နေတိုးအဖွဲ့က ယူကရိန်းပဋိပက္ခအပေါ် အမြတ်ထုတ်နေတယ်လို့ တရုတ် စစ်ဘက်ဝေဖန်

 546

Pika (NP News) - ဇူလိုင် ၂၉

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းပဋိပက္ခ အပေါ်မှအမြတ် ထုတ်နေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Zhang Xiaogang က ဇူလိုင်လ(၂၅)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုလအစောပိုင်းတွင် ဝါရှင်တန်မြို့၌ ကျင်းပခဲ့သော နေတိုးထိပ်သီးအစည်းအဝေးတွင် တရုတ် နိုင်ငံကို ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးအဖြတ်ပေးသူအဖြစ် ဖော်ပြပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး မှတ် ချက်ပေးရန်တောင်းဆိုမှုများကို Zhang Xiaogang က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းသိရသည်။ ထို့ပြင် နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးအတွင်း ပြောဆိုချက်များမှာ အခြေအမြစ်မရှိသော လိမ်ညာမှု များသာဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ၎င်းက “ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ရုရှား-ယူကရိန်း စစ်ပွဲကို ပိုမိုအရှိန်မြင့်လာအောင် လုပ်ဆောင်ပြီး အဲဒီစစ်ပွဲကနေ အမြတ်ထုတ်နေတာပဲ ဖြစ် ပါတယ်။ နေတိုးအဖွဲ့ဟာ တရုတ်နိုင်ငံကို ပြစ်တင် ဝေဖန်တာမျိုးတွေလုပ်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်” ဟုပြောဆိုခဲ့သည်။

နေတိုးအဖွဲ့သည် ကမ္ဘာတစ်ဝန်း ပဋိပက္ခများကို လှုံ့ဆော်သွေးထိုးနေကြောင်းလည်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။ ၎င်းက “နေတိုးအဖွဲ့ဟာ ယူကရိန်းက နေ အာဖဂန်နစ္စတန်နိုင်ငံ၊ အီရတ်ကနေ လစ်ဗျား နိုင်ငံအထိ စစ်ပွဲတွေကို ယူဆောင်သွားပြီး အဲဒီဒေသ တွေနဲ့ သူတို့ရဲ့ပြည်သူတွေကို ဘေးအန္တရာယ်ကျရောက်အောင်လုပ်ဆောင်ခဲ့တာပါ” ဟုပြောဆိုခဲ့သည်။ သို့သော်လည်း ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရုတ်အစိုးရက ဆက်လက် ထောက်ခံအားပေးနေကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကို ရှောင်လွှဲနိုင်စေရန်အတွက် တရုတ်နိုင်ငံက ရုရှားကို ကူညီပေးနေသည်ဆိုသည့် ပြော ဆိုချက်များနှင့် ရုရှားကာကွယ်ရေး လုပ်ငန်းများကို ထောက်ပံ့ပေးမှုများလုပ်ဆောင်ပေးနေသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို တရုတ်အစိုးရက အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။

နေတိုးအဖွဲ့၏ အရှေ့ဘက်ခြမ်းသို့ နယ်မြေ ဆက်လက်ချဲ့ထွင်မှုများအပါအဝင် ယူကရိန်းနှင့် နေတိုး အဖွဲ့ကြား စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများသည် ရုရှား-ယူကရိန်းပဋိပက္ခကို ဖြစ်ပွားစေသည့် မူလဇာစ်မြစ်ထဲမှတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရက ပြောဆိုခဲ့သည်။

zawgyi version
ေနတိုးအဖြဲ႕က ယူကရိန္းပဋိပကၡအေပၚ အျမတ္ထုတ္ေနတယ္လို႔ တ႐ုတ္ စစ္ဘက္ေဝဖန္
Pika (NP News) - ဇူလိုင္ ၂၉

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ယူကရိန္းပဋိပကၡ အေပၚမွအျမတ္ ထုတ္ေနေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ Zhang Xiaogang က ဇူလိုင္လ(၂၅)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ယခုလအေစာပိုင္းတြင္ ဝါရွင္တန္ၿမိဳ႕၌ က်င္းပခဲ့ေသာ ေနတိုးထိပ္သီးအစည္းအေဝးတြင္ တ႐ုတ္ ႏိုင္ငံကို ႐ုရွား-ယူကရိန္းပဋိပကၡ အဆုံးအျဖတ္ေပးသူအျဖစ္ ေဖာ္ျပေျပာဆိုခဲ့ျခင္းႏွင့္ပတ္သက္ၿပီး မွတ္ ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို Zhang Xiaogang က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ေနတိုးအဖြဲ႕ထိပ္သီးအစည္းအေဝးအတြင္း ေျပာဆိုခ်က္မ်ားမွာ အေျခအျမစ္မရွိေသာ လိမ္ညာမႈ မ်ားသာျဖစ္ေၾကာင္း ၎ကေျပာဆိုခဲ့သည္။ ၎က “ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးအဖြဲ႕ဟာ ႐ုရွား-ယူကရိန္း စစ္ပြဲကို ပိုမိုအရွိန္ျမင့္လာေအာင္ လုပ္ေဆာင္ၿပီး အဲဒီစစ္ပြဲကေန အျမတ္ထုတ္ေနတာပဲ ျဖစ္ ပါတယ္။ ေနတိုးအဖြဲ႕ဟာ တ႐ုတ္ႏိုင္ငံကို ျပစ္တင္ ေဝဖန္တာမ်ိဳးေတြလုပ္မယ့္အစား ကိုယ့္ကိုယ္ကိုယ္ ျပန္လည္သုံးသပ္ဖို႔ လိုအပ္ပါတယ္” ဟုေျပာဆိုခဲ့သည္။

ေနတိုးအဖြဲ႕သည္ ကမာၻတစ္ဝန္း ပဋိပကၡမ်ားကို လႈံ႕ေဆာ္ေသြးထိုးေနေၾကာင္းလည္း ၎က စြပ္စြဲေျပာဆိုခဲ့သည္။ ၎က “ေနတိုးအဖြဲ႕ဟာ ယူကရိန္းက ေန အာဖဂန္နစၥတန္ႏိုင္ငံ၊ အီရတ္ကေန လစ္ဗ်ား ႏိုင္ငံအထိ စစ္ပြဲေတြကို ယူေဆာင္သြားၿပီး အဲဒီေဒသ ေတြနဲ႔ သူတို႔ရဲ႕ျပည္သူေတြကို ေဘးအႏၲရာယ္က်ေရာက္ေအာင္လုပ္ေဆာင္ခဲ့တာပါ” ဟုေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ႐ုရွားႏွင့္ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို တ႐ုတ္အစိုးရက ဆက္လက္ ေထာက္ခံအားေပးေနေၾကာင္းလည္း ၎က ေျပာဆိုခဲ့သည္။ ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔ အေရးယူမႈမ်ားကို ေရွာင္လႊဲႏိုင္ေစရန္အတြက္ တ႐ုတ္ႏိုင္ငံက ႐ုရွားကို ကူညီေပးေနသည္ဆိုသည့္ ေျပာ ဆိုခ်က္မ်ားႏွင့္ ႐ုရွားကာကြယ္ေရး လုပ္ငန္းမ်ားကို ေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္ေပးေနသည္ဆိုသည့္ စြပ္စြဲေျပာဆိုခ်က္မ်ားကို တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရသည္။

ေနတိုးအဖြဲ႕၏ အေရွ႕ဘက္ျခမ္းသို႔ နယ္ေျမ ဆက္လက္ခ်ဲ႕ထြင္မႈမ်ားအပါအဝင္ ယူကရိန္းႏွင့္ ေနတိုး အဖြဲ႕ၾကား စစ္ေရးအရပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ ႐ုရွား-ယူကရိန္းပဋိပကၡကို ျဖစ္ပြားေစသည့္ မူလဇာစ္ျမစ္ထဲမွတစ္ခုျဖစ္ေၾကာင္း ႐ုရွားအစိုးရက ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.