ယူကရိန်းတပ်သားသစ်များ ရှေ့တန်းတွင် တိုက်ခိုက်လိုခြင်း မရှိတော့ကြောင်း မှတ်တမ်းတစ်ခုထွက်လာ
1131
ALynn (NP News) - ဇူလိုင် ၂၉
ယူကရိန်းစစ်တပ်တွင် အတင်းအကျပ် စုဆောင်းထားသော စစ်သားအများစုသည် ရှေ့တန်းတွင် မနေချင်ကြ ကြောင်း ဘယ်လ်ဂျီယံနိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက ဖော်ပြလာသည်။ ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၄ ရက်)တွင် ထုတ်လွှင့်သော အစီရင်ခံစာတစ်ခု တွင် RTBF သည် ပြီးခဲ့သည့်အပတ်က ယူကရိန်း အရှေ့ပိုင်းတစ်နေရာတွင် မှတ်တမ်းတင်ထားသော 49th Assault Battalion "Carpathian Sich" ၏ လေ့ကျင့်ရေးကွင်း၌ ပြင်သစ်သတင်းဌာန AFP မှ မှတ်တမ်းတင်ထားသော ဗီဒီယိုများနှင့် အင်တာဗျူး များကို ကိုးကားခဲ့သည်။
‘စည်းရုံးရေးစင်တာမှာ သူတို့ရရှိတဲ့ သင်တန်းက လုံးဝ အသုံးမဝင်ပါဘူး’ ဟု 19th ၏ သတင်းပြန်ကြား ရေးအရာရှိ Vasilina Nakonechna က တပ်သားများအနေဖြင့် အခြေခံသင်တန်းများ ထပ်တလဲလဲ တက်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။ Nakonechna ၏အဆိုအရ ယူကရိန်းတပ်ဖွဲ့များသည် ပြည်သူ့စစ်မှု ထမ်းများကို အပြိုင်အဆိုင် ရွေးချယ်လေ့ကျင့်ပေးရ သည်။ (၂)နှစ်ခွဲကြာ တိုက်ပွဲများကြောင့် ယူကရိန်းစစ်တပ်မှာ ပြိုလဲသွားသည်ဟု AFP က ဖော်ပြသည်။
မေလတွင် ကိယက်ဗ်ရှိအစိုးရသည် တပ်သားများပိုမိုစုဆောင်းရန်အတွက် စည်းရုံးခြင်း စည်းမျဉ်းများကို ပြောင်းလဲခဲ့သည်။ တစ်ခါတစ်ရံ အချို့သော တပ်သားသစ်များသည် စစ်မှုထမ်း မွမ်းမံသင်တန်း တက်ရောက်ရန် သွားခဲ့သော်လည်း ယင်းအစား ရှေ့တန်းသို့ စေလွှတ်ခံရသည်ဟု ဆိုသည်။
‘တိုက်ခိုက်ရေးအတွက် လူတိုင်းကို ဆင့်ခေါ် တာတော့ မဟုတ်ပါဘူး’ဟု နည်းပြဆရာတစ်ဦးဖြစ်သည့် Farik က AFP သို့ ပြောကြားခဲ့သည်။ စစ်မတိုက်လိုသော စစ်သည်များသည် ရှေ့တန်းအတွက် အသုံးမဝင်ကြောင်း Nakonechna က ဆိုသည်။ သူ၏အဆိုအရ ကိယက်ဗ်အစိုးရသည် “လှုံ့ဆော်မှုသည် အဓိကဖြစ်သည်”ကို နားလည်လာပြီး တပ်သား သစ် စည်းရုံးခြင်းဆိုင်ရာစည်းမျဉ်းများကို ပြောင်းလဲသင့်ကြောင်း ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်လက ရုရှားသမ္မတ ဗလာဒီမာပူတင်က လစဉ် ယူကရိန်းတပ်ဖွဲ့ဝင် (၅၀ဝဝဝ)ဆုံးရှုံးနေကြောင်း ခန့်မှန်းထားပြီး ယင်းအနက် တပ်သား သစ်များဖြင့် အစားထိုးမှုကိုလည်း အင်အား (၃၀ဝဝဝ)အောက်သာ ပြုလုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
zawgyi version
ယူကရိန္းတပ္သားသစ္မ်ား ေရွ႕တန္းတြင္ တိုက္ခိုက္လိုျခင္း မရွိေတာ့ေၾကာင္း မွတ္တမ္းတစ္ခုထြက္လာ
ALynn (NP News) - ဇူလိုင္ ၂၉
ယူကရိန္းစစ္တပ္တြင္ အတင္းအက်ပ္ စုေဆာင္းထားေသာ စစ္သားအမ်ားစုသည္ ေရွ႕တန္းတြင္ မေနခ်င္ၾက ေၾကာင္း ဘယ္လ္ဂ်ီယံႏိုင္ငံပိုင္ ႐ုပ္သံလႊင့္ဌာနက ေဖာ္ျပလာသည္။ ဗုဒၶဟူးေန႔ (ဇူလိုင္လ ၂၄ ရက္)တြင္ ထုတ္လႊင့္ေသာ အစီရင္ခံစာတစ္ခု တြင္ RTBF သည္ ၿပီးခဲ့သည့္အပတ္က ယူကရိန္း အေရွ႕ပိုင္းတစ္ေနရာတြင္ မွတ္တမ္းတင္ထားေသာ 49th Assault Battalion "Carpathian Sich" ၏ ေလ့က်င့္ေရးကြင္း၌ ျပင္သစ္သတင္းဌာန AFP မွ မွတ္တမ္းတင္ ထားေသာ ဗီဒီယိုမ်ားႏွင့္ အင္တာဗ်ဴး မ်ားကို ကိုးကားခဲ့သည္။
‘စည္း႐ုံးေရးစင္တာမွာ သူတို႔ရရွိတဲ့ သင္တန္းက လုံးဝ အသုံးမဝင္ပါဘူး’ ဟု 19th ၏ သတင္းျပန္ၾကား ေရးအရာရွိ Vasilina Nakonechna က တပ္သားမ်ားအေနျဖင့္ အေျခခံသင္တန္းမ်ား ထပ္တလဲလဲ တက္ခဲ့ရေၾကာင္း ေဖာ္ျပခဲ့သည္။ Nakonechna ၏အဆိုအရ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ျပည္သူ႔စစ္မႈ ထမ္းမ်ားကို အၿပိဳင္အဆိုင္ ေ႐ြးခ်ယ္ေလ့က်င့္ေပးရ သည္။ (၂)ႏွစ္ခြဲၾကာ တိုက္ပြဲမ်ားေၾကာင့္ ယူကရိန္းစစ္တပ္မွာ ၿပိဳလဲသြားသည္ဟု AFP က ေဖာ္ျပသည္။
ေမလတြင္ ကိယက္ဗ္ရွိအစိုးရသည္ တပ္သားမ်ားပိုမိုစုေဆာင္းရန္အတြက္ စည္း႐ုံးျခင္း စည္းမ်ဥ္းမ်ားကို ေျပာင္းလဲခဲ့သည္။ တစ္ခါတစ္ရံ အခ်ိဳ႕ေသာ တပ္သားသစ္မ်ားသည္ စစ္မႈထမ္း မြမ္းမံသင္တန္း တက္ေရာက္ရန္ သြားခဲ့ေသာ္လည္း ယင္းအစား ေရွ႕တန္းသို႔ ေစလႊတ္ခံရသည္ဟု ဆိုသည္။
‘တိုက္ခိုက္ေရးအတြက္ လူတိုင္းကို ဆင့္ေခၚ တာေတာ့ မဟုတ္ပါဘူး’ဟု နည္းျပဆရာတစ္ဦးျဖစ္သည့္ Farik က AFP သို႔ ေျပာၾကားခဲ့သည္။ စစ္မတိုက္လိုေသာ စစ္သည္မ်ားသည္ ေရွ႕တန္းအတြက္ အသုံးမဝင္ေၾကာင္း Nakonechna က ဆိုသည္။ သူ၏အဆိုအရ ကိယက္ဗ္အစိုးရသည္ “လႈံ႕ေဆာ္မႈသည္ အဓိကျဖစ္သည္”ကို နားလည္လာၿပီး တပ္သား သစ္ စည္း႐ုံးျခင္းဆိုင္ရာစည္းမ်ဥ္းမ်ားကို ေျပာင္းလဲသင့္ေၾကာင္း ေဖာ္ျပခဲ့သည္။ ၿပီးခဲ့သည့္လက ႐ုရွားသမၼတ ဗလာဒီမာပူတင္က လစဥ္ ယူကရိန္းတပ္ဖြဲ႕ဝင္ (၅၀ဝဝဝ)ဆုံးရႈံးေနေၾကာင္း ခန႔္မွန္းထားၿပီး ယင္းအနက္ တပ္သား သစ္မ်ားျဖင့္ အစားထိုးမႈကိုလည္း အင္အား (၃၀ဝဝဝ)ေအာက္သာ ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။