ဘက်မလိုက်မူဝါဒအတိုင်း ရပ်တည်နေကြောင်းနှင့် ပြဿနာများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် “ဝ” က စာထုတ် တောင်းဆို
4555
သုတကျော် (NP News) - ဇူလိုင် ၃ဝ
ဘက်မလိုက် မူဝါဒအတိုင်း ရပ်တည်နေကြောင်း နှင့် ပြဿနာများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီက ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် စာထုတ်တောင်းဆိုလိုက်ကြောင်း တွေ့မြင်ရသည်။
၂ဝ၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြီးမှ စ၍ ဝ ပြည်နယ်အနေဖြင့်သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာကိုယူပြီး “ဝ” ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကိုစဉ်းစား၍ မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင် ပါဝင် ပတ်သက်မှုမပြုလုပ်ခြင်း နှင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း နှင့် ဤရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်ကိုတွေ့မြင်ရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေ ပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ရောက်ရှိသွားကြောင်း၊ တိုင်းရင်းသားပြည်သူလူထုများမှ တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန် မျှော်လင့် ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်း နှင့် နေထိုင်မှုဘဝပုံမှန်လည်ပတ်လာစေလိုသည့် ဆန္ဒများ ပိုမိုပြင်းပြနေ သည်ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုကြားအကွဲအပြဲ ပိုမိုနက်ရှိုင်းပြီး အချင်းချင်းရန်ငြိုး လည်း ပိုမိုမြင့်တက်ကာ မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားသောအဖက်ဖက်များကို အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည်နလန်ထူစေရန် နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေးအားမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက်စေရန်အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှု အပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် အလေးအနက်တိုက်တွန်းသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Zawgyi Version;
ဘက္မလိုက္မူဝါဒအတိုင္း ရပ္တည္ေနေၾကာင္းႏွင့္ ျပႆနာမ်ားကို ၿငိမ္းခ်မ္းေသာနည္းျဖင့္ ေျဖရွင္းရန္ “ဝ” က စာထုတ္ ေတာင္းဆို
သုတေက်ာ္ (NP News) - ဇူလိုင္ ၃ဝ
ဘက္မလိုက္ မူဝါဒအတိုင္း ရပ္တည္ေနေၾကာင္း ႏွင့္ ျပႆနာမ်ားကို ၿငိမ္းခ်မ္းေသာနည္းျဖင့္ ေျဖရွင္းရန္ “ဝ” ျပည္ ေသြးစည္းညီၫြတ္ေရးပါတီဗဟိုေကာ္မတီက ယေန႔ (ဇူလိုင္လ ၃၀ ရက္) တြင္ စာထုတ္ေတာင္းဆိုလိုက္ေၾကာင္း ေတြ႕ျမင္ရသည္။
၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အၿပီးမွ စ၍ ဝ ျပည္နယ္အေနျဖင့္သမိုင္းအေတြ႕အႀကဳံႏွင့္ သင္ခန္းစာကိုယူၿပီး “ဝ” ျပည္နယ္ရွိ တိုင္းရင္းသားေပါင္းစုံတို႔၏ အက်ိဳးစီးပြားကိုစဥ္းစား၍ မည္သည့္အဖြဲ႕အစည္း၏ စစ္ေရးပဋိပကၡတြင္ ပါဝင္ ပတ္သက္မႈမျပဳလုပ္ျခင္း ႏွင့္ စစ္မီးမေမြးျခင္းဆိုသည့္ ဘက္မလိုက္မူဝါဒကို ဆုံးျဖတ္အတည္ျပဳခဲ့ေၾကာင္း ႏွင့္ ဤရပ္တည္ခ်က္သည္ အခ်ိန္ကာလႏွင့္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္ကိုေတြ႕ျမင္ရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံသည္ စစ္ေရးပဋိပကၡေၾကာင့္ ႏိုင္ငံေတာ္တစ္ခုလုံး ၿပိဳကြဲမည့္အေနအထားသို႔ ေရာက္ရွိေန ၿပီး စီးပြားေရးကပ္ဆိုက္ျခင္း၊ ထုတ္လုပ္မႈရပ္ဆိုင္းျခင္း၊ ကုန္သြယ္မႈရပ္တန႔္ျခင္းႏွင့္ လုပ္ငန္းမ်ားအသီးသီး ဆိုး႐ြားစြာထိခိုက္ပ်က္စီးျခင္းတို႔ေၾကာင့္ ျပည္သူလူထု၏ ေနထိုင္မႈဘဝသည္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့သည့္ အေျခအေနသို႔ေရာက္ရွိသြားေၾကာင္း၊ တိုင္းရင္းသားျပည္သူလူထုမ်ားမွ တိုက္ပြဲမ်ားအျမန္ဆုံးရပ္တန႔္ရန္ ေမွ်ာ္လင့္ ၿပီး စီးပြားေရးျပန္လည္ေကာင္းမြန္လာျခင္း ႏွင့္ ေနထိုင္မႈဘဝပုံမွန္လည္ပတ္လာေစလိုသည့္ ဆႏၵမ်ား ပိုမိုျပင္းျပေန သည္ဟု ထုတ္ျပန္ခ်က္တြင္ ေျပာၾကားထားသည္။
စစ္ေရးပဋိပကၡမ်ားဆက္လက္ျဖစ္ပြားေနပါက လူမႈေရးမ်ိဳးႏြယ္စုၾကားအကြဲအၿပဲ ပိုမိုနက္ရႈိင္းၿပီး အခ်င္းခ်င္းရန္ၿငိဳး လည္း ပိုမိုျမင့္တက္ကာ ျမန္မာႏိုင္ငံအတြက္ စစ္ေရးပဋိပကၡထက္ ပိုမိုရွည္ၾကာေသာ ကုသရန္ခက္ခဲသည့္ စိတ္ပိုင္း ဆိုင္ရာထိခိုက္မႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း ေဖာ္ျပထားသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း အပါအဝင္ ျမန္မာႏိုင္ငံေနရာအႏွံ႔တြင္ ပဋိပကၡျဖစ္ပြားေသာအဖက္ဖက္မ်ားကို အျပင္းအထန္ထိခိုက္သြားေသာ ျပည္သူတို႔၏ စီးပြားေရးကို ျပန္လည္နလန္ထူေစရန္ ႏွင့္ ေနရပ္စြန႔္ခြာသြားေသာ ျပည္သူလူထုကို လုံၿခဳံေရးအားမခံခ်က္ရွိစြာ ေနရပ္သို႔ျပန္ေရာက္ေစရန္အတြက္ ျပႆနာမ်ားကို ေတြ႕ဆုံေဆြးေႏြးမႈ အပါအဝင္ ၿငိမ္းခ်မ္းေသာနည္းလမ္းမ်ိဳးစုံျဖင့္ ေျဖရွင္းသြားၾကရန္ အေလးအနက္တိုက္တြန္းသည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။