မိုးကုတ်မြို့ကို ထိန်းချုပ်သည်ဟု TNLA ထုတ်ပြန်ပြီးနောက် ပိတ်မိသူမြို့ခံများက အမြန်ဆုံးတိမ်းရှောင်လိုနေပြီး မလုံခြုံမှုကိုလည်း ခံစားနေကြရ

 1412

သုတကျော် (NP News) - ဇူလိုင် ၂၉

မိုးကုတ်မြို့ကို ထိန်းချုပ်သည်ဟု TNLA က ထုတ်ပြန်ပြီးနောက် ပိတ်မိသူမြို့ခံများက အမြန်ဆုံးတိမ်းရှောင်ရန်လိုနေပြီး မလုံခြုံမှုကိုလည်း ခံစားနေကြရကြောင်း NP News က အဆိုပါမြို့မှ တိမ်းရှောင်လာခဲ့သူ အချို့ထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

မိုးကုတ်မြို့ကို TNLA နှင့် ပူးပေါင်းတပ်များက ဇွန်လ ၂၅ ရက်က စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်တွင် ထိန်းချုပ်နိုင်သည်ဟု ကြေညာခဲ့ပြီးနောက် ၎င်းတို့ကိုပြည်သူများက ကြိုဆိုသည်ဟုဆိုကာ ဝါဒဖြန့်ဓာတ်ပုံ များကို TNLA က ထုတ်ပြန်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ် သက်၍ စစ်ရေးအခြေအနေအရ မိုးကုတ်မြို့က လုံခြုံရေးစခန်း အချို့ကို ရွှေ့ပြောင်းပေါင်းစည်းခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ကြိုဆိုသည်ဆိုသော ဓာတ်ပုံများမှာလည်း လုပ်ကြံရိုက်ကူး ထားခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

‘စစ်ရေးအခြေအနေအရ မိုးကုတ်က လုံခြုံရေးစခန်းအချို့ ရွှေ့ပြောင်းပေါင်းစည်းတာတွေကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ပါတယ်။ TNLA အကြမ်း ဖက်သမားတွေကတော့ မိုးကုတ်မြို့က ပြည်သူလူထုရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဥစ္စာတွေကို အလေးမထားဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်တိုက် ဆောင်ရွက်နေတဲ့အတွက်ကြောင့် အပြစ်မဲ့ပြည်သူ များစွာ ထိခိုက်ဒဏ်ရာရ သေဆုံးနေရသလို နေအိမ် ဥစ္စာပစ္စည်းများစွာလည်း ဆုံးရှုံးနေရပါတယ်။ TNLA အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့အကြမ်း ဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့နဲ့ စိတ်ဓာတ်စစ်ဆင် ရေးလုပ်နိုင်ဖို့အတွက် ဇူလိုင်လ (၂၄) ရက်က မိုးကုတ်တစ်မြို့လုံးကို သိမ်းပိုက်နိုင်ပြီးတော့ သူတို့ကိုလည်း ပြည်သူလူထုက ကြိုဆိုကြောင်း ပုံတွေနဲ့ ဖော်ပြလာပါ တယ်။ ဒါဟာ အစစ်အမှန် မဟုတ်ပါဘူး။ ဝါဒဖြန့်နိုင်ဖို့ လုပ်ကြံရိုက်ကူးထားတာ ဖြစ်ပါတယ်’ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးဇော်မင်းက ရှင်းလင်း ပြောကြားထားသည်။

အဆိုပါဓာတ်ပုံများသည် အကြမ်းဖက် သမားများ၏ မိသားစုဝင်များနှင့်သစ္စာမဲ့ CDM ဝန် ထမ်းအချို့ကိုစုစည်းပြီး ဝါဒဖြန့်နိုင်ရန် လုပ်ကြံရိုက် ကူးထားခြင်းသာဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။

NP News မှ စုံစမ်းသိရှိရသော အချက်အလက်များအရလည်း မိုးကုတ်မြို့ တိုက်ပွဲများအတွင်း TNLA က လူသား ဒိုင်းသဖွယ် အသုံးပြုသည့်အနေ ဖြင့် မြို့ခံများ၏နေအိမ်ခြံဝန်းအတွင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ‘အချုပ်ထောင်ကို တိုက်တယ်ဆိုကတည်းက အခု (ဇူလိုင်လ ၂၆ ရက်)ထိ မိုးကုတ်မြို့နဲ့ အဆက်အသွယ်မရတော့ဘူး။ ဖုန်းဆက်မရတော့ ပိုပြီးစိတ်ပူတယ်။ ဘာသတင်းမှလည်း မကြားရဘူး ဖြစ်နေတယ်။ အဲဒီမှာ ဘာတွေ ဖြစ်နေမှန်းလဲ မသိဘူး။ ကိုယ်တိုင်သာသွားပြီးတော့ ကယ်ထုတ်ခဲ့ချင်တာ။ အဲဒီကနေ ရှောင်ချင်တဲ့ သူတွေလည်းရှိနေတယ်။ ခက်တာ က လမ်းကလည်း အဆင်မပြေဘူး။ လမ်းကြမ်းတယ်။ သူတို့ (TNLA ပူးပေါင်းအဖွဲ့က) အစစ်အဆေး လည်းများတယ်’ ဟု မိုးကုတ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

မိုးကုတ်မြို့မှတိမ်းရှောင်ရာတွင်လည်း လမ်းကြမ်းသောကြောင့် လူမမာများ၊ သက်ကြီးရွယ်အိုများနှင့် ကလေး ငယ်များအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘လမ်းက ဗွက်တောပေါ့။ ဆိုင်ကယ်ဘီးမှာ ချိန်းကြိုးပတ်ပြီးသွား ရတာလေ။ အဲဒီလို ကြမ်းတမ်းတယ်။ အခုက အဆက်အသွယ်မရတော့ မြို့မှာဘာတွေဖြစ်နေပြီလဲမသိဘူး။ အရမ်း စိတ်ပူတယ်။ ဟိုတစ်ခါ TNLA ကို ကြိုတယ်ဆိုပြီး ဓာတ်ပုံတွေ တက်လာတော့လည်း စိုးရိမ်တယ်။ သူတို့က ဘယ်လို စိတ်လဲမသိပေမယ့် မြို့က အပြစ်မဲ့ပြည်သူ တွေကို ထိခိုက်မှာစိုးရိမ်တယ်’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် TNLA ပူးပေါင်းအဖွဲ့က မြို့ မှ တိမ်းရှောင်သူများ၏ လက်ကိုင်ဖုန်းများကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ၎င်းတို့ကို မ ထောက်ခံသူဟု ယူဆပါက ဖမ်းဆီးခြင်းမျိုးရှိသည်ဟု သိရကြောင်း အခြားမိုးကုတ်မြို့မှ တိမ်းရှောင်လာသူ တစ်ဦးကဆိုသည်။ ‘အခုက ဘာဖြစ်သလဲဆို ဖုန်းထဲက ပုံတွေဖျက်ရင်လည်း Gallery မှာ ဖျက်ထားတာတွေက ကာလတစ်ခုအထိ မပျက်ဘဲ စုနေတာရှိတယ်လေ။ အဲဒီအထိ လိုက်စစ်တာ။ နောက်ပြီးတော့ Non CDM တွေဆိုလည်း ဖမ်းတယ်ကြား တယ်။ ပြီးတော့ ဒလန်စာရင်းဆိုပြီးတော့ လုပ်နေတယ်လို့လည်း သတင်းတွေကကြားနေရတော့ မြို့ခံတွေက မလုံခြုံဘူး ဖြစ်နေတာ။ ဘယ်တော့ဒလန်ဆိုပြီး အဖမ်းခံရမလဲဆိုပြီး စိုးရိမ်နေကြတယ်။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဘယ် တော့ဘာဖြစ်မယ်ဆိုတာ မသိကြဘူး။ မလုံခြုံဘူးပေါ့။ မြို့က အမြန်ဆုံး ထွက်ချင်နေကြတာ’ဟု ၎င်းကဆိုသည်။

မိုးကုတ်မြို့နှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက မြို့၏ထွက်ပေါက်များကို TNLA က ပိတ် ထားသည့်အတွက် စားနပ်ရိက္ခာရှားပါးမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

zawgyi version
မိုးကုတ္ၿမိဳ႕ကို ထိန္းခ်ဳပ္သည္ဟု TNLA ထုတ္ျပန္ၿပီးေနာက္ ပိတ္မိသူၿမိဳ႕ခံမ်ားက အျမန္ဆုံးတိမ္းေရွာင္လိုေနၿပီး မလုံၿခဳံမႈကိုလည္း ခံစားေနၾကရ
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၉

မိုးကုတ္ၿမိဳ႕ကို ထိန္းခ်ဳပ္သည္ဟု TNLA က ထုတ္ျပန္ၿပီးေနာက္ ပိတ္မိသူၿမိဳ႕ခံမ်ားက အျမန္ဆုံးတိမ္းေရွာင္ရန္လိုေနၿပီး မလုံၿခဳံမႈကိုလည္း ခံစားေနၾကရေၾကာင္း NP News က အဆိုပါၿမိဳ႕မွ တိမ္းေရွာင္လာခဲ့သူ အခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

မိုးကုတ္ၿမိဳ႕ကို TNLA ႏွင့္ ပူးေပါင္းတပ္မ်ားက ဇြန္လ ၂၅ ရက္က စတင္ကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ ၂၄ ရက္တြင္ ထိန္းခ်ဳပ္ႏိုင္သည္ဟု ေၾကညာခဲ့ၿပီးေနာက္ ၎တို႔ကိုျပည္သူမ်ားက ႀကိဳဆိုသည္ဟုဆိုကာ ဝါဒျဖန႔္ဓာတ္ပုံ မ်ားကို TNLA က ထုတ္ျပန္ခဲ့သည္။ အဆိုပါကိစၥႏွင့္ပတ္ သက္၍ စစ္ေရးအေျခအေနအရ မိုးကုတ္ၿမိဳ႕က လုံၿခဳံေရးစခန္း အခ်ိဳ႕ကို ေ႐ႊ႕ေျပာင္းေပါင္းစည္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ႀကိဳဆိုသည္ဆိုေသာ ဓာတ္ပုံမ်ားမွာလည္း လုပ္ႀကံ႐ိုက္ကူး ထားျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားသည္။

‘စစ္ေရးအေျခအေနအရ မိုးကုတ္က လုံၿခဳံေရးစခန္းအခ်ိဳ႕ ေ႐ႊ႕ေျပာင္းေပါင္းစည္းတာေတြကို အဆင့္ဆင့္ လုပ္ေဆာင္ခဲ့ပါတယ္။ TNLA အၾကမ္း ဖက္သမားေတြကေတာ့ မိုးကုတ္ၿမိဳ႕က ျပည္သူလူထုရဲ႕အသက္၊ အိုးအိမ္၊ စည္းစိမ္၊ ဥစၥာေတြကို အေလးမထားဘဲ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ဆက္တိုက္ ေဆာင္႐ြက္ေနတဲ့အတြက္ေၾကာင့္ အျပစ္မဲ့ျပည္သူ မ်ားစြာ ထိခိုက္ဒဏ္ရာရ ေသဆုံးေနရသလို ေနအိမ္ ဥစၥာပစၥည္းမ်ားစြာလည္း ဆုံးရႈံးေနရပါတယ္။ TNLA အၾကမ္းဖက္သမားေတြဟာ သူတို႔ရဲ႕အၾကမ္း ဖက္လုပ္ရပ္ေတြကို ဖုံးကြယ္ဖို႔နဲ႔ စိတ္ဓာတ္စစ္ဆင္ ေရးလုပ္ႏိုင္ဖို႔အတြက္ ဇူလိုင္လ (၂၄) ရက္က မိုးကုတ္တစ္ၿမိဳ႕လုံးကို သိမ္းပိုက္ႏိုင္ၿပီးေတာ့ သူတို႔ကိုလည္း ျပည္သူလူထုက ႀကိဳဆိုေၾကာင္း ပုံေတြနဲ႔ ေဖာ္ျပလာပါ တယ္။ ဒါဟာ အစစ္အမွန္ မဟုတ္ပါဘူး။ ဝါဒျဖန႔္ႏိုင္ဖို႔ လုပ္ႀကံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္’ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မႉးေဇာ္မင္းက ရွင္းလင္း ေျပာၾကားထားသည္။

အဆိုပါဓာတ္ပုံမ်ားသည္ အၾကမ္းဖက္ သမားမ်ား၏ မိသားစုဝင္မ်ားႏွင့္သစၥာမဲ့ CDM ဝန္ ထမ္းအခ်ိဳ႕ကိုစုစည္းၿပီး ဝါဒျဖန႔္ႏိုင္ရန္ လုပ္ႀကံ႐ိုက္ ကူးထားျခင္းသာျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားထားသည္။

NP News မွ စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရလည္း မိုးကုတ္ၿမိဳ႕ တိုက္ပြဲမ်ားအတြင္း TNLA က လူသား ဒိုင္းသဖြယ္ အသုံးျပဳသည့္အေန ျဖင့္ ၿမိဳ႕ခံမ်ား၏ေနအိမ္ၿခံဝန္းအတြင္းမွ တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ‘အခ်ဳပ္ေထာင္ကို တိုက္တယ္ဆိုကတည္းက အခု (ဇူလိုင္လ ၂၆ ရက္)ထိ မိုးကုတ္ၿမိဳ႕နဲ႔ အဆက္အသြယ္မရေတာ့ဘူး။ ဖုန္းဆက္မရေတာ့ ပိုၿပီးစိတ္ပူတယ္။ ဘာသတင္းမွလည္း မၾကားရဘူး ျဖစ္ေနတယ္။ အဲဒီမွာ ဘာေတြ ျဖစ္ေနမွန္းလဲ မသိဘူး။ ကိုယ္တိုင္သာသြားၿပီးေတာ့ ကယ္ထုတ္ခဲ့ခ်င္တာ။ အဲဒီကေန ေရွာင္ခ်င္တဲ့ သူေတြလည္းရွိေနတယ္။ ခက္တာ က လမ္းကလည္း အဆင္မေျပဘူး။ လမ္းၾကမ္းတယ္။ သူတို႔ (TNLA ပူးေပါင္းအဖြဲ႕က) အစစ္အေဆး လည္းမ်ားတယ္’ ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

မိုးကုတ္ၿမိဳ႕မွတိမ္းေရွာင္ရာတြင္လည္း လမ္းၾကမ္းေသာေၾကာင့္ လူမမာမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကေလး ငယ္မ်ားအတြက္ စိုးရိမ္ဖြယ္ျဖစ္ေၾကာင္း ၎ကဆိုသည္။ ‘လမ္းက ဗြက္ေတာေပါ့။ ဆိုင္ကယ္ဘီးမွာ ခ်ိန္းႀကိဳးပတ္ၿပီးသြား ရတာေလ။ အဲဒီလို ၾကမ္းတမ္းတယ္။ အခုက အဆက္အသြယ္မရေတာ့ ၿမိဳ႕မွာဘာေတြျဖစ္ေနၿပီလဲမသိဘူး။ အရမ္း စိတ္ပူတယ္။ ဟိုတစ္ခါ TNLA ကို ႀကိဳတယ္ဆိုၿပီး ဓာတ္ပုံေတြ တက္လာေတာ့လည္း စိုးရိမ္တယ္။ သူတို႔က ဘယ္လို စိတ္လဲမသိေပမယ့္ ၿမိဳ႕က အျပစ္မဲ့ျပည္သူ ေတြကို ထိခိုက္မွာစိုးရိမ္တယ္’ဟု ၎က ေျပာသည္။

လက္ရွိတြင္ TNLA ပူးေပါင္းအဖြဲ႕က ၿမိဳ႕ မွ တိမ္းေရွာင္သူမ်ား၏ လက္ကိုင္ဖုန္းမ်ားကိုလည္း တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနၿပီး ၎တို႔ကို မ ေထာက္ခံသူဟု ယူဆပါက ဖမ္းဆီးျခင္းမ်ိဳးရွိသည္ဟု သိရေၾကာင္း အျခားမိုးကုတ္ၿမိဳ႕မွ တိမ္းေရွာင္လာသူ တစ္ဦးကဆိုသည္။ ‘အခုက ဘာျဖစ္သလဲဆို ဖုန္းထဲက ပုံေတြဖ်က္ရင္လည္း Gallery မွာ ဖ်က္ထားတာေတြက ကာလတစ္ခုအထိ မပ်က္ဘဲ စုေနတာရွိတယ္ေလ။ အဲဒီအထိ လိုက္စစ္တာ။ ေနာက္ၿပီးေတာ့ Non CDM ေတြဆိုလည္း ဖမ္းတယ္ၾကား တယ္။ ၿပီးေတာ့ ဒလန္စာရင္းဆိုၿပီးေတာ့ လုပ္ေနတယ္လို႔လည္း သတင္းေတြကၾကားေနရေတာ့ ၿမိဳ႕ခံေတြက မလုံၿခဳံဘူး ျဖစ္ေနတာ။ ဘယ္ေတာ့ဒလန္ဆိုၿပီး အဖမ္းခံရမလဲဆိုၿပီး စိုးရိမ္ေနၾကတယ္။ တရားဥပေဒစိုးမိုးမႈ မရွိတဲ့အတြက္ ဘယ္ ေတာ့ဘာျဖစ္မယ္ဆိုတာ မသိၾကဘူး။ မလုံၿခဳံဘူးေပါ့။ ၿမိဳ႕က အျမန္ဆုံး ထြက္ခ်င္ေနၾကတာ’ဟု ၎ကဆိုသည္။

မိုးကုတ္ၿမိဳ႕ႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ရက္ပိုင္းက ၿမိဳ႕၏ထြက္ေပါက္မ်ားကို TNLA က ပိတ္ ထားသည့္အတြက္ စားနပ္ရိကၡာရွားပါးမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.