အိုလံပစ် ဓားရေး အားကစားပြိုင်ပွဲမှာ ကိုယ်ဝန်ဆောင်သည် ဓားသမားလည်း ပါဝင်
1802
ရောင်နီ (NP News) - ဇူလိုင် ၃၁
တနင်္လာနေ့ (ဇူလိုင် ၂၉ ရက်) မှာ ကျင်းပတဲ့ အိုလံပစ်အမျိုးသမီး ဓားရေးပြိုင်ပွဲမှာ ခံစစ်နေရာက ကစားတဲ့ ကိုယ်ဝန် ၇ လသားနဲ့ အီဂျစ် ခံစစ်သမား နာဒါဟာဇက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဟာဖက်ဇ်ဟာ အမေရိကန် ကမ္ဘာ့နံပါတ် ၁၀ ပြိုင်ဘက် အဲလိဇဘတ်တာတကိုဗ်စကီကို ရမှတ် ၁၅-၁၃ နဲ့ အနိုင်ရခဲ့ပြီး တောင်ကိုရီးယားပြိုင်ဘက် ဂျောင်ဟာယောင်းနဲ့မှာတော့ ရမှတ် ၁၅-၇ နဲ့ ရှုံးနိမ့်ခဲ့ပါ တယ်။ ဟာဖက်ဇ်ကတော့ သူမရဲ့စွမ်းဆောင်မှုအတွက်သာမက ရင်သွေးအတွက်လည်း မျှော်လင့်ရင်း ယှဉ်ပြိုင်ရ တာ ဂုဏ်ယူတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
"စင်ပေါ်မှာ ကစားသမားက နှစ်ယောက်တည်းမဟုတ်ဘူး၊ တကယ်တော့ သုံးယောက်၊ အဲဒါ ကျွန်မရယ်၊ ကျွန်မရဲ့ ပြိုင်ဘက်ရယ်နဲ့ ကမ္ဘာကို မရောက်သေးတဲ့ ကျွန်မရင်သွေးလေးပဲ" လို ဟာဖက်ဇ်က Instagram မှာ ရေးသားခဲ့ ပါတယ်။
၂၀၁၆ နဲ့ ၂၀၂၁ ခုနှစ် အားကစားပြိုင်ပွဲတွေမှာလည်း ယခင်က ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဓားရေး ကစားသမား ဟာဖက်ဇ်ကို "အီဂျစ်အမျိုးသမီးတွေရဲ့ခွန်အားနဲ့ ဇွဲလုံ့လကို မီးမောင်းထိုးပြသူအဖြစ် သတင်းတွေက ဖော်ပြခဲ့ပါတယ်။
Zawgyi Version;
အိုလံပစ္ ဓားေရး အားကစားၿပိဳင္ပြဲမွာ ကိုယ္ဝန္ေဆာင္သည္ ဓားသမားလည္း ပါဝင္
ေရာင္နီ (NP News) - ဇူလိုင္ ၃၁
တနလၤာေန႔ (ဇူလိုင္ ၂၉ ရက္) မွာ က်င္းပတဲ့ အိုလံပစ္အမ်ိဳးသမီး ဓားေရးၿပိဳင္ပြဲမွာ ခံစစ္ေနရာက ကစားတဲ့ ကိုယ္ဝန္ ၇ လသားနဲ႔ အီဂ်စ္ ခံစစ္သမား နာဒါဟာဇက္ဇ္လည္း ပါဝင္ခဲ့ပါတယ္။
အသက္ ၂၆ ႏွစ္အ႐ြယ္ ဟာဖက္ဇ္ဟာ အေမရိကန္ ကမာၻ႔နံပါတ္ ၁၀ ၿပိဳင္ဘက္ အဲလိဇဘတ္တာတကိုဗ္စကီကို ရမွတ္ ၁၅-၁၃ နဲ႔ အႏိုင္ရခဲ့ၿပီး ေတာင္ကိုရီးယားၿပိဳင္ဘက္ ေဂ်ာင္ဟာေယာင္းနဲ႔မွာေတာ့ ရမွတ္ ၁၅-၇ နဲ႔ ရႈံးနိမ့္ခဲ့ပါ တယ္။ ဟာဖက္ဇ္ကေတာ့ သူမရဲ႕စြမ္းေဆာင္မႈအတြက္သာမက ရင္ေသြးအတြက္လည္း ေမွ်ာ္လင့္ရင္း ယွဥ္ၿပိဳင္ရ တာ ဂုဏ္ယူတဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"စင္ေပၚမွာ ကစားသမားက ႏွစ္ေယာက္တည္းမဟုတ္ဘူး၊ တကယ္ေတာ့ သုံးေယာက္၊ အဲဒါ ကြၽန္မရယ္၊ ကြၽန္မရဲ႕ ၿပိဳင္ဘက္ရယ္နဲ႔ ကမာၻကို မေရာက္ေသးတဲ့ ကြၽန္မရင္ေသြးေလးပဲ" လို ဟာဖက္ဇ္က Instagram မွာ ေရးသားခဲ့ ပါတယ္။
၂၀၁၆ နဲ႔ ၂၀၂၁ ခုႏွစ္ အားကစားၿပိဳင္ပြဲေတြမွာလည္း ယခင္က ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ဓားေရး ကစားသမား ဟာဖက္ဇ္ကို "အီဂ်စ္အမ်ိဳးသမီးေတြရဲ႕ခြန္အားနဲ႔ ဇြဲလုံ႔လကို မီးေမာင္းထိုးျပသူအျဖစ္ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။