မြောက်ကိုရီးယားမှာ ရေကြီးရေလျှံမှုတွေကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်နေ

 904

ရောင်နီ (NP News) - ဇူလိုင် ၃ဝ

မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် ဒုက္ခသည် လူပေါင်း (၅၀၀၀)ကျော်ကို ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့အတူ ကယ်ဆယ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့ (ဇူလိုင်လ ၂၉ ရက်)မှာ ဖော်ပြခဲ့ပါတယ်။

စနေနေ့(ဇူလိုင်လ ၂၈ ရက်)က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ကိုရီးယား-တရုတ်နယ်စပ်မှာ အန္တရာယ်ရှိ အဆင့်ကို ကျော်လွန်တဲ့အထိ မြစ်ရေကြီး ရေလျှံမှုဖြစ်ခဲ့တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုဒဏ်ခံနေရတဲ့ ရှင်နူဂျူမြို့နဲ့ အူဂျူမြို့မှာ ဒုက္ခသည် (၄၂၀၀)ခန့်ကို စစ်ရဟတ်ယာဉ် နဲ့ ရေတပ်လှေ (၁၀) စီးခန့်ကို အသုံးပြုကာ ရွှေ့ပြောင်းမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် လူသေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ရွှေ့ပြောင်းနေရာချရေး၊ လိုအပ်တဲ့ စားနပ် ရိက္ခာ နဲ့ အခြားပစ္စည်းတွေကို ထောက်ပံ့ပေးဖို့၊ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တာဝန်တွေ ချမှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားမှာ ရေလွှမ်းမိုးခြင်း၊ ရေနုတ်မြောင်း အရည် အသွေး ညံ့ဖျင်းခြင်း၊ သစ်တောပြုန်းတီးခြင်းနဲ့ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းတို့ကြောင့် လယ်မြေတွေ ဆိုးဆိုးရွားရွား ပျက်စီးလေ့ရှိပါတယ်။

zawgyi version
ေျမာက္ကိုရီးယားမွာ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ထိခိုက္ေန
ေရာင္နီ (NP News) - ဇူလိုင္ ၃ဝ

ေျမာက္ကိုရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ဒုကၡသည္ လူေပါင္း (၅၀၀၀)ေက်ာ္ကို ေခါင္းေဆာင္ကင္ဂ်ဳံအန္ရဲ႕ ႀကီးၾကပ္မႈနဲ႔အတူ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာက တနလၤာေန႔ (ဇူလိုင္လ ၂၉ ရက္)မွာ ေဖာ္ျပခဲ့ပါတယ္။

စေနေန႔(ဇူလိုင္လ ၂၈ ရက္)က မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေျမာက္ကိုရီးယား-တ႐ုတ္နယ္စပ္မွာ အႏၲရာယ္ရွိ အဆင့္ကို ေက်ာ္လြန္တဲ့အထိ ျမစ္ေရႀကီး ေရလွ်ံမႈျဖစ္ခဲ့တယ္လို႔ ကိုရီးယားဗဟိုသတင္းေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ေရႀကီးေရလွ်ံမႈဒဏ္ခံေနရတဲ့ ရွင္ႏူဂ်ဴၿမိဳ႕နဲ႔ အူဂ်ဴၿမိဳ႕မွာ ဒုကၡသည္ (၄၂၀၀)ခန႔္ကို စစ္ရဟတ္ယာဥ္ နဲ႔ ေရတပ္ေလွ (၁၀) စီးခန႔္ကို အသုံးျပဳကာ ေ႐ႊ႕ေျပာင္းမႈေတြလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ေရႀကီးမႈေၾကာင့္ လူေသဆုံးမႈ သို႔မဟုတ္ ပ်က္စီးဆုံးရႈံးမႈ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္က ေ႐ႊ႕ေျပာင္းေနရာခ်ေရး၊ လိုအပ္တဲ့ စားနပ္ ရိကၡာ နဲ႔ အျခားပစၥည္းေတြကို ေထာက္ပံ့ေပးဖို႔၊ ျပန္လည္ထူေထာင္ေရးနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ တာဝန္ေတြ ခ်မွတ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ေျမာက္ကိုရီးယားမွာ ေရလႊမ္းမိုးျခင္း၊ ေရႏုတ္ေျမာင္း အရည္ အေသြး ညံ့ဖ်င္းျခင္း၊ သစ္ေတာျပဳန္းတီးျခင္းနဲ႔ အေျခခံအေဆာက္အအုံမ်ား ပ်က္စီးျခင္းတို႔ေၾကာင့္ လယ္ေျမေတြ ဆိုးဆိုး႐ြား႐ြား ပ်က္စီးေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.