ကျောက်မဲတွင် TNLA များက အရပ်သားအသွင်ဖြင့် စစ်ဘေးရှောင်များကြား ရောနှောနေထိုင်သဖြင့် ဒေသခံများ စိုးရိမ်နေ
5129
သုတကျော် (NP News) - ဇူလိုင် ၂၉
တပ်မတော်၏စစ်ကြောင်းများက ပြန်လည် ထိုးစစ်ဆင်နေသည့် ကျောက်မဲမြို့တွင် TNLA များက အရပ်သားအသွင်ဖြင့် စစ်ဘေးရှောင်များနှင့် ရောနှော ခြင်းများရှိလာသောကြောင့် ဒေသခံများ အကြား စိုးရိမ်မှုများမြင့်တက်လာနေကြောင်း ကျောက်မဲမြို့ခံသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
(၁၀၂၇)စစ်ဆင်ရေးအဆက်ဟုဆိုကာ TNLA ကတိုက်ပွဲများပြန်လည်ဖော်ဆောင်ပြီးနောက် ဇွန်လ ကုန်ပိုင်းတွင် ကျောက်မဲမြို့ကို ၎င်းတို့ ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့ခံအများအပြားက TNLA လက် အောက်မနေလိုသည့်အတွက် မြို့ကိုစွန့်ခွာခဲ့ကြသည်။
“ ဒီကောင်တွေက ယူနီဖောင်းချွတ်ပြီးတော့ စစ်ရှောင်ဆိုပြီး စခန်းတွေထဲကို ဝင်ဝင်လာတယ်။ အဲဒါ မျိုးလေးတွေတော့ ဖြစ်တာပေါ့။ တပ်မတော်ကတော့ လေယာဉ်ကနေ ကြဲတာပေါ့။ ပေါင်ဗုံးတွေ ဘာတွေ တော့မဟုတ်ပါဘူး။ အဲဒါမျိုးတွေဖြစ်တယ်။ သူတို့ အာဏာရူးပြီးတော့ သူခိုးမဝင်ရဘာညာဆိုပြီး လက် မှတ်ထိုးပြီး အိမ်တွေမှာကပ်တယ်။ အသွင်ပြောင်းပုံစံနဲ့ (စစ်ဘေးရှောင်တွေထဲ)ဝင်နေကြတယ်” ဟု ၎င်းက ဆိုသည်။
တပ်မတော်၏ စစ်ကြောင်းထိုးမှုများကြောင့် TNLA က စစ်အင်အားကို ဖျောက်လိုသည့် သဘောမျိုး ဖြင့် စစ်ဘေးရှောင်များနှင့် ရောနှောလာကြခြင်းဖြစ်ကာ ထိုသို့ရောနှောနေကြကြောင်းကို တိကျစွာ သတင်းရရှိထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“သူတို့ လက်နက်တွေကို အထုပ်တွေ အပိုးတွေ ပုံစံနဲ့ပြောင်း။ ပြီးတော့ ဆိုင်ကယ်တစ်စီးနဲ့ ဒုက္ခ သည် ပုံစံဝင်လုံးတာမျိုးတွေရှိနေတယ်။ စိုးရိမ်တာက စစ်ရှောင်စခန်းကိုပစ်မှတ်ထားပြီး လေယာဉ်နဲ့ ပစ်သွားမှာ စိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် တပ်မတော်စစ်ကြောင်းများက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းများ ထိုးနေကာ အောင်မြင်သည့်အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။ “ ဒီကောင်တွေရှိတဲ့နေရာကို လက် နက်ကြီးနဲ့ပစ်တယ်။ လေယာဉ်ပစ်ကူနဲ့ဆိုတော့ အထိနာတော့ ပုံစံပြောင်းသွားတယ်” ဟု အဆိုပါ သတင်းရင်း မြစ်ကရှင်းပြသည်။
ကျောက်မဲမြို့တွင် TNLA က အခွန်ကောက် ခံရန်သတ်မှတ်ထားရာ ဥပမာအားဖြင့် ဓာတ်ပုံဆိုင် တစ်ဆိုင်ကို ကျပ်သိန်း(၃၀)အထိ ကောက်ခံနေကြောင်း မြို့ခံအချို့ကဆိုသည်။
zawgyi version
ေက်ာက္မဲတြင္ TNLA မ်ားက အရပ္သားအသြင္ျဖင့္ စစ္ေဘးေရွာင္မ်ားၾကား ေရာေႏွာေနထိုင္သျဖင့္ ေဒသခံမ်ား စိုးရိမ္ေန
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၉
တပ္မေတာ္၏စစ္ေၾကာင္းမ်ားက ျပန္လည္ ထိုးစစ္ဆင္ေနသည့္ ေက်ာက္မဲၿမိဳ႕တြင္ TNLA မ်ားက အရပ္သားအသြင္ျဖင့္ စစ္ေဘးေရွာင္မ်ားႏွင့္ ေရာေႏွာ ျခင္းမ်ားရွိလာေသာေၾကာင့္ ေဒသခံမ်ား အၾကား စိုးရိမ္မႈမ်ားျမင့္တက္လာေနေၾကာင္း ေက်ာက္မဲၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
(၁၀၂၇)စစ္ဆင္ေရးအဆက္ဟုဆိုကာ TNLA ကတိုက္ပြဲမ်ားျပန္လည္ေဖာ္ေဆာင္ၿပီးေနာက္ ဇြန္လ ကုန္ပိုင္းတြင္ ေက်ာက္မဲၿမိဳ႕ကို ၎တို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း ၿမိဳ႕ခံအမ်ားအျပားက TNLA လက္ ေအာက္မေနလိုသည့္အတြက္ ၿမိဳ႕ကိုစြန႔္ခြာခဲ့ၾကသည္။
“ ဒီေကာင္ေတြက ယူနီေဖာင္းခြၽတ္ၿပီးေတာ့ စစ္ေရွာင္ဆိုၿပီး စခန္းေတြထဲကို ဝင္ဝင္လာတယ္။ အဲဒါ မ်ိဳးေလးေတြေတာ့ ျဖစ္တာေပါ့။ တပ္မေတာ္ကေတာ့ ေလယာဥ္ကေန ႀကဲတာေပါ့။ ေပါင္ဗုံးေတြ ဘာေတြ ေတာ့မဟုတ္ပါဘူး။ အဲဒါမ်ိဳးေတြျဖစ္တယ္။ သူတို႔ အာဏာ႐ူးၿပီးေတာ့ သူခိုးမဝင္ရဘာညာဆိုၿပီး လက္ မွတ္ထိုးၿပီး အိမ္ေတြမွာကပ္တယ္။ အသြင္ေျပာင္းပုံစံနဲ႔ (စစ္ေဘးေရွာင္ေတြထဲ)ဝင္ေနၾကတယ္” ဟု ၎က ဆိုသည္။
တပ္မေတာ္၏ စစ္ေၾကာင္းထိုးမႈမ်ားေၾကာင့္ TNLA က စစ္အင္အားကို ေဖ်ာက္လိုသည့္ သေဘာမ်ိဳး ျဖင့္ စစ္ေဘးေရွာင္မ်ားႏွင့္ ေရာေႏွာလာၾကျခင္းျဖစ္ကာ ထိုသို႔ေရာေႏွာေနၾကေၾကာင္းကို တိက်စြာ သတင္းရရွိထားေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“သူတို႔ လက္နက္ေတြကို အထုပ္ေတြ အပိုးေတြ ပုံစံနဲ႔ေျပာင္း။ ၿပီးေတာ့ ဆိုင္ကယ္တစ္စီးနဲ႔ ဒုကၡ သည္ ပုံစံဝင္လုံးတာမ်ိဳးေတြရွိေနတယ္။ စိုးရိမ္တာက စစ္ေရွာင္စခန္းကိုပစ္မွတ္ထားၿပီး ေလယာဥ္နဲ႔ ပစ္သြားမွာ စိုးရိမ္တယ္”ဟု ၎ကဆိုသည္။
လက္ရွိတြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ စစ္ေၾကာင္းမ်ား ထိုးေနကာ ေအာင္ျမင္သည့္အေျခအေနျဖစ္ေၾကာင္း ၎ကဆိုသည္။ “ ဒီေကာင္ေတြရွိတဲ့ေနရာကို လက္ နက္ႀကီးနဲ႔ပစ္တယ္။ ေလယာဥ္ပစ္ကူနဲ႔ဆိုေတာ့ အထိနာေတာ့ ပုံစံေျပာင္းသြားတယ္” ဟု အဆိုပါ သတင္းရင္း ျမစ္ကရွင္းျပသည္။
ေက်ာက္မဲၿမိဳ႕တြင္ TNLA က အခြန္ေကာက္ ခံရန္သတ္မွတ္ထားရာ ဥပမာအားျဖင့္ ဓာတ္ပုံဆိုင္ တစ္ဆိုင္ကို က်ပ္သိန္း(၃၀)အထိ ေကာက္ခံေနေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕ကဆိုသည္။