန္ရွိသူမ်ားက ဟစ္ဇ္ဘိုလာ ႏွင့္ အစၥေရးႏွစ္ႏိုင္ငံစလုံးကို သတိေပးထားသည္။ အစၥေရး-ဟားမတ္စ္စစ္ပြဲ စတင္ကတည္းက Katz ႏွင့္ အစၥေရးဝန္ႀကီးခ်ဳပ္ တို႔သည္ ဟစ္ဇ္ဘိုလာႏွင့္ စစ္ပြဲျဖစ္လာေတာ့မည့္ အေျခအေနအရပ္ရပ္ကို အႀကိမ္ႀကိမ္အခါခါ သတိထားခဲ့ၾကသည္။ ဟစ္ဇ္ဘိုလာသည္ ၿပီးခဲ့သည့္လက အစၥေရး ႏိုင္ငံ ဟိုင္ဖာဆိပ္ကမ္းကိုျဖတ္၍ ေထာက္လွမ္းေရးဒ႐ုန္းယာဥ္ျဖင့္ ပ်ံသန္းလာေသာအခါ Katz က “ဟစ္ဇ္ဘိုလာႏွင့္ လက္ဘႏြန္တို႔အေပၚ စည္းမ်ဥ္းမ်ားကို ေျပာင္းလဲရန္ ကြၽႏ္ုပ္တို႔ ဆုံးျဖတ္ရမည့္အခ်ိန္နီးကပ္လာၿပီ” ဟု ေဖာ္ျပခဲ့ၿပီး “အလုံးစုံစစ္ပြဲတြင္ ဟစ္ဇ္ဘိုလာမ်ား ဖ်က္ဆီးခံရမည္ျဖစ္ၿပီး လက္ဘႏြန္သည္ ျပင္းထန္စြာ ထိုးႏွက္ခံရလိမ့္မည္” ဟု ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။