အိုလံပစ်အခမ်းအနားအတွင်း ခရစ်ယာန်ဘာသာကို စော်ကားသည့်အပြုအမူနှင့်ပတ်သက်၍ ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ် ကန့်ကွက်
3602
ALynn (NP News) - ဇူလိုင် ၃ဝ
ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ် Tomas Taraba က ပါရီအိုလံပစ်ပိတ်ပွဲ အခမ်းအနားတွင် ၎င်း၏နိုင်ငံကို ကိုယ်စားပြုမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ Taraba သည် ၂၀၂၄ ခုနှစ် နွေရာသီအားကစားပြိုင်ပွဲ၏ သောကြာနေ့ဖွင့်ပွဲအခမ်းအနားသည် ခရစ်ယာန်များကို ရိုသေလေးစားမှုမရှိကြောင်း ပြသခြင်းအဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။
"ပိတ်ပွဲအခမ်းအနားမှာ ကျွန်တော်က ဆလိုဗက်ကီးယားကို ကိုယ်စားပြုရမှာဖြစ်ပေမယ့် ဒီအိုလံပစ်ပြိုင်ပွဲဟာ အားကစားရဲ့ အနှစ်သာရကို အလွဲ သုံးစားပြုပြီး နိုင်ငံရေးဇာတ်ခုံအဖြစ် ပြောင်းလဲခဲ့ခြင်းကြောင့် ပိတ်ပွဲအခမ်းအနားမှာမပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ "ရှက်စရာ ကောင်းသော ဖွင့်ပွဲအခမ်းအနားကို ယခုအခါ အင်တာနက်မှ ဖယ်ရှားလိုက်ကြောင်း” Taraba မှ ဖော်ပြခဲ့သည်။
Taraba သည် ၀န်ကြီးချုပ် Robert Fico ၏ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Fico သည် မေလလယ်တွင် လူသတ်သမား၏ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခံရပြီးနောက် ၎င်း၏တာဝန်အချို့ကို Taraba လွှဲပြောင်းယူခဲ့ရသည်။ Fico သည် ယခုအခါ ပြန်လည် ကောင်းမွန်လာပြီး ရုံးပြန်တက်ခဲ့သော်လည်း ၎င်း၏ကိုယ်စား Taraba အား ပါရီသို့ သွားရောက်ရန် လွှဲအပ်ခဲ့သည်။
လီယိုနာဒိုဒါဗင်ချီ၏ ထင်ရှားကျော်ကြားသော 'နောက်ဆုံးညစာစားပွဲ' အမည်ရ ပန်းချီကားဖြင့် ဖွင့်ပွဲအခမ်းအနားကို သရုပ်ဖော်ပြသခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်းက ခရစ်ယာန်ဘာသာဝင်များက ပါရီစီစဉ်သူများ၏ ဆုံးဖြတ် ချက်ကို ကန့်ကွက်ခဲ့ကြသည်။ ပန်းချီဆရာ၏ ကျော်ကြားသော ယေရှုခရစ်နှင့် သူ၏တမန်တော်များကို သရုပ်ဖော်ပုံကို ဆေးစွဲနေသော ဘုရင်မများ၊ လိင်တူဆက်ဆံသူများနှင့် လိင်ပြောင်းဆက်ဆံသူများပါဝင်သော Bacchanalia အဖြစ် ပြန်လည်ပုံဖော်ထားခြင်းကြောင်း ကန့်ကွက်ကြခြင်းဖြစ်သည်။
အခမ်းအနားရဲ့အနုပညာဒါရိုက်တာ Thomas Jolly ကလည်း ၎င်း၏ အနုပညာကို ကာကွယ်ပြောဆိုခဲ့သည်။ “ကျနော်တို့က မတူကွဲပြားမှုတွေအကြောင်းပြောချင်တယ်။ မတူကွဲပြားခြင်းဆိုသည်မှာ အတူတကွရှိခြင်းပင်ဖြစ်တယ်။ ဒါကြောင့် အားလုံးပါဝင်စေချင်တယ်”ဟု ပြောသည်။ နိုင်ငံတ ကာ အိုလံပစ်ကော်မတီသည် ၎င်း၏ YouTube ချန်နယ်မှ အခမ်းအနား၏ ဖွင့်ပွဲဗီဒီယိုဖိုင်ကို ဖယ်ရှားခြင်းဖြင့် ဝေဖန်မှုများကို တုံ့ပြန်ခဲ့သည်။
zawgyi version
အိုလံပစ္အခမ္းအနားအတြင္း ခရစ္ယာန္ဘာသာကို ေစာ္ကားသည့္အျပဳ အမူႏွင့္ပတ္သက္၍ ဆလိုဗက္ကီးယား ဒုတိယဝန္ႀကီးခ်ဳပ္ ကန႔္ကြက္
ALynn (NP News) - ဇူလိုင္ ၃ဝ
ဆလိုဗက္ကီးယား ဒုတိယဝန္ႀကီးခ်ဳပ္ Tomas Taraba က ပါရီအိုလံပစ္ပိတ္ပြဲ အခမ္းအနားတြင္ ၎၏ႏိုင္ငံကို ကိုယ္စားျပဳမည္မဟုတ္ေၾကာင္း ေၾကညာခဲ့သည္။ Taraba သည္ ၂၀၂၄ ခုႏွစ္ ေႏြရာသီအားကစားၿပိဳင္ပြဲ၏ ေသာၾကာေန႔ဖြင့္ပြဲအခမ္းအနားသည္ ခရစ္ယာန္မ်ားကို ႐ိုေသေလးစားမႈမရွိေၾကာင္း ျပသျခင္းအျဖစ္ ျပစ္တင္ရႈတ္ခ်ခဲ့သည္။
"ပိတ္ပြဲအခမ္းအနားမွာ ကြၽန္ေတာ္က ဆလိုဗက္ကီးယားကို ကိုယ္စားျပဳရမွာျဖစ္ေပမယ့္ ဒီအိုလံပစ္ၿပိဳင္ပြဲဟာ အားကစားရဲ႕ အႏွစ္သာရကို အလြဲ သုံးစားျပဳၿပီး ႏိုင္ငံေရးဇာတ္ခုံအျဖစ္ ေျပာင္းလဲခဲ့ျခင္းေၾကာင့္ ပိတ္ပြဲအခမ္းအ နားမွာမပါဝင္ဖို႔ ဆုံးျဖတ္ခဲ့တာပါ”ဟု ၎၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။ အျပည္ျပည္ဆိုင္ရာ အိုလံပစ္ေကာ္မတီမွ "ရွက္စရာ ေကာင္းေသာ ဖြင့္ပြဲအခမ္းအနားကို ယခုအခါ အင္တာနက္မွ ဖယ္ရွားလိုက္ေၾကာင္း” Taraba မွ ေဖာ္ျပခဲ့သည္။
Taraba သည္ ၀န္ႀကီးခ်ဳပ္ Robert Fico ၏ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ Fico သည္ ေမလလယ္တြင္ လူသတ္သမား၏ အႀကိမ္ေပါင္းမ်ားစြာ ပစ္ခတ္ခံရၿပီးေနာက္ ၎၏တာဝန္အခ်ိဳ႕ကို Taraba လႊဲေျပာင္းယူခဲ့ရသည္။ Fico သည္ ယခုအခါ ျပန္လည္ ေကာင္းမြန္လာၿပီး ႐ုံးျပန္တက္ခဲ့ေသာ္လည္း ၎၏ကိုယ္စား Taraba အား ပါရီသို႔ သြားေရာက္ရန္ လႊဲအပ္ခဲ့သည္။
လီယိုနာဒိုဒါဗင္ခ်ီ၏ ထင္ရွားေက်ာ္ၾကားေသာ 'ေနာက္ဆုံးညစာစားပြဲ' အမည္ရ ပန္းခ်ီကားျဖင့္ ဖြင့္ပြဲအခမ္းအနားကို သ႐ုပ္ေဖာ္ျပသခဲ့ျခင္းေၾကာင့္ ကမာၻတစ္ဝန္းက ခရစ္ယာန္ဘာသာဝင္မ်ားက ပါရီစီစဥ္သူမ်ား၏ ဆုံးျဖတ္ ခ်က္ကို ကန႔္ကြက္ခဲ့ၾကသည္။ ပန္းခ်ီဆရာ၏ ေက်ာ္ၾကားေသာ ေယရႈခရစ္ႏွင့္ သူ၏တမန္ေတာ္မ်ားကို သ႐ုပ္ေဖာ္ပုံကို ေဆးစြဲေနေသာ ဘုရင္မမ်ား၊ လိင္တူဆက္ဆံသူမ်ားႏွင့္ လိင္ေျပာင္းဆက္ဆံသူမ်ားပါဝင္ေသာ Bacchanalia အျဖစ္ ျပန္လည္ပုံေဖာ္ထားျခင္းေၾကာင္း ကန႔္ကြက္ၾကျခင္းျဖစ္သည္။
အခမ္းအနားရဲ႕အႏုပညာဒါ႐ိုက္တာ Thomas Jolly ကလည္း ၎၏ အႏုပညာကို ကာကြယ္ေျပာဆိုခဲ့သည္။ “က်ေနာ္တို႔က မတူကြဲျပားမႈေတြအေၾကာင္းေျပာခ်င္တယ္။ မတူကြဲျပားျခင္းဆိုသည္မွာ အတူတကြရွိျခင္းပင္ျဖစ္တယ္။ ဒါေၾကာင့္ အားလုံးပါဝင္ေစခ်င္တယ္”ဟု ေျပာသည္။ ႏိုင္ငံတ ကာ အိုလံပစ္ေကာ္မတီသည္ ၎၏ YouTube ခ်န္နယ္မွ အခမ္းအနား၏ ဖြင့္ပြဲဗီဒီယိုဖိုင္ကို ဖယ္ရွားျခင္းျဖင့္ ေဝဖန္မႈမ်ားကို တုံ႔ျပန္ခဲ့သည္။