ထရမ့်က ကမ်မလာဟားရစ်အား IQ နိမ့်သူအဖြစ် ဝေဖန်
1165
ALynn (NP News) - ဇူလိုင် ၂၉
လက်ရှိ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ ပြိုင်ဘက် ဒုတိယသမ္မတ ကမ်မလာဟားရစ်သည် “IQ နိမ့်ကျသူ” ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသည်။ စနေနေ့ (ဇူလိုင်လ ၂၇ ရက်)က Tennessee ပြည်နယ်၊ Nashville ရှိ Bitcoin 2024 ကွန်ဖရင့်တွင် ထရမ့်က cryptocurrency ကို "အံ့ဖွယ်နည်းပညာ" နှင့် "လူသားများ၏ မှော်ဆန်သော ပူးပေါင်းဆောင်ရွက်မှုများ၏ အောင်မြင်မှုအသီးအပွင့်များအဖြစ်"ခေါ်ဆိုခဲ့သည်။
သမ္မတဟောင်းသည် Bitcoin အသိုက်အဝန်းကို "အလွန်ထက်မြက်သူများ" အဖြစ် ချီးကျူးပြီး ၎င်း၏ရွေးကောက်ပွဲပြိုင်ဘက်ကို အပုပ်ချရန်အခွင့်အရေးအဖြစ် အသုံးပြုခဲ့သည်။ “ဒီအခန်းအတွင်းမှာရှိတဲ့သူတွေက အံ့သြစရာကောင်းပြီး IQ မြင့်သူတွေဖြစ်တယ်၊ ကျွန်ုပ်ကတော့ IQ နိမ့်တဲ့လူတွေကို ဆန့်ကျင်နေတယ်”ဟု ထရမ့်က ကွန်ဖရင့်သို့ တက်ရောက်လာသော ပရိသတ်များကို ပြောကြားခဲ့သည်။ ၎င်းသည် ဟားရစ်ကို “ကျောက်တုံးလို တုံးအတဲ့သူ”ဟု ဖော်ပြကာ စော်ကားခဲ့ဖူးသည်။
ဟားရစ်သည် သမ္မတ ဂျိုးဘိုင်ဒန် ပြိုင်ပွဲမှနုတ်ထွက်ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်လာခဲ့သည်။ စီနီယာဒီမိုကရက်များနှင့် ပါတီမှအလှူရှင်များက ဇွန်လတွင် ထရမ့်နှင့် ဆိုးရွား သော အခြေအတင် စကားစစ်ထိုးပွဲအပြီးတွင် ဘိုင်ဒန်အား နုတ်ထွက်ရန် တိုက်တွန်းခဲ့ပြီး ၎င်း၏ကျန်းမာရေးအခြေအနေဆိုးရွားလာမှုနှင့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။
လာမည့်လတွင်ကျင်းပမည့် အစည်းအဝေးပွဲတွင် ဟားရစ်ကို သူမ၏ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ပြီး သူမအနေဖြင့် လုံလောက်သော ကတိကဝတ်များကို အာမခံခဲ့ပြီးဖြစ် ကြောင်း Associate Press စစ်တမ်းတစ်ခုအရ သိရသည်။ အင်္ဂါနေ့တွင် Wisconsin ပြည်နယ်ရှိ Milwaukee တွင် မဲဆွယ်စည်းရုံးရေး လူထုစုဝေးပွဲ တစ်ခုအတွင်း သူမသည် “ပြိုင်ဘက် ဒေါ်နယ်ထရမ့်လို လူစားမျိုးကို သိရှိပြီး အစိုးရရှေ့နေအဖြစ် အမှုထမ်းစဉ်တွင် သူကိုင်တွယ်ဖြေရှင်းခဲ့သော အမြတ်ကြီးစားများနှင့် ဆင်တူကြောင်း” ပက်ပက်စက်စက် တိုက်ခိုက်ခဲ့သည်။ သူမသည် Trump ကို "ပြစ်ဒဏ်ချမှတ်ခံရသော ရာဇ၀တ်ကောင်" ဟုထပ်ခါတလဲလဲခေါ်ဆိုခဲ့သည်။
zawgyi version
ထရမ့္က ကမ္မလာဟားရစ္အား IQ နိမ့္သူအျဖစ္ ေဝဖန္
ALynn (NP News) - ဇူလိုင္ ၂၉
လက္ရွိ ရီပတ္ဘလီကန္ သမၼတေလာင္း ေဒၚနယ္ထရမ့္က ၎၏ ၿပိဳင္ဘက္ ဒုတိယသမၼတ ကမ္မလာဟားရစ္သည္ “IQ နိမ့္က်သူ” ျဖစ္သည္ဟု အခိုင္အမာ ဆိုထားသည္။ စေနေန႔ (ဇူလိုင္လ ၂၇ ရက္)က Tennessee ျပည္နယ္၊ Nashville ရွိ Bitcoin 2024 ကြန္ဖရင့္တြင္ ထရမ့္က cryptocurrency ကို "အံ့ဖြယ္နည္းပညာ" ႏွင့္ "လူသားမ်ား၏ ေမွာ္ဆန္ေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား၏ ေအာင္ျမင္မႈအသီးအပြင့္မ်ားအျဖစ္"ေခၚဆိုခဲ့သည္။
သမၼတေဟာင္းသည္ Bitcoin အသိုက္အဝန္းကို "အလြန္ထက္ျမက္သူမ်ား" အျဖစ္ ခ်ီးက်ဴးၿပီး ၎၏ေ႐ြးေကာက္ပြဲၿပိဳင္ဘက္ကို အပုပ္ခ်ရန္အခြင့္အေရးအျဖစ္ အသုံးျပဳခဲ့သည္။ “ဒီအခန္းအတြင္းမွာရွိတဲ့သူေတြက အံ့ၾသစရာေကာင္းၿပီး IQ ျမင့္သူေတြျဖစ္တယ္၊ ကြၽႏ္ုပ္ကေတာ့ IQ နိမ့္တဲ့လူေတြကို ဆန႔္က်င္ေနတယ္”ဟု ထရမ့္က ကြန္ဖရင့္သို႔ တက္ေရာက္လာေသာ ပရိသတ္မ်ားကို ေျပာၾကားခဲ့သည္။ ၎သည္ ဟားရစ္ကို “ေက်ာက္တုံးလို တုံးအတဲ့သူ”ဟု ေဖာ္ျပကာ ေစာ္ကားခဲ့ဖူးသည္။
ဟားရစ္သည္ သမၼတ ဂ်ိဳးဘိုင္ဒန္ ၿပိဳင္ပြဲမွႏုတ္ထြက္ၿပီးေနာက္ ၿပီးခဲ့သည့္ သီတင္းပတ္က ဒီမိုကရက္တစ္ပါတီ၏ သမၼတေလာင္းျဖစ္လာခဲ့သည္။ စီနီယာဒီမိုကရက္မ်ားႏွင့္ ပါတီမွအလႉရွင္မ်ားက ဇြန္လတြင္ ထရမ့္ႏွင့္ ဆိုး႐ြား ေသာ အေျခအတင္ စကားစစ္ထိုးပြဲအၿပီးတြင္ ဘိုင္ဒန္အား ႏုတ္ထြက္ရန္ တိုက္တြန္းခဲ့ၿပီး ၎၏က်န္းမာေရးအေျခအေနဆိုး႐ြားလာမႈႏွင့္ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရႏိုင္ေျခအေပၚ စိုးရိမ္မႈမ်ား ပိုမိုျမင့္တက္လာခဲ့သည္။
လာမည့္လတြင္က်င္းပမည့္ အစည္းအေဝးပြဲတြင္ ဟားရစ္ကို သူမ၏ပါတီက ကိုယ္စားလွယ္ေလာင္းအျဖစ္ တရားဝင္အမည္စာရင္းတင္သြင္းသြားမည္ျဖစ္ၿပီး သူမအေနျဖင့္ လုံေလာက္ေသာ ကတိကဝတ္မ်ားကို အာမခံခဲ့ၿပီးျဖစ္ ေၾကာင္း Associate Press စစ္တမ္းတစ္ခုအရ သိရသည္။ အဂၤါေန႔တြင္ Wisconsin ျပည္နယ္ရွိ Milwaukee တြင္ မဲဆြယ္စည္း႐ုံးေရး လူထုစုေဝးပြဲ တစ္ခုအတြင္း သူမသည္ “ၿပိဳင္ဘက္ ေဒၚနယ္ထရမ့္လို လူစားမ်ိဳးကို သိရွိၿပီး အစိုးရေရွ႕ေနအျဖစ္ အမႈထမ္းစဥ္တြင္ သူကိုင္တြယ္ေျဖရွင္းခဲ့ေသာ အျမတ္ႀကီးစားမ်ားႏွင့္ ဆင္တူေၾကာင္း” ပက္ပက္စက္စက္ တိုက္ခိုက္ခဲ့သည္။ သူမသည္ Trump ကို "ျပစ္ဒဏ္ခ်မွတ္ခံရေသာ ရာဇ၀တ္ေကာင္" ဟုထပ္ခါတလဲလဲေခၚဆိုခဲ့သည္။