ဆူပူအုံကြွမှုကို ထိန်းသိမ်းစဉ် မော်တော်ယာဉ်များ၌ ကုလသမဂ္ဂ အမှတ် အသားပါရှိနေခြင်းမှာ ဖယ်ရှားရန် မေ့လျော့သွားခြင်းကြောင့်ဖြစ်ဟု ဘင်္ဂလားဒေ့ရှ် ပြောဆို
6283
Htay Oung (NP News) - ဇူလိုင် ၂၉
ပြီးခဲ့တဲ့ သီတင်းပတ် ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုများဟာ အကြမ်းဖက်မှုအသွင် တိုင်းပြည်တစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး တရားဝင်ကြေညာချက်အရ လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရပါတယ်။ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြန်ထားခိုက် အဓိကရုန်းနှိမ်နင်းရေး မော်တော်ယာဉ်များမှာ ကုလသမဂ္ဂ အမှတ်အသားများ ပါရှိနေခြင်းဟာ ဖယ်ရှားရန် မေ့လျော့သွားခြင်းကြောင့်သာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုတယ်လို့ “ချန်နယ်နယူးစ်အေးရှား” က ဇူလိုင်လ ၂၇ ရက်မှာ ရေးသားပါတယ်။
ဇူလိုင် ၂၁ ရက် တနင်္ဂနွေနေ့ ရိုက်တာသတင်းထောက်များက ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်မှာ "UN" ဆိုပြီး စာလုံး များ ရေးထိုးထားတဲ့ သံချပ်ကာယာဉ်တစ်စီးပုံကို တွေ့မြင်ရပါတယ်။ လူစုလူဝေး ရုန့်ရင်းဆန်ခတ်မှုများကို ဖြိုခွင်းရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ ကိုယ်တိုင် ပါရှိ နေသယောင် အများထင်မြင်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် မြို့တော် ဒါကာ အာဏာပိုင်များထံ တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အလုပ်အကိုင် ခွဲဝေချထားမှု အစီအစဉ်ကို ဆန့်ကျင်တဲ့ ကျောင်းသားဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့များက နှိမ်နင်းခဲ့ရာမှ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထိပ်တိုက်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါ တယ်။ အဲ့ဒီအချိန် ဒါကာမြို့ လမ်းမတစ်ခုပေါ်က သေနတ်ကိုင် စစ်သားများလိုက်ပါ လာတဲ့ သံချပ်ကာယာဉ် တစ်စီးရဲ့ ပုံကို သတင်းထောက်များက ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။
အဲ့ဒီ သံချပ်ကာယာဉ်အချို့ဟာ ဒါကာက ကုလငြိမ်းချမ်းရေးမစ်ရှင်ကို ငှားရမ်းထားတဲ့ စစ်ယာဉ်များဖြစ်ကြောင်း ဇူလိုင် ၂၄-ရက် ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က သတင်းထောက်တွေကို ရှင်းပြပါတယ်။ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားစဉ် အစိုးရအနေနဲ့ အရေးတကြီး အသုံးပြုဖို့ ဖြစ်လာခဲ့ပြီး “UN ” ဆိုတဲ့ ကုလသမဂ္ဂအမှတ်အသားများကို ဖျက်ပစ်ထားဖို့ မေ့လျော့ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဖျက်ပစ်လိုက်ပါပြီလို့ ဆိုပါ တယ်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရဟာ အင်တာနက် ဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ပါတယ်။ ဇူလိုင် ၂၀ စနေနေ့ ညသန်းခေါင်အချိန်မှ စတင်ပြီး သတ်မှတ်ချိန်မထွက်ရ အမိန့်ကို ပြဋ္ဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကို တိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။
ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားရခြင်းဟာ အစိုးရက အလုပ်အကိုင်ခွဲတမ်း ၃၀ ရာခိုင်နှုန်းကို ၁၉၇၁-ခုနှစ် ဘင်္ဂ လားလွတ်လပ်ရေး စစ်ပွဲကာလ တိုက်ပွဲဝင်ခဲ့သူများရဲ့ သားစဉ်မြေးဆက်တို့အတွက် သီးသန့်သတ်မှတ် လိုက် တဲ့အတွက် ဖြစ်ပါတယ်။ ၂၀၁၈-ခုနှစ် ပြုပြင်ပြောင်းလဲမှုများကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားတဲ့ အဲ့ဒီ ကိစ္စဟာ လွတ်လပ်ရေး စစ်ပွဲကာလကို မမီလိုက်တဲ့ မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံတွင်း အလုပ် လက်မဲ့ အကျပ်အတည်းဆိုက်နေခိုက် ခွဲခြားဆက်ဆံခံရသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်ကို ဆန့်ကျင်ကြောင်း ဇူလိုင် ၅-ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် ၆ ခုတို့က ငြိမ်း ချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အိဒ်ပွဲတော် ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် ခေတ္တမျှ ရပ်ဆိုင်းသွားပြီး ၅-ရက် အကြာမှာ ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားလာခဲ့စဉ် လမ်းမများကို ပိတ်ဆို့ပြီး ကန့်ကွက်ကြောင်း ပြသခြင်းများ ပါဝင်လာပါတယ်။ ဒါကာမြို့ရဲ့ နယ်မြေအစိတ်အပိုင်းအသီးသီးမှာ ပိတ်ဆို့ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေး စနစ် ရပ်တန့်သွားပြီး ဆူပူအုံကြွမှုများကြောင့် အဝေးပြေးကား ခရီးစဉ်များ ရပ်နားခဲ့ရပါတယ်။
အဲဒီနောက် တက္ကသိုလ်အချို့မှာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲ ဖြိုခွင်းမှုများ စတင်ခဲ့ပါတယ်။ ရဲအတားအဆီးများကို ဖြတ်ကျော်လာတဲ့ ကျောင်းသားများဟာ အခြား တက္ကသိုလ်-ကောလိပ်ကျောင်းများနဲ့ ပူးပေါင်းခဲ့ပြီး ရုန့်ရင်းဆန်ခတ်မှုများ ကျယ်ပြန့်သွားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြရာမှ နိုင်ငံရေးရည်ရွယ်ချက်များနဲ့ မောက်မာတဲ့ အပြုအမူများအတွက် အာဏာရ အဝါမီ လိခ်ပါတီရဲ့ ကျောင်းသားလက်ရုံးအဖွဲ့အစည်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ချာထရာအဖွဲ့ချုပ်က ထိုက်တန်စွာ တုန့်ပြန်ရန် အသင့်ရှိနေကြောင်း ဇူလိုင် ၁၅-ရက် ပါတီအထွေထွေအတွင်းရေးမှူးက ပြောဆိုပြီး နောက်ပိုင်း ဆန္ဒပြပွဲများမှာ အစိုးရထောက်ခံသူများက ဝင်ရောက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်ဖက် ထိပ်တိုက်တွေ့မှုများဟာ အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားခဲ့ပြီး ဒါကာတက္ကသိုလ်ဝင်းအတွင်း ဝင် ရောက်တိုက်ခိုက်တဲ့ အဖွဲ့ချုပ်လူငယ်များဟာ တုတ်များအပြင် ကိုင်ဆောင်လာတဲ့ သေနတ်များနဲ့ ပစ်ခတ်ခဲ့ ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသူများကလည်း ကျောက်ခဲများ အုတ်ခဲကျိုးများနဲ့ ပြန်လှန်ပစ် ပေါက်ကြပြီး နှစ်ဘက် ရုန်းရင်းဆန်ခတ်မှုများအကြားမှာ သတင်းထောက်များလည်း တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။
သီတင်း (၃)ပတ်ခန့်ကြာ မငြိမ်သက်မှုများမှာ ဆန္ဒပြသူများကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ လျှပ် တပြက်တိုက်ခိုက်ရေး အထူးတပ်၊ ချာထရာလူငယ်အဖွဲ့ချုပ်အပြင် အန်ဆာလို့ လို့ခေါ်တဲ့ လုံခြုံမှု ထိန်းသိမ်းရေး တပ်များက ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများဘက်မှ ကလေးငယ်များအပါအဝင် လူပေါင်း ၂၂၆-ဦး သေဆုံး၊ ၂၀,၀၀၀ ခန့် ဒဏ်ရာရရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုကို ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကလည်း ရောက်ရှိရာတိုင်းပြည်အသီးသီးမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရပိုင် ရုပ်သံဌာန အပါအဝင် အဆောက်အအုံများအတော်များများ မီးရှို့ခံရပြီး စာမေးပွဲများ ရွှေ့ဆိုင်း ခြင်း၊ ပညာရေးဌာန အဖွဲ့အစည်း အားလုံးနီးပါးကို ရက်အကန့်အသတ် မရှိ ပိတ်ထားလိုက်ရပါတယ်။ နိုင်ငံအတွင်း အလုပ်လက်မဲ့ အကျပ်အတည်းကာလ အလုပ်အကိုင် ခွဲဝေမှု ၅၆ ရာခိုင်နှုန်းကို ဖျက်သိမ်း လိုက်တယ်လို့ ရှိတ်ဟာစီနာ အစိုးရ ဆုံးဖြတ်ကြောင်း လွန်ခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ် တရားလွှတ်တော်ချုပ်ရဲ့ ကြေညာချက်ဟာ ကျောင်းသားများအတွက် ဆူပူအုံ ကြွလာစေဖို့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ အစိုးရရဲ့ အယူခံကို တရားရုံးချုပ်က ထောက်ခံပြီး ခွဲတမ်းအများစုကို ပယ်ဖျက် ကြောင်း၊ အလုပ်အကိုင် ၉၃ ရာခိုင်နှုန်းကို အများသူငါ ပြိုင်ဆိုင်ရန် လမ်းဖွင့်ပေးသင့်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ဆန္ဒပြမှုများလည်း ရပ်တန့်သွားခဲ့ပါတယ်။
အခင်းဖြစ်ပွားစဉ် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဆန္ဒပြသူများအပေါ် အင်အားသုံးခြင်းအတွက် စိုးရိမ်မိကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုသင့်ကြောင်း ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၊ အမေရိကန်နဲ့ ဗြိ တိန် တို့က တောင်းဆိုခဲ့ကြပါတယ်။ မကြာသေးခင်က ဖြစ်ရပ်တွေမှာ ကုလသမဂ္ဂ အမှတ်အသားပါ မော်တော် ယာဉ် အချို့ အသုံးပြုခဲ့ကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များက ရှင်းလင်းချက် ပေးစေခဲ့ တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များကို စေလွှတ် ပံ့ပိုးပေးလျှက်ရှိတဲ့ နိုင်ငံ တွေဟာ သက်ဆိုင်ရာ နိုင်ငံတကာတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နေမှသာလျှင် ကုလသမဂ္ဂရဲ့ အဆောင်အယောင်နဲ့ ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်များမှာ နီပေါနဲ့ ရဝမ်ဒါပြီးလျှင် ဘင်္ဂလားဒေ့ရှ်ဟာ တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်များကို တတိယအများဆုံး စေလွှတ်တဲ့ နိုင်ငံဖြစ်ပါတယ်။
(Channel News Asia., 25 July 2024,” Bangladesh says it forgot to remove UN logos from vehicles as it contained unrest” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
ဆူပူအုံႂကြမႈကို ထိန္းသိမ္းစဥ္ ေမာ္ေတာ္ယာဥ္မ်ား၌ ကုလသမဂၢ အမွတ္ အသားပါရွိေနျခင္းမွာ ဖယ္ရွားရန္ ေမ့ေလ်ာ့သြားျခင္းေၾကာင့္ျဖစ္ဟု ဘဂၤလားေဒ့ရွ္ ေျပာဆို
Htay Oung (NP News) - ဇူလိုင္ ၂၉
ၿပီးခဲ့တဲ့ သီတင္းပတ္ ဘဂၤလားေဒ့ရွ္မွာ ျဖစ္ပြားခဲ့တဲ့ ဆႏၵျပမႈမ်ားဟာ အၾကမ္းဖက္မႈအသြင္ တိုင္းျပည္တစ္ခုလုံး ပ်ံ႕ႏွံ႔သြားခဲ့ၿပီး တရားဝင္ေၾကညာခ်က္အရ လူေပါင္း ၁၅၀ နီးပါး ေသဆုံးခဲ့ရပါတယ္။ စစ္တပ္က ညမထြက္ရ အမိန႔္ထုတ္ျပန္ထားခိုက္ အဓိက႐ုန္းႏွိမ္နင္းေရး ေမာ္ေတာ္ယာဥ္မ်ားမွာ ကုလသမဂၢ အမွတ္အသားမ်ား ပါရွိေနျခင္းဟာ ဖယ္ရွားရန္ ေမ့ေလ်ာ့သြားျခင္းေၾကာင့္သာျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္က ေျပာဆိုတယ္လို႔ “ခ်န္နယ္နယူးစ္ေအးရွား” က ဇူလိုင္လ ၂၇ ရက္မွာ ေရးသားပါတယ္။
ဇူလိုင္ ၂၁ ရက္ တနဂၤေႏြေန႔ ႐ိုက္တာသတင္းေထာက္မ်ားက ႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဖိုင္မွာ "UN" ဆိုၿပီး စာလုံး မ်ား ေရးထိုးထားတဲ့ သံခ်ပ္ကာယာဥ္တစ္စီးပုံကို ေတြ႕ျမင္ရပါတယ္။ လူစုလူေဝး ႐ုန႔္ရင္းဆန္ခတ္မႈမ်ားကို ၿဖိဳခြင္းရာမွာ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ႏိုင္ငံတကာ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး တပ္မ်ား ကိုယ္တိုင္ ပါရွိ ေနသေယာင္ အမ်ားထင္ျမင္စရာ ျဖစ္ခဲ့ရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေျဖရွင္းခ်က္ေပးရန္ ၿမိဳ႕ေတာ္ ဒါကာ အာဏာပိုင္မ်ားထံ ေတာင္းဆိုခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
ဘဂၤလားေဒ့ရွ္ အစိုးရရဲ႕ အလုပ္အကိုင္ ခြဲေဝခ်ထားမႈ အစီအစဥ္ကို ဆန႔္က်င္တဲ့ ေက်ာင္းသားဆႏၵျပပြဲမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ႏွိမ္နင္းခဲ့ရာမွ ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း ထိပ္တိုက္အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့ပါ တယ္။ အဲ့ဒီအခ်ိန္ ဒါကာၿမိဳ႕ လမ္းမတစ္ခုေပၚက ေသနတ္ကိုင္ စစ္သားမ်ားလိုက္ပါ လာတဲ့ သံခ်ပ္ကာယာဥ္ တစ္စီးရဲ႕ ပုံကို သတင္းေထာက္မ်ားက ႐ိုက္ကူးခဲ့ျခင္းျဖစ္ပါတယ္။
အဲ့ဒီ သံခ်ပ္ကာယာဥ္အခ်ိဳ႕ဟာ ဒါကာက ကုလၿငိမ္းခ်မ္းေရးမစ္ရွင္ကို ငွားရမ္းထားတဲ့ စစ္ယာဥ္မ်ားျဖစ္ေၾကာင္း ဇူလိုင္ ၂၄-ရက္ ဗုဒၶဟူးေန႔မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး ဟာဆန္မာမြတ္က သတင္းေထာက္ေတြကို ရွင္းျပပါတယ္။ ႐ုန႔္ရင္းဆန္ခတ္ျဖစ္ပြားစဥ္ အစိုးရအေနနဲ႔ အေရးတႀကီး အသုံးျပဳဖို႔ ျဖစ္လာခဲ့ၿပီး “UN ” ဆိုတဲ့ ကုလသမဂၢအမွတ္အသားမ်ားကို ဖ်က္ပစ္ထားဖို႔ ေမ့ေလ်ာ့ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခု ဖ်က္ပစ္လိုက္ပါၿပီလို႔ ဆိုပါ တယ္။ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ အစိုးရဟာ အင္တာနက္ ဝန္ေဆာင္မႈမ်ားကို ရပ္ဆိုင္းခဲ့ပါတယ္။ ဇူလိုင္ ၂၀ စေနေန႔ ညသန္းေခါင္အခ်ိန္မွ စတင္ၿပီး သတ္မွတ္ခ်ိန္မထြက္ရ အမိန႔္ကို ျပ႒ာန္းဖို႔ ဘဂၤလားေဒ့ရွ္တပ္မေတာ္ကို တိုက္တြန္းခဲ့ေၾကာင္း သိရွိရပါတယ္။
ကန႔္ကြက္ ဆႏၵျပမႈမ်ား ျဖစ္ပြားရျခင္းဟာ အစိုးရက အလုပ္အကိုင္ခြဲတမ္း ၃၀ ရာခိုင္ႏႈန္းကို ၁၉၇၁-ခုႏွစ္ ဘဂၤ လားလြတ္လပ္ေရး စစ္ပြဲကာလ တိုက္ပြဲဝင္ခဲ့သူမ်ားရဲ႕ သားစဥ္ေျမးဆက္တို႔အတြက္ သီးသန႔္သတ္မွတ္ လိုက္ တဲ့အတြက္ ျဖစ္ပါတယ္။ ၂၀၁၈-ခုႏွစ္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေျပာင္းျပန္လွန္လိုက္သလို ျဖစ္သြားတဲ့ အဲ့ဒီ ကိစၥဟာ လြတ္လပ္ေရး စစ္ပြဲကာလကို မမီလိုက္တဲ့ မ်ိဳးဆက္သစ္လူငယ္မ်ားအတြက္ ႏိုင္ငံတြင္း အလုပ္ လက္မဲ့ အက်ပ္အတည္းဆိုက္ေနခိုက္ ခြဲျခားဆက္ဆံခံရသလို ျဖစ္သြားခဲ့ပါတယ္။ အဲဒီ သတ္မွတ္ခ်က္ကို ဆန႔္က်င္ေၾကာင္း ဇူလိုင္ ၅-ရက္ေန႔ကစၿပီး ဘဂၤလားေဒ့ရွ္ တကၠသိုလ္ ၆ ခုတို႔က ၿငိမ္း ခ်မ္းစြာ ဆႏၵျပခဲ့ၾကပါတယ္။ အိဒ္ပြဲေတာ္ ကာလနဲ႔ တိုက္ဆိုင္ေနတဲ့အတြက္ ေခတၱမွ် ရပ္ဆိုင္းသြားၿပီး ၅-ရက္ အၾကာမွာ ဆႏၵျပမႈမ်ား ျပန္လည္ျဖစ္ပြားလာခဲ့စဥ္ လမ္းမမ်ားကို ပိတ္ဆို႔ၿပီး ကန႔္ကြက္ေၾကာင္း ျပသျခင္းမ်ား ပါဝင္လာပါတယ္။ ဒါကာၿမိဳ႕ရဲ႕ နယ္ေျမအစိတ္အပိုင္းအသီးသီးမွာ ပိတ္ဆို႔ထားတဲ့အတြက္ သယ္ယူပို႔ေဆာင္ေရး စနစ္ ရပ္တန႔္သြားၿပီး ဆူပူအုံႂကြမႈမ်ားေၾကာင့္ အေဝးေျပးကား ခရီးစဥ္မ်ား ရပ္နားခဲ့ရပါတယ္။
အဲဒီေနာက္ တကၠသိုလ္အခ်ိဳ႕မွာ ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႕ဝင္မ်ားက လူစုခြဲ ၿဖိဳခြင္းမႈမ်ား စတင္ခဲ့ပါတယ္။ ရဲအတားအဆီးမ်ားကို ျဖတ္ေက်ာ္လာတဲ့ ေက်ာင္းသားမ်ားဟာ အျခား တကၠသိုလ္-ေကာလိပ္ေက်ာင္းမ်ားနဲ႔ ပူးေပါင္းခဲ့ၿပီး ႐ုန႔္ရင္းဆန္ခတ္မႈမ်ား က်ယ္ျပန႔္သြားပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပရာမွ ႏိုင္ငံေရးရည္႐ြယ္ခ်က္မ်ားနဲ႔ ေမာက္မာတဲ့ အျပဳအမူမ်ားအတြက္ အာဏာရ အဝါမီ လိခ္ပါတီရဲ႕ ေက်ာင္းသားလက္႐ုံးအဖြဲ႕အစည္းျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ ခ်ာထရာအဖြဲ႕ခ်ဳပ္က ထိုက္တန္စြာ တုန႔္ျပန္ရန္ အသင့္ရွိေနေၾကာင္း ဇူလိုင္ ၁၅-ရက္ ပါတီအေထြေထြအတြင္းေရးမႉးက ေျပာဆိုၿပီး ေနာက္ပိုင္း ဆႏၵျပပြဲမ်ားမွာ အစိုးရေထာက္ခံသူမ်ားက ဝင္ေရာက္တိုက္ခိုက္ျခင္းမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ႏွစ္ဖက္ ထိပ္တိုက္ေတြ႕မႈမ်ားဟာ အၾကမ္းဖက္မႈအသြင္ ေျပာင္းလဲသြားခဲ့ၿပီး ဒါကာတကၠသိုလ္ဝင္းအတြင္း ဝင္ ေရာက္တိုက္ခိုက္တဲ့ အဖြဲ႕ခ်ဳပ္လူငယ္မ်ားဟာ တုတ္မ်ားအျပင္ ကိုင္ေဆာင္လာတဲ့ ေသနတ္မ်ားနဲ႔ ပစ္ခတ္ခဲ့ ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ ဆႏၵျပသူမ်ားကလည္း ေက်ာက္ခဲမ်ား အုတ္ခဲက်ိဳးမ်ားနဲ႔ ျပန္လွန္ပစ္ ေပါက္ၾကၿပီး ႏွစ္ဘက္ ႐ုန္းရင္းဆန္ခတ္မႈမ်ားအၾကားမွာ သတင္းေထာက္မ်ားလည္း တိုက္ခိုက္ခံရတယ္လို႔ ဆိုပါတယ္။
သီတင္း (၃)ပတ္ခန႔္ၾကာ မၿငိမ္သက္မႈမ်ားမွာ ဆႏၵျပသူမ်ားကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္၊ လွ်ပ္ တျပက္တိုက္ခိုက္ေရး အထူးတပ္၊ ခ်ာထရာလူငယ္အဖြဲ႕ခ်ဳပ္အျပင္ အန္ဆာလို႔ လို႔ေခၚတဲ့ လုံၿခဳံမႈ ထိန္းသိမ္းေရး တပ္မ်ားက ၿဖိဳခြင္းခဲ့ၿပီး ဆႏၵျပသူမ်ားဘက္မွ ကေလးငယ္မ်ားအပါအဝင္ လူေပါင္း ၂၂၆-ဦး ေသဆုံး၊ ၂၀,၀၀၀ ခန႔္ ဒဏ္ရာရရွိေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ အစိုးရရဲ႕ အၾကမ္းဖက္ႏွိမ္နင္းမႈကို ျပည္ပေရာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားကလည္း ေရာက္ရွိရာတိုင္းျပည္အသီးသီးမွာ ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ အစိုးရပိုင္ ႐ုပ္သံဌာန အပါအဝင္ အေဆာက္အအုံမ်ားအေတာ္မ်ားမ်ား မီးရႈိ႕ခံရၿပီး စာေမးပြဲမ်ား ေ႐ႊ႕ဆိုင္း ျခင္း၊ ပညာေရးဌာန အဖြဲ႕အစည္း အားလုံးနီးပါးကို ရက္အကန႔္အသတ္ မရွိ ပိတ္ထားလိုက္ရပါတယ္။ ႏိုင္ငံအတြင္း အလုပ္လက္မဲ့ အက်ပ္အတည္းကာလ အလုပ္အကိုင္ ခြဲေဝမႈ ၅၆ ရာခိုင္ႏႈန္းကို ဖ်က္သိမ္း လိုက္တယ္လို႔ ရွိတ္ဟာစီနာ အစိုးရ ဆုံးျဖတ္ေၾကာင္း လြန္ခဲ့တဲ့လ ဘဂၤလားေဒ့ရွ္ တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ေၾကညာခ်က္ဟာ ေက်ာင္းသားမ်ားအတြက္ ဆူပူအုံ ႂကြလာေစဖို႔ ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ တနဂၤေႏြေန႔မွာ အစိုးရရဲ႕ အယူခံကို တရား႐ုံးခ်ဳပ္က ေထာက္ခံၿပီး ခြဲတမ္းအမ်ားစုကို ပယ္ဖ်က္ ေၾကာင္း၊ အလုပ္အကိုင္ ၉၃ ရာခိုင္ႏႈန္းကို အမ်ားသူငါ ၿပိဳင္ဆိုင္ရန္ လမ္းဖြင့္ေပးသင့္ေၾကာင္း ၫႊန္ၾကားခ်က္ ထုတ္ျပန္ၿပီးေနာက္ ဆႏၵျပမႈမ်ားလည္း ရပ္တန႔္သြားခဲ့ပါတယ္။
အခင္းျဖစ္ပြားစဥ္ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ဆႏၵျပသူမ်ားအေပၚ အင္အားသုံးျခင္းအတြက္ စိုးရိမ္မိေၾကာင္း၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပခြင့္ျပဳသင့္ေၾကာင္း ကုလသမဂၢ၊ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕မ်ား၊ အေမရိကန္နဲ႔ ၿဗိ တိန္ တို႔က ေတာင္းဆိုခဲ့ၾကပါတယ္။ မၾကာေသးခင္က ျဖစ္ရပ္ေတြမွာ ကုလသမဂၢ အမွတ္အသားပါ ေမာ္ေတာ္ ယာဥ္ အခ်ိဳ႕ အသုံးျပဳခဲ့ေၾကာင္း သတင္းေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာအာဏာပိုင္မ်ားက ရွင္းလင္းခ်က္ ေပးေစခဲ့ တယ္လို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ကုလသမဂၢ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားကို ေစလႊတ္ ပံ့ပိုးေပးလွ်က္ရွိတဲ့ ႏိုင္ငံ ေတြဟာ သက္ဆိုင္ရာ ႏိုင္ငံတကာတပ္ဖြဲ႕ဝင္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ေနမွသာလွ်င္ ကုလသမဂၢရဲ႕ အေဆာင္အေယာင္နဲ႔ ကိရိယာတန္ဆာပလာမ်ားကို အသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ ကုလသမဂၢ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး မစ္ရွင္မ်ားမွာ နီေပါနဲ႔ ရဝမ္ဒါၿပီးလွ်င္ ဘဂၤလားေဒ့ရွ္ဟာ တပ္ဖြဲ႕ဝင္နဲ႔ ရဲတပ္ဖြဲ႕ဝင္မ်ားကို တတိယအမ်ားဆုံး ေစလႊတ္တဲ့ ႏိုင္ငံျဖစ္ပါတယ္။
(Channel News Asia., 25 July 2024,” Bangladesh says it forgot to remove UN logos from vehicles as it contained unrest” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏုတ္ဘာသာျပန္ဆိုသည္။)