ရှမ်းတောင်ပိုင်း တည်ငြိမ်ရေး ကာကွယ်မည် ဖြစ်ကြောင်း နှင့် ရှမ်းမြောက်အရေး တွေ့ဆုံဖြေရှင်းရန် RCSS တောင်းဆို

 5753

သုတကျော် (NP News) - ဇူလိုင် ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း တည်ငြိမ်ရေးအတွက် ကာကွယ်မည် ဖြစ်ကြောင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အရေးတွေ့ဆုံပြီး အပစ်ခတ်ရပ်စဲရေး နှင့် ဖက်ဒရယ် တည်ဆောက်ရေး တွေ့ဆုံဖြေရှင်းရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) က ထုတ်ပြန်ချက်အတွင်း တောင်းဆိုထားသည်။

အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)များ၊ ဗဟိုဦးစီးကော်မတီဝင် (CLC)များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၃၂)ဦး တက်ရောက်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၂၀၂၄ ခုနှစ်၊ (၆)လပတ်အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၆-၂၈)ရက်များက ဗဟိုဌာနချုပ်ဖြစ်သည့် ပ်လွယ်တိုင်းလျဲန်း၌ ကျင်းပပြီးနောက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် သျှမ်းပြည်လူထုတို့သည် အိုးအိမ် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများသည်လည်း အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အပေါ် RCSS အနေဖြင့် စိတ်မကောင်း ဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် RCSS က ပြည်သူလူထု နှင့် လက်တွဲပူးပေါင်း၍ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများသည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

zawgyi version
ရွမ္းေတာင္ပိုင္း တည္ၿငိမ္ေရး ကာကြယ္မည္ ျဖစ္ေၾကာင္း ႏွင့္ ရွမ္းေျမာက္အေရး ေတြ႕ဆုံေျဖရွင္းရန္ RCSS ေတာင္းဆို
သုတေက်ာ္ (NP News) - ဇူလိုင္ ၂၉

ရွမ္းျပည္နယ္ ေတာင္ပိုင္း တည္ၿငိမ္ေရးအတြက္ ကာကြယ္မည္ ျဖစ္ေၾကာင္း ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း အေရးေတြ႕ဆုံၿပီး အပစ္ခတ္ရပ္စဲေရး ႏွင့္ ဖက္ဒရယ္ တည္ေဆာက္ေရး ေတြ႕ဆုံေျဖရွင္းရန္ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ(RCSS) က ထုတ္ျပန္ခ်က္အတြင္း ေတာင္းဆိုထားသည္။

အႀကံေပးပုဂၢိဳလ္မ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္(CEC)မ်ား၊ ဗဟိုဦးစီးေကာ္မတီဝင္ (CLC)မ်ား၊ ဗဟိုေကာ္မတီဝင္(CC)မ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား စုစုေပါင္း (၂၃၂)ဦး တက္ေရာက္သည့္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)၏ ၂၀၂၄ ခုႏွစ္၊ (၆)လပတ္အစည္း အေဝးကို ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ(၂၆-၂၈)ရက္မ်ားက ဗဟိုဌာနခ်ဳပ္ျဖစ္သည့္ ပ္လြယ္တိုင္းလ်ဲန္း၌ က်င္းပၿပီးေနာက္ ထုတ္ျပန္ခ်က္ကို ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ရွမ္းျပည္ေျမာက္ပိုင္း တိုက္ပြဲမ်ားေၾကာင့္ သွ်မ္းျပည္လူထုတို႔သည္ အိုးအိမ္ ပစၥည္းဥစၥာမ်ား ပ်က္စီးဆုံးရႈံးရျခင္း၊ ေသဆုံးဒဏ္ရာရျခင္း၊ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရျခင္းမ်ား ႀကဳံေတြ႕ရသည့္အျပင္ ကေလးသူငယ္မ်ား၊ အမ်ိဳးသမီးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားသည္လည္း အတိဒုကၡမ်ား၊ အခက္အခဲမ်ား ႀကဳံေတြ႕ေနရျခင္းတို႔အေပၚ RCSS အေနျဖင့္ စိတ္မေကာင္း ျဖစ္ရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသ တည္ၿငိမ္ေရးႏွင့္ ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ ပစၥည္းဥစၥာမ်ား ပ်က္စီးဆုံးရႈံးမႈမျဖစ္ေစေရးအတြက္ RCSS က ျပည္သူလူထု ႏွင့္ လက္တြဲပူးေပါင္း၍ ကာကြယ္ေစာင့္ေရွာက္သြားမည္ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားသည္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးၿပီး အပစ္အခတ္ရပ္စဲေရး ေဆာင္႐ြက္ႏိုင္ၾကရန္ႏွင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္ ေျဖရွင္းေဆာင္႐ြက္ၾကရန္လည္း တိုက္တြန္းထားသည္။

Related news

© 2021. All rights reserved.