အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းပစ်မှတ်တွေကို ညလုံးပေါက်ဗုံးကြဲတိုက်ခိုက်
1572
ဂျန်ဇက် (NP News) - ဇူလိုင် ၂၉
အစ္စရေး စစ်တပ်ဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းပစ်မှတ်တွေကို လေ ကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသရှိ ဘောလုံးကွင်းတစ်ခုမှာ ရော့ကဒ်ဒုံးကျည်တွေ ပေါက်ကွဲမှုဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးဟာ ဇူလိုင်လ ၂၈ ရက်မှာပဲ လက်ဘနွန်နိုင်ငံတောင်ပိုင်းအခြေစိုက်ဟစ်ဘိုလာအုပ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အယ်ဂျာဇီးယားသတင်းဌာနက အစ္စရေးနဲ့လက်ဘနွန်နယ်စပ်ဒေသတစ်လျှောက်မှာပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်က "ကျွန်တော်တို့ဟာ ဟစ်ဘိုလာအုပ်စုရဲ့ပစ်မှတ်တွေကို ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်။ လက်ဘနွန်ပိုင်နက်အတွင်း ပိုင်းနဲ့တောင်ပိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဟစ်ဘိုလာအုပ်စုရဲ့လက်နက်ထားတဲ့နေရာတွေနဲ့အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာပါ" လို့ ပြောပါတယ်။ အစ္စရေးအစိုးရက လူပေါင်း (၁၂)ဦးသေဆုံးခဲ့ရတဲ့ ဂိုလန်ကုန်းမြင့်ဒေသက ဘောလုံးတိုက်ခိုက်မှုခံရမှုဟာ ဟစ်ဘိုလာအုပ်စုရဲ့လက်ချက်ဖြစ်တယ်လို့စွပ်စွဲထားပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးပိုင်နက်တွေကို ရော့ကဒ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်မှာတင်းမာမှုပိုမိုဖြစ်ပွားလာနေကြောင်းသိရပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက "ဟစ်ဘိုလာအုပ်စုဟာ သတ်မှတ်ထားတဲ့နောက်ဆုံးမျဉ်းအားလုံးကိုကျော်လာတယ်။ အစ္စရေးနဲ့ လက်ဘနွန်အခြေ စိုက်ဟစ်ဘိုလာအုပ်စုကြားအလုံးစုံစစ်ပွဲဖြစ်လာဖွယ်ရှိနေတယ်"လို့ သတိ ပေးပြောဆိုခဲ့ပါတယ်။
zawgyi version
အစၥေရးစစ္တပ္က လက္ဘႏြန္ေတာင္ပိုင္းပစ္မွတ္ေတြကို ညလုံးေပါက္ဗုံးႀကဲတိုက္ခိုက္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၉
အစၥေရး စစ္တပ္ဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းပစ္မွတ္ေတြကို ေလ ေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။
အစၥေရးထိန္းခ်ဳပ္ထားတဲ့ ဂိုလန္ကုန္းျမင့္ေဒသရွိ ေဘာလုံးကြင္းတစ္ခုမွာ ေရာ့ကဒ္ဒုံးက်ည္ေတြ ေပါက္ကြဲမႈျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးဟာ ဇူလိုင္လ ၂၈ ရက္မွာပဲ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းအေျခစိုက္ဟစ္ဘိုလာအုပ္စုေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ အယ္ဂ်ာဇီးယားသတင္းဌာနက အစၥေရးနဲ႔လက္ဘႏြန္နယ္စပ္ေဒသတစ္ေလွ်ာက္မွာေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။
အစၥေရးစစ္တပ္က "ကြၽန္ေတာ္တို႔ဟာ ဟစ္ဘိုလာအုပ္စုရဲ႕ပစ္မွတ္ေတြကို ညလုံးေပါက္တိုက္ခိုက္ခဲ့တယ္။ လက္ဘႏြန္ပိုင္နက္အတြင္း ပိုင္းနဲ႔ေတာင္ပိုင္းေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္တယ္။ ဟစ္ဘိုလာအုပ္စုရဲ႕လက္နက္ထားတဲ့ေနရာေတြနဲ႔အေဆာက္အအုံေတြကို တိုက္ခိုက္ခဲ့တာပါ" လို႔ ေျပာပါတယ္။ အစၥေရးအစိုးရက လူေပါင္း (၁၂)ဦးေသဆုံးခဲ့ရတဲ့ ဂိုလန္ကုန္းျမင့္ေဒသက ေဘာလုံးတိုက္ခိုက္မႈခံရမႈဟာ ဟစ္ဘိုလာအုပ္စုရဲ႕လက္ခ်က္ျဖစ္တယ္လို႔စြပ္စြဲထားပါတယ္။ အစၥေရးနဲ႔ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာအုပ္စုဟာ အစၥေရးပိုင္နက္ေတြကို ေရာ့ကဒ္ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ လက္ရွိအခ်ိန္မွာတင္းမာမႈပိုမိုျဖစ္ပြားလာေနေၾကာင္းသိရပါတယ္။
အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးက "ဟစ္ဘိုလာအုပ္စုဟာ သတ္မွတ္ထားတဲ့ေနာက္ဆုံးမ်ဥ္းအားလုံးကိုေက်ာ္လာတယ္။ အစၥေရးနဲ႔ လက္ဘႏြန္အေျခ စိုက္ဟစ္ဘိုလာအုပ္စုၾကားအလုံးစုံစစ္ပြဲျဖစ္လာဖြယ္ရွိေနတယ္"လို႔ သတိ ေပးေျပာဆိုခဲ့ပါတယ္။