ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲရလဒ်အတွက် အငြင်းပွားမှုတွေဖြစ်ပေါ်၊ သမ္မတက ၎င်းအနိုင်ရရှိကြောင်းကြေညာ

 462

ဂျန်ဇက် (NP News) - ဇူလိုင် ၂၉

ဗင်နီဇွဲလား သမ္မတ နီကိုလက် မာဒူရိုဟာ ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပေမယ့် အတိုက်ခံပါတီတွေ၊ ဒေသအတွင်းနိုင်ငံတွေက ရွေးကောက်ပွဲရလဒ်အပေါ် ဝေဖန်ပြစ်တင်နေကြောင်း သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ အာမိုရိုဆိုက ဆန္ဒမဲအားလုံးရေတွက်ပြီးချိန်မှာ မာဒူရိုဟာ ၅၁ ရာခိုင်နှုန်းကျော်ရရှိထားပြီး သူရဲ့ပြိုင်ဘက်ထက်မဲအရေအတွက် ပိုမိုများပြားနေကြောင်း သိရပါတယ်။ မာဒူရိုရဲ့ပြိုင်ဘက်က တော့ ရွေးကောက်ပွဲမှာ မဲအသမာမှုတွေရှိခဲ့ပြီး မှန်ကန်တဲ့ ရလဒ်မျိုးဖြစ်အောင်ကြိုးပမ်းမယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာ ထွက်ပေါ်လာတဲ့ရလဒ်တွေက ပြည်သူအားလုံးရဲ့ဆန္ဒ၊ ပြည်သူအားလုံးရဲ့ဆန္ဒမဲကို ရည်ညွှန်းမှုမရှိကြောင်း ပြောဆိုဝေဖန်ခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတက အတိုက်ခံအုပ်စုတွေရဲ့ကိုယ်စားလှယ်တွေကို မဲရေ တွက်ချိန်မှာ ပွင့်လင်းမြင့်သာမှုရှိအောင် မဲရုံကိုလာရောက်စေခဲ့ကြောင်း ပြောဆိုခဲ့ပေမယ့် အတိုက်ခံနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဂွန်ဇာလက်ရဲ့ကိုယ်စားလှယ်တစ်ဦးက မဲရေတွက်ချိန်မှာ မဲရုံအပြင်ဘက်ကို ဖိအားပေးထွက်ခိုင်းကြောင်း ပြောဆိုထားပါတယ်။ မာဒူရိုဟာ ဆန္ဒမဲအားလုံး (၅၁) ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီး ၎င်းရဲ့အဓိကပြိုင်ဘက် ဂွန်ဇာလက်က ဆန္ဒမဲအရေအတွက် (၄၄)ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ကြောင်း သိရပါတယ်။

မာဒူရိုဟာ ဗင်နီဇွဲလားသမ္မတအဖြစ် (၁၁)နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ရွေးကောက်ပွဲမှာထပ်မံအနိုင်ရတဲ့အတွက် သမ္မတအဖြစ် ဆက်လက်တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။ ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဒေသအတွင်းရှိ အဓိကနိုင်ငံတွေကလည်း ရလဒ်တွေကို ငြင်းဆန်ပယ်ချထားကြောင်းသိရပါတယ်။

zawgyi version
ဗင္နီဇြဲလားႏိုင္ငံမွာ သမၼတေ႐ြးေကာက္ပြဲရလဒ္အတြက္ အျငင္းပြားမႈေတြျဖစ္ေပၚ၊ သမၼတက ၎အႏိုင္ရရွိေၾကာင္းေၾကညာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၉

ဗင္နီဇြဲလား သမၼတ နီကိုလက္ မာဒူ႐ိုဟာ ဇူလိုင္လ ၂၈ ရက္ေန႔က က်င္းပတဲ့ ေ႐ြးေကာက္ပြဲအတြင္း အႏိုင္ရခဲ့ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကသတင္းထုတ္ျပန္ခဲ့ေပမယ့္ အတိုက္ခံပါတီေတြ၊ ေဒသအတြင္းႏိုင္ငံေတြက ေ႐ြးေကာက္ပြဲရလဒ္အေပၚ ေဝဖန္ျပစ္တင္ေနေၾကာင္း သိရပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အႀကီးအကဲ အာမို႐ိုဆိုက ဆႏၵမဲအားလုံးေရတြက္ၿပီးခ်ိန္မွာ မာဒူ႐ိုဟာ ၅၁ ရာခိုင္ႏႈန္းေက်ာ္ရရွိထားၿပီး သူရဲ႕ၿပိဳင္ဘက္ထက္မဲအေရအတြက္ ပိုမိုမ်ားျပားေနေၾကာင္း သိရပါတယ္။ မာဒူ႐ိုရဲ႕ၿပိဳင္ဘက္က ေတာ့ ေ႐ြးေကာက္ပြဲမွာ မဲအသမာမႈေတြရွိခဲ့ၿပီး မွန္ကန္တဲ့ ရလဒ္မ်ိဳးျဖစ္ေအာင္ႀကိဳးပမ္းမယ္လို႔ ေျပာပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ဗင္နီဇြဲလား သမၼတေ႐ြးေကာက္ပြဲ က်င္းပၿပီးခ်ိန္မွာ ထြက္ေပၚလာတဲ့ရလဒ္ေတြက ျပည္သူအားလုံးရဲ႕ဆႏၵ၊ ျပည္သူအားလုံးရဲ႕ဆႏၵမဲကို ရည္ၫႊန္းမႈမရွိေၾကာင္း ေျပာဆိုေဝဖန္ခဲ့ပါတယ္။

ဗင္နီဇြဲလားသမၼတက အတိုက္ခံအုပ္စုေတြရဲ႕ကိုယ္စားလွယ္ေတြကို မဲေရ တြက္ခ်ိန္မွာ ပြင့္လင္းျမင့္သာမႈရွိေအာင္ မဲ႐ုံကိုလာေရာက္ေစခဲ့ေၾကာင္း ေျပာဆိုခဲ့ေပမယ့္ အတိုက္ခံႏိုင္ငံေရးသမားတစ္ဦးျဖစ္တဲ့ ဂြန္ဇာလက္ရဲ႕ကိုယ္စားလွယ္တစ္ဦးက မဲေရတြက္ခ်ိန္မွာ မဲ႐ုံအျပင္ဘက္ကို ဖိအားေပးထြက္ခိုင္းေၾကာင္း ေျပာဆိုထားပါတယ္။ မာဒူ႐ိုဟာ ဆႏၵမဲအားလုံး (၅၁) ရာခိုင္ႏႈန္းေက်ာ္ရရွိခဲ့ၿပီး ၎ရဲ႕အဓိကၿပိဳင္ဘက္ ဂြန္ဇာလက္က ဆႏၵမဲအေရအတြက္ (၄၄)ရာခိုင္ႏႈန္းေက်ာ္သာ ရရွိခဲ့ေၾကာင္း သိရပါတယ္။

မာဒူ႐ိုဟာ ဗင္နီဇြဲလားသမၼတအျဖစ္ (၁၁)ႏွစ္ၾကာ တာဝန္ယူခဲ့ၿပီးေနာက္ ေ႐ြးေကာက္ပြဲမွာထပ္မံအႏိုင္ရတဲ့အတြက္ သမၼတအျဖစ္ ဆက္လက္တာဝန္ယူခြင့္ရမွာျဖစ္ပါတယ္။ ဗင္နီဇြဲလားသမၼတေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး ေဒသအတြင္းရွိ အဓိကႏိုင္ငံေတြကလည္း ရလဒ္ေတြကို ျငင္းဆန္ပယ္ခ်ထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.