ရှမ်းမြောက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသော ကလေးငယ်များ ရောက်သည့်နေရာမှ ကျောင်းများတွင် ပညာသင်ကြားခွင့်ပြုလျက်ရှိဟုဆို

 667

စော (NP News) - ဇူလိုင် ၂၉

ရှမ်းမြောက်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသော ကလေးငယ်များအနေဖြင့် ရောက်သည့်နေရာမှ ကျောင်းများတွင် ပညာသင်ကြားခွင့်ပြုလျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဖြေကြားထားချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများကြောင့် ကျောင်းနေအရွယ်ကလေးငယ်များ နေရပ်စွန့်ခွာခဲ့ရခြင်းနှင့်ပတ်သက်၍ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ထံ မီဒီယာတစ်ခုက မေးမြန်းခဲ့သည့်အပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘ကလေးငယ်များ ရောက်ရှိနေသည့် နေရာဒေသမှ မည်သည့်ကျောင်းများတွင်မဆိုပညာ သင်ယူခွင့် ပြုလျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်’ ဟု ဖြေကြားထားသည်။ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းစသည်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိကျောင်းများတွင် တိုက်ပွဲကြောင့် နယ်မြေမလုံခြုံသည့် အတွက် မဖွင့်လှစ်နိုင်သော အခြေခံပညာကျောင်းများစွာ ရှိနေသည်။

‘စစ်ပြေးရမယ်ဆိုတော့ ကလေးတွေရဲ့ ကျောင်းကိစ္စကို စိတ်ပူတာပေါ့။ သမီးလေးက စာတော်တယ်လေ။ ကျောင်းတော့ မဖြစ်ဖြစ်အောင်ထားမယ်ဆိုပြီး အခု မန္တလေးရောက်တော့လည်း ကျောင်းရအောင်ထားပါတယ်။ ကလေး တွေကလည်း ကျောင်းတက်ရတော့ ပျော်နေတာ’ ဟု စစ်ဘေးရှောင်တစ်ဦးက NP News ကို ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး ဖြစ်စဉ်အပြီးမှ စတင်ကာ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမများမှာ ဒလန်၊ အစိုးရ ယန္တရား ကို လည်ပတ်အောင် လုပ်ဆောင်ပေးသူ စသည်ဖြင့် စွဲချက်များဖြင့် သတ်ဖြတ်ခံ ထားရသည်။

‘အစိုးရ ကျောင်းတက်ရင်လည်း ခိုးထားလို့ဆိုပြီး ရန်ရှာခံရတယ်။ အခုက ကျောင်းထားရင်တောင် တိတ်တိတ်ကလေး စွန့်စားပြီးထားနေရတာ။ မဟုတ်ရင် အပြစ်ခံရတာတွေ ရှိတယ်ဟု စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ PDF စိုးမိုးနယ်မြေတစ်ခုတွင် နေထိုင်သူ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

zawgyi version
ရွမ္းေျမာက္တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ရေသာ ကေလးငယ္မ်ား ေရာက္သည့္ေနရာမွ ေက်ာင္းမ်ားတြင္ ပညာသင္ၾကားခြင့္ျပဳလ်က္ရွိဟုဆို
ေစာ (NP News) - ဇူလိုင္ ၂၉

ရွမ္းေျမာက္တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ရေသာ ကေလးငယ္မ်ားအေနျဖင့္ ေရာက္သည့္ေနရာမွ ေက်ာင္းမ်ားတြင္ ပညာသင္ၾကားခြင့္ျပဳလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ေျဖၾကားထားခ်က္အရ သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းက တိုက္ပြဲမ်ားေၾကာင့္ ေက်ာင္းေနအ႐ြယ္ကေလးငယ္မ်ား ေနရပ္စြန႔္ခြာခဲ့ရျခင္းႏွင့္ပတ္သက္၍ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕ထံ မီဒီယာတစ္ခုက ေမးျမန္းခဲ့သည့္အေပၚ အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

‘ကေလးငယ္မ်ား ေရာက္ရွိေနသည့္ ေနရာေဒသမွ မည္သည့္ေက်ာင္းမ်ားတြင္မဆိုပညာ သင္ယူခြင့္ ျပဳလ်က္ရွိပါေၾကာင္း ေျဖၾကားအပ္ပါသည္’ ဟု ေျဖၾကားထားသည္။ ရခိုင္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းစသည္ျဖင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕ရွိေက်ာင္းမ်ားတြင္ တိုက္ပြဲေၾကာင့္ နယ္ေျမမလုံၿခဳံသည့္ အတြက္ မဖြင့္လွစ္ႏိုင္ေသာ အေျခခံပညာေက်ာင္းမ်ားစြာ ရွိေနသည္။

‘စစ္ေျပးရမယ္ဆိုေတာ့ ကေလးေတြရဲ႕ ေက်ာင္းကိစၥကို စိတ္ပူတာေပါ့။ သမီးေလးက စာေတာ္တယ္ေလ။ ေက်ာင္းေတာ့ မျဖစ္ျဖစ္ေအာင္ထားမယ္ဆိုၿပီး အခု မႏၲေလးေရာက္ေတာ့လည္း ေက်ာင္းရေအာင္ထားပါတယ္။ ကေလး ေတြကလည္း ေက်ာင္းတက္ရေတာ့ ေပ်ာ္ေနတာ’ ဟု စစ္ေဘးေရွာင္တစ္ဦးက NP News ကို ေျပာသည္။

၂၀၂၁ ခုႏွစ္ ႏိုင္ငံေရး ျဖစ္စဥ္အၿပီးမွ စတင္ကာ အၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္မႈေၾကာင့္ ဆရာ၊ ဆရာမမ်ားမွာ ဒလန္၊ အစိုးရ ယႏၲရား ကို လည္ပတ္ေအာင္ လုပ္ေဆာင္ေပးသူ စသည္ျဖင့္ စြဲခ်က္မ်ားျဖင့္ သတ္ျဖတ္ခံ ထားရသည္။

‘အစိုးရ ေက်ာင္းတက္ရင္လည္း ခိုးထားလို႔ဆိုၿပီး ရန္ရွာခံရတယ္။ အခုက ေက်ာင္းထားရင္ေတာင္ တိတ္တိတ္ကေလး စြန႔္စားၿပီးထားေနရတာ။ မဟုတ္ရင္ အျပစ္ခံရတာေတြ ရွိတယ္ဟု စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းမွ PDF စိုးမိုးနယ္ေျမတစ္ခုတြင္ ေနထိုင္သူ အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.