ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ထိုင်းဘတ်(၉)သန်းကူညီမယ်

 4550

ဂျန်ဇက် (NP News) - ဇူလိုင် ၂၉

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်အောင်ကူညီပေးမှုအဖြစ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအနေနဲ့ ထိုင်းဘတ် (၉) သန်းကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။

ထိုင်းအစိုးရဟာ အဲဒီအကူအညီငွေကြေးတွေကို အာဆီယံရဲ့လူသားချင်းဆိုင်ရာစာနာမှုစာနာမှုအကူအညီပေးရေးအဖွဲ့(AHA Centre) ကတဆင့်ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အဆိုပါအဖွဲ့ဟာ မြန်မာနိုင်ငံရေးပြဿနာတွေနဲ့ဆက်နွှယ်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုတွေကို ကူညီပေးနိုင်ဖို့အဓိက အဖွဲ့စည်းအဖြစ် ပါဝင်မှာဖြစ်ပြီး ချန်လှပ်ထားလို့မရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုတွေကတဆင့် မြန်မာပြည်သူတွေကြားမှာ အပြန်အလှန် ယုံကြည်မှုတွေ ဖြစ်လာစေနိုင်တယ်"လို့ ပြောပါတယ်။ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်တုန်းကလည်း ထိုင်းနဲမြန်မာချစ်ကြည်ရေးတံတားအနီးမှာ မြန်မာအစိုး ရကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးဖြစ်လာအောင် ကြိုး ပမ်းနေကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးကိုအဖြေရှာရာမှာ အိမ်နီးချင်းနိုင်ငံတွေအပြင် မြန်မာအရေးနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး ဆွေးနွေးညှိနှိုင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်အရေး၊ ဒေသအတွင်းလုံခြုံရေးအပြင် မြန်မာနိုင်ငံရေးပြဿနာတွေကိုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

zawgyi version
ထိုင္းအစိုးရက ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ ထိုင္းဘတ္(၉)သန္းကူညီမယ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၉

ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းႏိုင္ေအာင္ကူညီေပးမႈအျဖစ္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအေနနဲ႔ ထိုင္းဘတ္ (၉) သန္းကူညီေထာက္ပံ့ေပးမယ္လို႔ ကတိျပဳေျပာဆိုလိုက္ပါတယ္။

ထိုင္းအစိုးရဟာ အဲဒီအကူအညီေငြေၾကးေတြကို အာဆီယံရဲ႕လူသားခ်င္းဆိုင္ရာစာနာမႈစာနာမႈအကူအညီေပးေရးအဖြဲ႕(AHA Centre) ကတဆင့္ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ အဆိုပါအဖြဲ႕ဟာ ျမန္မာႏိုင္ငံေရးျပႆနာေတြနဲ႔ဆက္ႏႊယ္ၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္မႈေတြကို ကူညီေပးႏိုင္ဖို႔အဓိက အဖြဲ႕စည္းအျဖစ္ ပါဝင္မွာျဖစ္ၿပီး ခ်န္လွပ္ထားလို႔မရႏိုင္ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက "လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးမႈေတြကတဆင့္ ျမန္မာျပည္သူေတြၾကားမွာ အျပန္အလွန္ ယုံၾကည္မႈေတြ ျဖစ္လာေစႏိုင္တယ္"လို႔ ေျပာပါတယ္။ ထိုင္းအစိုးရဟာ ၿပီးခဲ့တဲ့ မတ္လ ၂၅ ရက္တုန္းကလည္း ထိုင္းနဲျမန္မာခ်စ္ၾကည္ေရးတံတားအနီးမွာ ျမန္မာအစိုး ရကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ ကူညီေထာက္ပံ့ေပးခဲ့ဖူးေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံေရးအျငင္းပြားမႈေတြကို ေျဖရွင္းႏိုင္ဖို႔ နဲ႔ အားလုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈမ်ိဳးျဖစ္လာေအာင္ ႀကိဳး ပမ္းေနေၾကာင္းသိရပါတယ္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာအေရးကိုအေျဖရွာရာမွာ အိမ္နီးခ်င္းႏိုင္ငံေတြအျပင္ ျမန္မာအေရးနဲ႔ သက္ဆိုင္တဲ့အဖြဲ႕အစည္းအားလုံး ေဆြးေႏြးညႇိႏႈိင္းရမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဇူလိုင္လ ၂၇ ရက္ေန႔မွာ ၿပီးဆုံးခဲ့တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအတြင္း ေတာင္တ႐ုတ္ပင္လယ္အေရး၊ ေဒသအတြင္းလုံၿခဳံေရးအျပင္ ျမန္မာႏိုင္ငံေရးျပႆနာေတြကိုေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.