ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန် အစ္စရေးဝန်ကြီးချုပ်ကို ပိုမိုဖိအားပေးသွားမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတပြော
646
ဂျန်ဇက် (NP News) - ဇူလိုင် ၂၉
အမေရိကန်နိုင်ငံဒုတိယသမ္မတ ကာမာလာဟာ ရစ်က ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် အပစ်အခတ် ရပ်စဲရေး ရယူနိုင်ရန် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ဖိအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်း ဖြစ်လာဖွယ်ရှိနေသူအဖြစ် ရေပန်းစား နေသော ဟာရစ်က ၎င်းအနေဖြင့် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန် အစ္စရေးဝန်ကြီးချုပ်ကို သမ္မတဂျိုးဘိုင်ဒန်ထက် ပိုမို ဖိအားပေးမည်ဖြစ်ကြောင်းပြောသည်။
အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံသည် စစ်ပွဲ အဆုံးသတ်ရန် ကြားဝင်ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ အပစအ်ခတ်ရပ်စဲရေးရယူနိုင် ခြင်းမရှိသေးရာ ဝေဖန် ပြစ်တင်မှုများဖြင့်ရင်ဆိုင်နေရ ကြောင်းသိရသည်။ ကာမာလာဟာရစ် အမေရိကန်နိုင်ငံသမ္မတ ဖြစ်လာမည်ဆိုလျှင် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး မည့်သို့ဆောင်ရွက်မည်လဲဆိုသော အချက်ကို သတင်းထောက်များ မေးမြန်းခဲ့ချိန်တွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမေရိကန် ဒုတိယသမ္မတက ‘ပြည်သူအများအပြား ထိခိုက်နာကျင် ရတာမျိုးကို ခွင့်မပြုဘူး၊ ကျွန်မအနေနဲ့လည်း ဒီကိစ္စကို နှုတ်ဆိတ်နေမှာမဟုတ်ဘူး’ဟုပြောသည်။ အမေရိကန်နိုင်ငံတွင် ကာမာလာဟာ ရစ် သမ္မတအဖြစ်ရွေးကောက်ခံရမည်ဆိုလျှင်လည်း အစ္စရေးနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်နိုင်ငံ၏ မူဝါဒများ အပြောင်းအလဲရှိလာမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးနိုင်ငံကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း (၉)လကျော်အတွင်း လူပေါင်း (၄) သောင်းနီးပါး သေဆုံးခဲ့ ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး ဂါဇာစစ်ပွဲနှင့် ပတ်သက်ကာ အမေရိကန်သမ္မတနှင့် ဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။ နေတန်ရာဟုသည် အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒန်အပြင် ဇူလိုင်လ ၂၆ ရက်တွင် အမေရိကန် သမ္မတဟောင်းဖြစ်သကဲ့သို့ ရီပတ်ဘလီကန်ပါတီ၏ သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း ပြောသည်။ အစ္စရေးဝန်ကြီးချုပ် သည် ဇူလိုင်လ ၂၅ ရက်က အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောဆိုခဲ့ပြီး ဆန္ဒပြမှုများဖြင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
zawgyi version
ဂါဇာစစ္ပြဲအဆုံးသတ္ႏိုင္ရန္ အစၥေရးဝန္ႀကီးခ်ဳပ္ကို ပိုမိုဖိအားေပးသြားမည္ျဖစ္ေၾကာင္း အေမရိကန္ ဒုတိယသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၉
အေမရိကန္ႏိုင္ငံဒုတိယသမၼတ ကာမာလာဟာ ရစ္က ဂါဇာစစ္ပြဲအဆုံးသတ္ရန္အတြက္ အပစ္အခတ္ ရပ္စဲေရး ရယူႏိုင္ရန္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုကို ဖိအားေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္ပါတီ၏သမၼတေလာင္း ျဖစ္လာဖြယ္ရွိေနသူအျဖစ္ ေရပန္းစား ေနေသာ ဟာရစ္က ၎အေနျဖင့္ ဂါဇာစစ္ပြဲအဆုံးသတ္ႏိုင္ရန္ အစၥေရးဝန္ႀကီးခ်ဳပ္ကို သမၼတဂ်ိဳးဘိုင္ဒန္ထက္ ပိုမို ဖိအားေပးမည္ျဖစ္ေၾကာင္းေျပာသည္။
အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ႏိုင္ငံသည္ စစ္ပြဲ အဆုံးသတ္ရန္ ၾကားဝင္ႀကိဳးပမ္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အပစအ္ခတ္ရပ္စဲေရးရယူႏိုင္ ျခင္းမရွိေသးရာ ေဝဖန္ ျပစ္တင္မႈမ်ားျဖင့္ရင္ဆိုင္ေနရ ေၾကာင္းသိရသည္။ ကာမာလာဟာရစ္ အေမရိကန္ႏိုင္ငံသမၼတ ျဖစ္လာမည္ဆိုလွ်င္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး မည့္သို႔ေဆာင္႐ြက္မည္လဲဆိုေသာ အခ်က္ကို သတင္းေထာက္မ်ား ေမးျမန္းခဲ့ခ်ိန္တြင္ ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အေမရိကန္ ဒုတိယသမၼတက ‘ျပည္သူအမ်ားအျပား ထိခိုက္နာက်င္ ရတာမ်ိဳးကို ခြင့္မျပဳဘူး၊ ကြၽန္မအေနနဲ႔လည္း ဒီကိစၥကို ႏႈတ္ဆိတ္ေနမွာမဟုတ္ဘူး’ဟုေျပာသည္။ အေမရိကန္ႏိုင္ငံတြင္ ကာမာလာဟာ ရစ္ သမၼတအျဖစ္ေ႐ြးေကာက္ခံရမည္ဆိုလွ်င္လည္း အစၥေရးႏိုင္ငံအေပၚထားရွိသည့္ အေမရိကန္ႏိုင္ငံ၏ မူဝါဒမ်ား အေျပာင္းအလဲရွိလာမည္မဟုတ္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက ေျပာသည္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ အစၥေရးႏိုင္ငံကိုစတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ပြဲ စတင္ျဖစ္ပြားခဲ့ရာ ဂါဇာစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း (၉)လေက်ာ္အတြင္း လူေပါင္း (၄) ေသာင္းနီးပါး ေသဆုံးခဲ့ ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုသည္ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံသို႔ ေရာက္ရွိေနၿပီး ဂါဇာစစ္ပြဲႏွင့္ ပတ္သက္ကာ အေမရိကန္သမၼတႏွင့္ ေဆြးေႏြးမည္ ျဖစ္ေၾကာင္းသိရသည္။ ေနတန္ရာဟုသည္ အေမရိ ကန္သမၼတ ဂ်ိဳးဘိုင္ဒန္အျပင္ ဇူလိုင္လ ၂၆ ရက္တြင္ အေမရိကန္ သမၼတေဟာင္းျဖစ္သကဲ့သို႔ ရီပတ္ဘလီကန္ပါတီ၏ သမၼတ ေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆုံေဆြး ေႏြးမည္ျဖစ္ေၾကာင္း ေျပာသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ သည္ ဇူလိုင္လ ၂၅ ရက္က အေမရိကန္လႊတ္ေတာ္တြင္ မိန႔္ခြန္းေျပာဆိုခဲ့ၿပီး ဆႏၵျပမႈမ်ားျဖင့္ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။