နေတိုးအဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ နိုင်ငံသားများအား လက်ဘနွန်နိုင်ငံတွင်းမှ ထွက်ခွာကြရန် သတိပေးချက်ထုတ်ပြန်

 579

ALynn (NP News) - ဇူလိုင် ၂၉

အစ္စရေးနှင့် ပါလက်စတိုင်းလိုလားသော ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့တို့ကြား ပြင်းထန်သော စစ်ပွဲဖြစ်နိုင်ချေရှိလာသည်နှင့်အမျှ ၎င်းတို့နိုင်ငံသားများကို နိုင်ငံတွင်းမှ ချက်ချင်းထွက်ခွာကြရန် အမေရိကန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံ အများအပြားက လက်ဘနွန်သို့ ခရီးသွားသတိပေးချက်ထုတ်ပြန်ထားသည်။

အစ္စရေးတို့သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ရှိ Druze မြို့ Majdan Shams တွင် ဟစ်ဇ်ဘိုလာတို့၏တိုက်ခိုက်မှုကြောင့် ကလေးငယ်(၁၂)ဦး သေဆုံးပြီးနောက် စနေနေ့ (ဇူလိုင်လ ၂၇ ရက်)က တင်းမာမှုများ အရှိန် အဟုန်မြင့်တက်လာခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က အဆိုပါ ဒုံးကျည်သည် လက်ဘနွန် တောင်ပိုင်းမှ ဟစ်ဇ်ဘိုလာတို့ ပစ်ခတ်ခဲ့သည့် အီရန်လုပ် Falaq-1 ဒုံးပျံဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် စစ်သွေးကြွများက တိုက်ခိုက်မှုတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ငြင်းဆိုထားသည်။

အမေရိကန်သံရုံးသည် စနေနေ့က ခရီးသွားသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံသားများအား “လက်ဘနွန်သို့ ခရီးသွားခြင်းကို အသေ အချာပြန်လည်စဉ်းစားရန်”တိုက်တွန်းထားသည်။ “လုံခြုံရေးအခြေအနေက ရှုပ်ထွေးနေပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်”ဟု သံရုံးကပြောကြားခဲ့သည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ဆက်နွယ်နေသည့် အန္တရာယ်များကြောင့် လက်ဘနွန်သို့ ခရီးသွားလာမှု အားလုံးကို ဗြိတိန်နိုင်ငံခြားရေးရုံးကလည်း သတိပေးခဲ့သည်။ အလားတူ သတိပေးချက်များကို ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ နော်ဝေးနှင့် ဒိန်းမတ်တို့အပြင် အိုင်ယာလန်နှင့် သြစတြေးလျကဲ့သို့ နေတိုးမဟုတ်သောနိုင်ငံများကလည်း ထုတ်ပြန်ထားသည်။

IDF နှင့် ဟစ်ဇ်ဘိုလာတို့သည် ဂါဇာကမ်းမြောင်တွင် အောက်တိုဘာလ၌ ဖြစ်ပွားခဲ့သော စစ်ပွဲနောက်ပိုင်း ကြိုကြားကြိုကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ လက်နက်ကိုင်အဖွဲ့သည် ဂါဇာရှိ ဟားမတ်စ်နှင့် ပါလက်စတိုင်းတို့ တိုက်ပွဲဖြစ်နေသည့်နေရာများကို ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ရာ IDF က အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်ခဲ့ သည်။ ဂိုလန်ကုန်းမြင့်မှာ စနေနေ့က တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဟစ်ဇ်ဘိုလာတို့ကို အလုံးစုံစစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး Israel Katz က ၎င်းအဖွဲ့သည် တားမြစ်ထားသည့်အနီရောင်စည်းမျဉ်းအားလုံးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ အစ္စ ရေးလုံခြုံရေးဝန်ကြီးအဖွဲ့သည် တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၈ ရက်) ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့အား အချိန်နှင့် နောက်ထပ် စစ်ဆင်ရေး ဆောင်ရွက်မှု အတိုင်းအတာကို ဆုံးဖြတ်ရန် အာဏာပေးအပ်ခဲ့သည်။

zawgyi version
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက ၎တို႔၏ ႏိုင္ငံသားမ်ားအား လက္ဘႏြန္ႏိုင္ငံတြင္းမွ ထြက္ခြာၾကရန္ သတိေပးခ်က္ထုတ္ျပန္
ALynn (NP News) - ဇူလိုင္ ၂၉

အစၥေရးႏွင့္ ပါလက္စတိုင္းလိုလားေသာ ဟစ္ဇ္ဘိုလာ လက္နက္ကိုင္အဖြဲ႕တို႔ၾကား ျပင္းထန္ေသာ စစ္ပြဲျဖစ္ႏိုင္ေခ်ရွိလာသည္ႏွင့္အမွ် ၎တို႔ႏိုင္ငံသားမ်ားကို ႏိုင္ငံတြင္းမွ ခ်က္ခ်င္းထြက္ခြာၾကရန္ အေမရိကန္အပါအဝင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ အမ်ားအျပားက လက္ဘႏြန္သို႔ ခရီးသြားသတိေပးခ်က္ထုတ္ျပန္ထားသည္။

အစၥေရးတို႔သိမ္းပိုက္ထားေသာ ဂိုလန္ကုန္းျမင့္ရွိ Druze ၿမိဳ႕ Majdan Shams တြင္ ဟစ္ဇ္ဘိုလာတို႔၏တိုက္ခိုက္မႈေၾကာင့္ ကေလးငယ္(၁၂)ဦး ေသဆုံးၿပီးေနာက္ စေနေန႔ (ဇူလိုင္လ ၂၇ ရက္)က တင္းမာမႈမ်ား အရွိန္ အဟုန္ျမင့္တက္လာခဲ့သည္။ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕(IDF)က အဆိုပါ ဒုံးက်ည္သည္ လက္ဘႏြန္ ေတာင္ပိုင္းမွ ဟစ္ဇ္ဘိုလာတို႔ ပစ္ခတ္ခဲ့သည့္ အီရန္လုပ္ Falaq-1 ဒုံးပ်ံျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္ စစ္ေသြးႂကြမ်ားက တိုက္ခိုက္မႈတြင္ ၎တို႔၏ ပါဝင္ပတ္သက္မႈကို ျငင္းဆိုထားသည္။

အေမရိကန္သံ႐ုံးသည္ စေနေန႔က ခရီးသြားသတိေပးခ်က္ကို ထုတ္ျပန္ခဲ့ၿပီး အေမရိကန္ႏိုင္ငံသားမ်ားအား “လက္ဘႏြန္သို႔ ခရီးသြားျခင္းကို အေသ အခ်ာျပန္လည္စဥ္းစားရန္”တိုက္တြန္းထားသည္။ “လုံၿခဳံေရးအေျခအေနက ရႈပ္ေထြးေနၿပီး ျမန္ျမန္ဆန္ဆန္ေျပာင္းလဲႏိုင္ပါတယ္”ဟု သံ႐ုံးကေျပာၾကားခဲ့သည္။ အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔ၾကား ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားႏွင့္ ဆက္ႏြယ္ေနသည့္ အႏၲရာယ္မ်ားေၾကာင့္ လက္ဘႏြန္သို႔ ခရီးသြားလာမႈ အားလုံးကို ၿဗိတိန္ႏိုင္ငံျခားေရး႐ုံးကလည္း သတိေပးခဲ့သည္။ အလားတူ သတိေပးခ်က္မ်ားကို ျပင္သစ္၊ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံ၊ နယ္သာလန္၊ ေနာ္ေဝးႏွင့္ ဒိန္းမတ္တို႔အျပင္ အိုင္ယာလန္ႏွင့္ ၾသစေၾတးလ်ကဲ့သို႔ ေနတိုးမဟုတ္ေသာႏိုင္ငံမ်ားကလည္း ထုတ္ျပန္ထားသည္။

IDF ႏွင့္ ဟစ္ဇ္ဘိုလာတို႔သည္ ဂါဇာကမ္းေျမာင္တြင္ ေအာက္တိုဘာလ၌ ျဖစ္ပြားခဲ့ေသာ စစ္ပြဲေနာက္ပိုင္း ႀကိဳၾကားႀကိဳၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။ လက္နက္ကိုင္အဖြဲ႕သည္ ဂါဇာရွိ ဟားမတ္စ္ႏွင့္ ပါလက္စတိုင္းတို႔ တိုက္ပြဲျဖစ္ေနသည့္ေနရာမ်ားကို ဒုံးက်ည္မ်ားျဖင့္ အႀကိမ္ႀကိမ္ ပစ္ခတ္ခဲ့ရာ IDF က အေျမာက္ႏွင့္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားျဖင့္ လက္တုံ႔ျပန္ခဲ့ သည္။ ဂိုလန္ကုန္းျမင့္မွာ စေနေန႔က တိုက္ခိုက္မႈကို တုံ႔ျပန္သည့္အေနျဖင့္ အစၥေရးက ဟစ္ဇ္ဘိုလာတို႔ကို အလုံးစုံစစ္ပြဲဆင္ႏႊဲသြားမည္ဟု ၿခိမ္းေျခာက္ခဲ့ၿပီး ႏိုင္ငံျခားေရးဝန္ႀကီး Israel Katz က ၎အဖြဲ႕သည္ တားျမစ္ထားသည့္အနီေရာင္စည္းမ်ဥ္းအားလုံးကို ေက်ာ္ျဖတ္ခဲ့ၿပီးျဖစ္သည္ဟု ဆိုသည္။ အစၥ ေရးလုံၿခဳံေရးဝန္ႀကီးအဖြဲ႕သည္ တနဂၤေႏြေန႔ (ဇူလိုင္လ ၂၈ ရက္) ညေနပိုင္းတြင္ ေတြ႕ဆုံခဲ့ၿပီး ၀န္ႀကီးခ်ဳပ္ဘန္ဂ်မင္ေနတန္ယာဟုႏွင့္ ကာကြယ္ေရးဝန္ႀကီး Yoav Gallant တို႔အား အခ်ိန္ႏွင့္ ေနာက္ထပ္ စစ္ဆင္ေရး ေဆာင္႐ြက္မႈ အတိုင္းအတာကို ဆုံးျဖတ္ရန္ အာဏာေပးအပ္ခဲ့သည္။

Related news

© 2021. All rights reserved.