မြန်မာအရေးနှင့်ပတ်သက်သော အာဆီယံသဘောတူညီချက်(၅)ချက်ကို ပြန်လည်သုံးသပ်ရမည်ဟုဆို
1304
ဂျန်ဇက် (NP News) - ဇူလိုင် ၂၉
အာဆီယံအဖွဲ့အနေဖြင့် အာဆီယံသဘောတူညီချက်(၅)ချက်ကို ပိုမိုကောင်းမွန်မှုများဖြစ်လာစေရန် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ပြောသည်။
လာအိုနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ တံခါးပိတ်အစည်းအဝေးအပြီး ဇူလိုင်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် "မြန်မာနိုင်ငံရဲ့နိုင်ငံရေး အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်စေဖို့ အာဆီယံသဘောတူညီချက်ငါးချက်ကို အဓိက ရည်ညွှန်းကိုးကားစရာအဖြစ် ဆက်လက်ထားရှိဖို့ အားလုံးသဘောတူညီခဲ့တယ်။ ဒါပေမဲ့ အာဆီယံသဘောတူညီချက်ငါးချက်ပါအချက်တွေကို ပိုမိုကောင်းမွန်အောင် ပြန်လည်သုံးသပ်ပြီး အောက်တိုဘာလမှာကျင်းပမယ့် (၄၄)ကြိမ်မြောက် နဲ့ (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံခေါင်းဆောင်တွေကို အကြံပေးသွားမယ်"ဟု ဖော်ပြထားသည်။
လာအိုနိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် အောက် တိုဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်းဖော်ပြထားသလို အကြမ်းဖက်တိုက်ခိုက်မှုအားလုံးချက်ချင်းရပ်တန့်ရန်တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။ ထို့ပြင်အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ကိုလည်း မြန်မာအရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ချက်များကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
zawgyi version
ျမန္မာအေရးႏွင့္ပတ္သက္ေသာ အာဆီယံသေဘာတူညီခ်က္(၅)ခ်က္ကို ျပန္လည္သုံးသပ္ရမည္ဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၉
အာဆီယံအဖြဲ႕အေနျဖင့္ အာဆီယံသေဘာတူညီခ်က္(၅)ခ်က္ကို ပိုမိုေကာင္းမြန္မႈမ်ားျဖစ္လာေစရန္ ျပန္လည္သုံးသပ္သြားမည္ျဖစ္ေၾကာင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ေျပာသည္။
လာအိုႏိုင္ငံကအိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ေသာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ တံခါးပိတ္အစည္းအေဝးအၿပီး ဇူလိုင္လ ၂၇ ရက္ေန႔တြင္ထုတ္ျပန္ခဲ့ေသာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ပူးတြဲထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ ထုတ္ျပန္ခ်က္တြင္ "ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရး အျငင္းပြားမႈေတြကို ေျဖရွင္းႏိုင္ေစဖို႔ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အဓိက ရည္ၫႊန္းကိုးကားစရာအျဖစ္ ဆက္လက္ထားရွိဖို႔ အားလုံးသေဘာတူညီခဲ့တယ္။ ဒါေပမဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ပါအခ်က္ေတြကို ပိုမိုေကာင္းမြန္ေအာင္ ျပန္လည္သုံးသပ္ၿပီး ေအာက္တိုဘာလမွာက်င္းပမယ့္ (၄၄)ႀကိမ္ေျမာက္ နဲ႔ (၄၅) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးမွာအာဆီယံေခါင္းေဆာင္ေတြကို အႀကံေပးသြားမယ္"ဟု ေဖာ္ျပထားသည္။
လာအိုႏိုင္ငံသည္ အာဆီယံထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ ေအာက္ တိုဘာလ ၈ ရက္ေန႔မွ ၁၁ ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ ပူးတြဲထုတ္ျပန္ခ်က္ထဲတြင္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္အၾကမ္းဖက္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ေၾကာင္းေဖာ္ျပထားသလို အၾကမ္းဖက္တိုက္ခိုက္မႈအားလုံးခ်က္ခ်င္းရပ္တန႔္ရန္တိုက္တြန္းေတာင္းဆိုထားေၾကာင္း သိရသည္။ ထို႔ျပင္အာဆီယံႏိုင္ငံ ျခားေရးဝန္ႀကီးမ်ားသည္ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအလွည့္က် ဥကၠ႒၏ အထူးကိုယ္စားလွယ္ကိုလည္း ျမန္မာအေရးႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္ခ်က္မ်ားကို ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္း သိရသည္။