သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အချိန်ပိုများသင်ကြားပေးရန်လိုဟုဆို

 703

သန့်ဇင် (NP News) - ဇူလိုင် ၃၀

သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အချိန်ပိုများသင်ကြားပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

၎င်းက ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)တွင် ထည့်သွင်းပြေကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ (၇၀)ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား (၉၂)ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဖွင့်လှစ်ထားသည့်ကျောင်းများ ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း အချိန်ပိုများ သင်ကြားပေးပြီး ကလေးငယ်များ အမှန်တကယ်စာတတ်မြောက်စေရေး သင်ကြားပေးရန်လိုကြောင်း နစက ဥက္ကဋ္ဌက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံသားအများစုသည် ဝင်ငွေအလယ်အလတ်တန်းရှိသူများနှင့် ဝင်ငွေနည်းကြသူများ ဖြစ်ကြသဖြင့် အစိုးရကျောင်းများ၌ ပညာသင်ကြားနေကြသူ အများအပြားရှိရာ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုထက်မနည်း ရေကြီးရေလျှံမှုများ ခံစားနေရပြီး အခြေခံပညာကျောင်းအချို့လည်း ယာယီပိတ်ထားရကြောင်း သိရသည်။

zawgyi version
သဘာဝေဘးအႏၲရာယ္ေၾကာင့္ ယာယီပိတ္ထားရသည့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ အခ်ိန္ပိုမ်ားသင္ၾကားေပးရန္လိုဟုဆို
သန႔္ဇင္ (NP News) - ဇူလိုင္ ၃၀

သဘာဝေဘးအႏၲရာယ္ေၾကာင့္ ယာယီပိတ္ထားရသည့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ အခ်ိန္ပိုမ်ားသင္ၾကားေပးရန္လိုေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားသည္။

၎က ယမန္ေန႔ ဇူလိုင္လ ၂၉ ရက္တြင္ ေနျပည္ေတာ္ရွိ နစက ဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝး အမွတ္စဥ္ (၆/၂၀၂၄)တြင္ ထည့္သြင္းေျပၾကားခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ပညာသင္ႏွစ္တြင္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္၌ (၇၀)ရာခိုင္ႏႈန္းခန႔္ ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ေက်ာင္းသား (၉၂)ရာခိုင္ႏႈန္း ေက်ာင္းတက္ေရာက္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ေျပာသည္။

ထို႔ျပင္ ဖြင့္လွစ္ထားသည့္ေက်ာင္းမ်ား ဆက္လက္ဖြင့္လွစ္သင္ၾကားႏိုင္ေရးႏွင့္ စာသင္ေက်ာင္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္သြားရန္လိုအပ္ကာ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ယာယီပိတ္ထားရသည့္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္လည္း အခ်ိန္ပိုမ်ား သင္ၾကားေပးၿပီး ကေလးငယ္မ်ား အမွန္တကယ္စာတတ္ေျမာက္ေစေရး သင္ၾကားေပးရန္လိုေၾကာင္း နစက ဥကၠ႒က ထပ္မံေျပာၾကားသည္။

ျမန္မာႏိုင္ငံသားအမ်ားစုသည္ ဝင္ေငြအလယ္အလတ္တန္းရွိသူမ်ားႏွင့္ ဝင္ေငြနည္းၾကသူမ်ား ျဖစ္ၾကသျဖင့္ အစိုးရေက်ာင္းမ်ား၌ ပညာသင္ၾကားေနၾကသူ အမ်ားအျပားရွိရာ အခမဲ့ပညာေရးစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၆)ခုထက္မနည္း ေရႀကီးေရလွ်ံမႈမ်ား ခံစားေနရၿပီး အေျခခံပညာေက်ာင္းအခ်ိဳ႕လည္း ယာယီပိတ္ထားရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.