ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမှာ ငါးရှဥ့်ကြောင့် လူ ၁၅၀ လောက် အစာအဆိပ်သင့်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
1775
ရောင်နီ (NP News) - ဇူလိုင် ၃၁
ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်မှ ငါးရှဥ့်ကင်စားပြီးလူ ၁၅၀ လောက် အစာအဆိပ် သင့်ခဲ့ကြကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဂျပန်ကျန်းမာရေးအာဏာပိုင်တွေက ဇူလိုင် ၂၉ ရက်မှာ ပြော ကြားခဲ့ပါတယ်။
အစာအဆိပ်သင့်မှုဟာ ဂျပန်နိုင်ငံရဲ့ဒုတိယ လူဦးရေအများဆုံး မြို့ကြီးဖြစ်တဲ့ ယိုကိုဟားမားရှိ နာမည်ကြီး စားသောက်ဆိုင် Nihonbashi Unagi Isesada မှ ထုတ်လုပ်တဲ့ငါးရှဥ့်ကင်ကို စားသောက်မိခြင်းမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါစားသောက်ဆိုင်ရဲ့ဆိုင်ခွဲတွေပါ ဇူလိုင် ၂၉ ရက်က ပိတ်ခဲ့ရတယ်လို့ ပြည်သူ့ ကျန်းမာရေးစင်တာက ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၂၅ ရက် နံနက်က အော့အန်ခြင်း၊ ဝမ်းလျှောခြင်း လက္ခဏာတွေနဲ့ ဆေးရုံရောက်လာတဲ့လူနှစ်ဦးရဲ့ စစ်ဆေးချက်တွေကနေတစ်ဆင့် အစာအဆိပ်သင့်မှုရင်းမြစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်ပုံအကြောင်း ကတော့ Nihonbashi Unagi Isesada စားသောက်ဆိုင်မှ ထုတ်လုပ်တဲ့ ငါးရှဥ့်အစားအစာမှတစ်ဆင့် Staphylococcus aureus လို့ခေါ်တဲ့ အရေပြားပေါ်မှာ တွေ့ရလေ့ရှိပြီး ကူးစက်တတ်တဲ့ ဘတ်တီးရီးယားတစ်မျိုး ကူးစက်ခံရပုံရတယ်လို့ သိရပါတယ်။
စားသောက်ဆိုင်ဟာ အဆိုပါဆော့စ်နှစ်ပြီးသား ငါးရှဥ့်ကင် ၁,၇၆၁ အပိုင်းကို ဇူလိုင်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ရောင်းချခဲ့ပြီး ၎င်းတို့ထဲက အနည်းဆုံး အခု ၄၅၀ မှာ သက်တမ်းကုန်ဆုံးရက်တွေကို မှားယွင်းစွာ တံဆိပ်ကပ် ထားပြီး ဓာတ်မတည့်မှုအချက်အလက်ကိုလည်း ထည့်သွင်းထားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံ၊ ယိုကိုဟားမားမွာ ငါးရွဥ့္ေၾကာင့္ လူ ၁၅၀ ေလာက္ အစာအဆိပ္သင့္ၿပီး အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၃၁
ဂ်ပန္ႏိုင္ငံ ယိုကိုဟားမားရွိ နာမည္ႀကီး စားေသာက္ဆိုင္တစ္ဆိုင္မွ ငါးရွဥ့္ကင္စားၿပီးလူ ၁၅၀ ေလာက္ အစာအဆိပ္ သင့္ခဲ့ၾကကာ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္လို႔ ဂ်ပန္က်န္းမာေရးအာဏာပိုင္ေတြက ဇူလိုင္ ၂၉ ရက္မွာ ေျပာ ၾကားခဲ့ပါတယ္။
အစာအဆိပ္သင့္မႈဟာ ဂ်ပန္ႏိုင္ငံရဲ႕ဒုတိယ လူဦးေရအမ်ားဆုံး ၿမိဳ႕ႀကီးျဖစ္တဲ့ ယိုကိုဟားမားရွိ နာမည္ႀကီး စားေသာက္ဆိုင္ Nihonbashi Unagi Isesada မွ ထုတ္လုပ္တဲ့ငါးရွဥ့္ကင္ကို စားေသာက္မိျခင္းမွ ျဖစ္ပြားခဲ့ျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အဆိုပါစားေသာက္ဆိုင္ရဲ႕ဆိုင္ခြဲေတြပါ ဇူလိုင္ ၂၉ ရက္က ပိတ္ခဲ့ရတယ္လို႔ ျပည္သူ႔ က်န္းမာေရးစင္တာက ေျပာၾကားခဲ့ပါတယ္။
ဇူလိုင္ ၂၅ ရက္ နံနက္က ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္း လကၡဏာေတြနဲ႔ ေဆး႐ုံေရာက္လာတဲ့လူႏွစ္ဦးရဲ႕ စစ္ေဆးခ်က္ေတြကေနတစ္ဆင့္ အစာအဆိပ္သင့္မႈရင္းျမစ္ကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ ျဖစ္ပုံအေၾကာင္း ကေတာ့ Nihonbashi Unagi Isesada စားေသာက္ဆိုင္မွ ထုတ္လုပ္တဲ့ ငါးရွဥ့္အစားအစာမွတစ္ဆင့္ Staphylococcus aureus လို႔ေခၚတဲ့ အေရျပားေပၚမွာ ေတြ႕ရေလ့ရွိၿပီး ကူးစက္တတ္တဲ့ ဘတ္တီးရီးယားတစ္မ်ိဳး ကူးစက္ခံရပုံရတယ္လို႔ သိရပါတယ္။
စားေသာက္ဆိုင္ဟာ အဆိုပါေဆာ့စ္ႏွစ္ၿပီးသား ငါးရွဥ့္ကင္ ၁,၇၆၁ အပိုင္းကို ဇူလိုင္လ ၂၄ ရက္နဲ႔ ၂၅ ရက္မွာ ေရာင္းခ်ခဲ့ၿပီး ၎တို႔ထဲက အနည္းဆုံး အခု ၄၅၀ မွာ သက္တမ္းကုန္ဆုံးရက္ေတြကို မွားယြင္းစြာ တံဆိပ္ကပ္ ထားၿပီး ဓာတ္မတည့္မႈအခ်က္အလက္ကိုလည္း ထည့္သြင္းထားျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။