စင်ကာပူ၊ Kian Teck လမ်းရှိ စက်ရုံတစ်ခုမှာ ဆိုလာပြား မီးလောင်မှုဖြစ်ပွား

 1864

ရောင်နီ (NP News) - ဇူလိုင် ၂၈

စင်ကာပူနိုင်ငံ၊ Kian Teck လမ်းရှိ စက်ရုံတစ်ရုံမှာ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ခေါင်မိုးပေါ်တပ်ဆင်ထားတဲ့ ဆိုလာပြားအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၇၆ ဦး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ် သိရပါတယ်။

ဒါပေမယ့် မီးကို မိနစ် ၂၀ အတွင်းမှာ အပြည့်အဝ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က ဆိုပါတယ်။ SCDF တပ်ဖွဲ့မရောက်ခင်ကတည်းက အလုပ်သမားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့ တာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဆိုလာပြားအပိုင်းဟာ အနံ ၁၅ မီတာ နဲ့ ၁၀ မီတာ ပတ်လည်ရှိပြီး တစ်ထပ်တိုက် စက်ရုံ၊ သွပ်မိုးပေါ်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။

ခေါင်မိုးပေါ်မှာ ဆိုလာပြား မီးလောင်မှုဟာ ခေါင်မိုးပေါ်ကနေတဆင့် အခြားနေရာတွေဆီ ပျံ့နှံ့သွားနိုင်တာကြောင့် မီးသတ်သမားတွေက ရေဂျက်လေယာဉ်နှစ်စင်းကို ချက်ချင်းအသုံးပြုပြီး ငြိမ်းသတ်ခဲ့ကြတာကြောင့် ပိုကြီးမားတဲ့ ပျက်စီးဆုံးရှုံမှုမျိုး မရှိခဲ့ပါဘူး။
အဆိုပါမီးလောင်မှုဟာ ဆိုလာပြားတွေကို သွယ်တန်းထားတဲ့ ဝါယာကြိုးတွေ ရှော့ဖြစ်ခြင်းမှ မီလောင်ခြင်းဖြစ်နိုင်တယ်လို့ ကနဦး စုံစမ်းမှုများအရ သိရပါတယ်။

Zawgyi Version;
စင္ကာပူ၊ Kian Teck လမ္းရွိ စက္႐ုံတစ္ခုမွာ ဆိုလာျပား မီးေလာင္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဇူလိုင္ ၂၈

စင္ကာပူႏိုင္ငံ၊ Kian Teck လမ္းရွိ စက္႐ုံတစ္႐ုံမွာ ဇူလိုင္ ၂၇ ရက္ မြန္းလြဲပိုင္းက ေခါင္မိုးေပၚတပ္ဆင္ထားတဲ့ ဆိုလာျပားအခ်ိဳ႕ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အလုပ္သမား ၇၆ ဦး ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းခဲ့ရတယ္ သိရပါတယ္။

ဒါေပမယ့္ မီးကို မိနစ္ ၂၀ အတြင္းမွာ အျပည့္အဝ ၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔ စင္ကာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) က ဆိုပါတယ္။ SCDF တပ္ဖြဲ႕မေရာက္ခင္ကတည္းက အလုပ္သမားေတြ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းႏိုင္ခဲ့ တာေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ပါဘူး။ မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ဆိုလာျပားအပိုင္းဟာ အနံ ၁၅ မီတာ နဲ႔ ၁၀ မီတာ ပတ္လည္ရွိၿပီး တစ္ထပ္တိုက္ စက္႐ုံ၊ သြပ္မိုးေပၚမွာ တပ္ဆင္ထားတာျဖစ္ပါတယ္။

ေခါင္မိုးေပၚမွာ ဆိုလာျပား မီးေလာင္မႈဟာ ေခါင္မိုးေပၚကေနတဆင့္ အျခားေနရာေတြဆီ ပ်ံ႕ႏွံ႔သြားႏိုင္တာေၾကာင့္ မီးသတ္သမားေတြက ေရဂ်က္ေလယာဥ္ႏွစ္စင္းကို ခ်က္ခ်င္းအသုံးျပဳၿပီး ၿငိမ္းသတ္ခဲ့ၾကတာေၾကာင့္ ပိုႀကီးမားတဲ့ ပ်က္စီးဆုံးရႈံမႈမ်ိဳး မရွိခဲ့ပါဘူး။
အဆိုပါမီးေလာင္မႈဟာ ဆိုလာျပားေတြကို သြယ္တန္းထားတဲ့ ဝါယာႀကိဳးေတြ ေရွာ့ျဖစ္ျခင္းမွ မီေလာင္ျခင္းျဖစ္ႏိုင္တယ္လို႔ ကနဦး စုံစမ္းမႈမ်ားအရ သိရပါတယ္။

Related news

© 2021. All rights reserved.